Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်တပ်က ဆင့်ပွားပေါက်ကွဲစေတဲ့ ကလပ်စတာဗုံးတွေသုံး တိုက်ခိုက်နေတယ်လို့ ရွှေကူ KPDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ် ၊၊ ။ (The...

သတင်း

ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနက ဦးဆောင်ကျင်းပတဲ့ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဩဂုတ် ၂၇ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုမှာ ကျင်းပခဲ့ရာ KNU ဗဟို တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းနဲ့ KNLA တပ်မှူးတွေ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ်အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်း နယ်မြေလုံခြုံရေး အကြောင်းပြ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ဒီက​နေ့ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး လက်နက်တွေသိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းလက်နက်ကိုင်တပ်အချင်းချင်းအကြား တိုက်ပွဲများအတွင်း ပါဝင်ခြင်းလုံး၀မရှိကြောင်း ချင်းညီနောင်၏ မဟာမိတ်တပ်များဖြစ်သော ယောတပ်တော်နှင့် အညာညီနောင် တပ်များက ထုတ်ပြန်ကြေညာ အသိပေးသည်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲ နောက်ဆုံးလက်ကျန် ခလရ(၁၃၅)တပ်ရင်း၏ ကာကင်းနေရာများကို ဆက်လက်သိမ်းပိုက်နေပြီး ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားအချို့ရှိကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းလေကြောင်းမှပါရာ​မော်တာ ပစ်ကူယူ၍ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုသည် ကနီနှင့် ယင်းမာပင်မြို့နယ်ကြားသို့ရောက်ရှိလာပြီး ဘေးပတ်ဝန်းကျင်ကျေးရွာများအား လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည်။

သတင်း

မူးယစ်ဆေးအမှုမှ လာရောက်အဖမ်းခံခဲ့သူ တပ်ခွဲမှူးကျော်မင်းဇော် (ခ)ပုတီးကို စတင်စစ်ဆေးနေကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁၄၊ ၁၅)ဖြစ်သည့် Salingyi Special Task Force(SSTF)တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းသူတွေကို စစ်ကောင်စီက ဖမ်းဆီးနေပြီး ငွေမပေးနိုင်ရင် ထောင်ချနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ခွန်စိုင်ယန်တိုက်ပွဲအဖမ်းခံရသည့် KIAအရာရှိကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဆေးကုသပေးဟန် ဝါဒဖြန့်ပြီး သတ်ဖြတ်

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၃)မှာ အာဏာသိမ်းစစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ထိုင်းနိုင်ငံ စာမွတ်ခွန်ဆာမြို့နယ်ရှိ ကော်ဇွန်းထုတ်စက်ရုံတွင်အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရသည့် မြန်မာအလုပ်သမားများက အကူအညီတောင်း​သောကြောင့် ထိုင်းအလုပ်သမားရုံးသို့ တိုင်ကြားခဲ့ရာ စက်ရုံကိုစစ်ဆေးမှုများပြုလုပ်တော့မည်ဖြစ်ကြောင်း မြန်မာအလုပ်သမားများအရေး ကူညီစောင့်ရှောက်ပေးနေသည့် AAC မဟာမိတ်မှ ကိုရဲမင်းကပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့အတွင်းကို စစ်ကောင်စီတပ်တွေ ဒီကနေ့(ဇူလိုင်၁၃ရက်)မှာ စတင်ဝင်ရောက်နေပြီး မြို့အတွင်း မီးရှို့ဖျက်ဆီးမှုတွေလည်းရှိနေလို့ ရှုပ်ထွေးနေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို စစ်ကောင်စီက ယနေ့(ဇူလိုင် ၁၃ရက်) ည ၁၀နာရီခွဲတွင် လေကြောင်းမှ ထပ်မံ ဗုံးကြဲသွားပြန်သည်။

Facebook