Connect with us

Hi, what are you looking for?

သတင်း

မ်ိုးကုတ်ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးထပ်ကြဲ

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို စစ်ကောင်စီက ယနေ့(ဇူလိုင် ၁၃ရက်) ည ၁၀နာရီခွဲတွင် လေကြောင်းမှ ထပ်မံ ဗုံးကြဲသွားပြန်သည်။

၂၀၂၅ ဇူလိုင် ၉ ရက်ညက မိုးကုတ်မြို့အား လေကြောင်းမှ ဗုံးကြဲခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဇူလိုင်-၁၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို စစ်ကောင်စီက ယနေ့(ဇူလိုင် ၁၃ရက်) ည ၁၀နာရီခွဲတွင် လေကြောင်းမှ ထပ်မံ ဗုံးကြဲသွားပြန်သည်။

မိုးကုတ်မြို့အရှေ့ပိုင်းကို ဂျက်ဖ်ိုက်တာဖြင့် ဗုံးကြဲခြင်းဟု ဒေသခံများက ပြောသည်။

” အခုလေးတင်ကြဲသွားတာ။ ပေါက်ကွဲသံကျယ်လွန်းတယ်ဗျာ။ ထိတာခိုက်တာတွေ စိတ်ပူရတယ်”ဟု မိုးကုတ်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒေသခံများသည် ညပိုင်းပြင်ပသို့မထွက်ရဲ၍ ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

ဇူလိုင် ၈ရက်နှင့်ဇူလိုင် ၉ ရက်ညကလည်း မိုးကုတ်မြို့အား လေကြောင်းမှ ဗုံးကြဲခဲ့သည်။ ဇူလိုင် ၈ ရက်က မိုးကုတ်မြို့ အနောက်ပိုင်းရှိ ကိုယ်ပိုင်အထက်ပိုင်းကျောင်းအနီးကို စစ်ကောင်စီက ပေါင် ၅၀၀ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့၍ အရပ်သားသုံးဦး သေဆုံးခဲ့သည်။

မိုးကုတ်အပြင် တအာင်းတပ်မတော်(TNLA)ထိန်းချုပ်မြို့နယ်များကို စစ်ကောင်စီက လေကြောင်းမှ မကြာခဏ တိုက်ခိုက်နေသည်။ ယ‌နေ့နံနက်ပိုင်းကလည်း ကျောက်မဲမြို့ကို စစ်ကောင်စီက ဗုံးငါးလုံးကြဲချခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။