Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးရင် ဖမ်းဆီးပြီး ​ငွေမ​ပေးရင် ထောင်ချနေ

မန္တလေးမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းသူတွေကို စစ်ကောင်စီက ဖမ်းဆီးနေပြီး ငွေမပေးနိုင်ရင် ထောင်ချနေကြောင်း မြို့ခံတွေက ပြောပါတယ်။

စစ်​​ကောင်စီလက်​အောက်ခံရဲ​တွေက လိုင်စင်မဲ့ ဆိုင်ကယ်​တွေကို ဇွန်လအတွင်းဖမ်းဆီးခဲ့စဥ်။ ဓာတ်ပုံ-နယ်ခံ

ဇူလိုင်-၁၄၊၂၀၂၅။မေရီ/People’s Spring

မန္တလေးမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းသူတွေကို စစ်ကောင်စီက ဖမ်းဆီးနေပြီး ငွေမပေးနိုင်ရင် ထောင်ချနေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဇူလိုင်လဆန်းကတည်း​က မြို့ကြီးတွေမှာ လိုင်စင်မဲ့ယာဥ် ဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်က မန္တလေးမြို့လည်း အလားတူ ဖမ်းဆီးခဲ့ပြီး လိုင်စင်မဲ့ဆိုင်ကယ်၊သက်တမ်းလွန်ဆိုင်ကယ်စီးနင်းမိတဲ့လူငယ်အများအပြား ဖမ်းဆီးခံခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့လူငယ်တွေကို စစ်အုပ်စုက သိန်းချီငွေညှစ်လေ့ရှိပြီး မပေးနိုင်တဲ့သူတွေကိုတော့ ရဲစခန်းပို့တာ တရားစွဲဆိုပြီးနောက် ထောင်ချနေကြောင်း မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သူငယ်ချင်းတယောက် ကားနဲ့ပတ်ဖမ်းတဲ့အချိန်မိသွားတာ။ ထောင်တစ်နှစ်ကျသွားတယ်။”လို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်နေ လူငယ်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ထောင်ချရုံတင်မကဘဲ လိုင်စင်စစ်ရင်း စစ်မှုထမ်းအတွက်ပါ ဖမ်းဆီးတာတွေရှိနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့မှာ နေ့စဥ်ဆယ်ဖွဲ့ထက်မနည်း နေရာစုံ လှည့်လည်ဖမ်းဆီးနေကြောင်း၊ မနက်ခင်းနဲ့ညနေခင်း အလုပ်သွားအလုပ်ပြန်အချိန်တွေမှာပါ တမင်စောင့်ပြီး ဖမ်းဆီးနေလို့ နေ့စားအလုပ်သမားတွေ အခက်အခဲတွေ့နေရကြောင်း အလုပ်သမားတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က လိုင်စင်မဲ့ယာဥ်တွေနဲ့ သူတို့ကို လာရောက်တိုက်ခိုက်မှာစိုးရိမ်လို့ ဖမ်းဆီးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook