Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒရုန်းတန်ပြန်ရေးအတွက် ဆွီဒင်တိုက်လေယာဉ်တွေ ဖင်လန်မှာ ဖြန့်ကျက်ထားဖို့ သဘောတူ

ဒရုန်း ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် ဖင်လန်နိုင်ငံမှာ ဆွီဒင်ရဲ့ တိုက်လေယာဉ်တွေ ဖြန့်ကျက်သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Reuters

ဒရုန်း ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် ဖင်လန်နိုင်ငံမှာ ဆွီဒင်ရဲ့ တိုက်လေယာဉ်တွေ ဖြန့်ကျက်သွားမယ်လို့ သိရပါတယ်။

Gripen တိုက်လေယာဉ်တွေအပြင် ဒရုန်းတွေကို ခြေရာခံ ထောက်လှမ်းနိုင်တဲ့ ကောဗက် အသေးစား စစ်သင်္ဘော တချို့ကိုလည်း ဖင်လန်ဆီ ပေးပို့သွားဖို့ ဆွီဒင်က သဘောတူခဲ့ပါတယ်။ ဒါဟာ စကန်ဒီနေးဗီးယန်း ဒေသမှာ တည်ရှိပြီး NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သက်တမ်း အနုနယ်ဆုံး အဖွဲ့ဝင် နှစ်နိုင်ငံကြားမှာ ကာကွယ်ရေးဆိုင်ရာ အရေးပါတဲ့ ပူးပေါင်း ဆောင်ရွက်မှု တစ်ခုလည်း ဖြစ်လာပါတယ်။

ဆွီဒင်က ဖြည့်တင်းပေးမယ့် အကူအညီတွေဟာ နိုင်ငံ လေပိုင်နက်ရဲ့ လုံခြုံရေးအတွက် ကင်းလှည့်မှုနဲ့ ထောက်လှမ်းရေးတွေကို အဓိက တာဝန်ယူမှာ ဖြစ်ကြောင်း၊ ဒါကြောင့် ဖင်လန်ရဲ့ ကိုယ်ပိုင် စစ်လက်နက် အင်အားဟာ လေပိုင်နက် ကျူးကျော်မှုနဲ့ တခြားအခြေအနေတွေ ကြုံလာတဲ့အခါ ပိုပြီး အာရုံစိုက်လို့ ရလာမှာဖြစ်ကြောင်း ဖင်လန် စစ်တပ်က ဩဂုတ် ၂၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဖင်လန်ဟာ ရုရှားနဲ့ ကီလိုမီတာ ၁၃၄၀ လောက်ရှည်လျားတဲ့ နယ်စပ် ထိစပ်နေပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်းနဲ့ နယ်နိမိတ် ထိစပ်နေရာ NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ လေပိုင်နက်တွေထဲ ရုရှားဒရုန်းတွေ ကျူးကျော်လာတဲ့ ဖြစ်ရပ်တွေ အခါအားလျော်စွာ ကြုံတွေ့ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဒေသတွင်း လုံခြုံရေး အခြေအနေတွေ ယုတ်လျော့ပြီး စိုးရိမ်စရာ ဖြစ်လာချိန်မှာ ဖင်လန်က လေကြောင်းကာကွယ်ရေး စွမ်းအားကို မြှင့်တင်နိုင်ဖို့ အကူအညီ တောင်းခံခဲ့ပြီး ဆွီဒင်ဖက်ကလည်း တုံ့ပြန် ဖြည့်ဆည်းပေးခဲ့ကြောင်း ဆွီဒင် ကာကွယ်ရေးဝန်ကြီး ပဲလ်ဂျွန်ဆန်က ပြောကြားခဲ့ပါတယ်။

တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ အသုံးပြုပြီး ဖင်လန် လေပိုင်နက်ကို ကူညီစောင့်ကြည့်ပေးတာသာ မကဘဲ မြေပြင်အခြေစိုက် ဒရုန်းကာကွယ်ရေး စစ်လက်နက် စနစ်တွေကိုပါ ဆွီဒင်က ပေးပို့ဖွယ် ရှိတယ်လို့ သူက ဆိုပါတယ်။

ယူကရိန်းကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေအတွင်း ရုရှားဒရုန်းတွေဟာ ဖင်လန်၊ အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယား လေပိုင်နက်တွေထဲ လမ်းလွဲဝင်ရောက်လာခဲ့ဖူးပါတယ်။ အဲဒီအခြေအနေတွေက ယူကရိန်း စစ်ပွဲဟာ NATO ပိုင်နက်ထဲထိ ပျံ့နှံ့ရိုက်ခတ်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

Gripen တိုက်လေယာဉ်တွေနဲ့ တခြားစစ်လက်နက်တွေ ထုတ်လုပ်တဲ့ ဆွီဒင်ရဲ့ SAAB ကုမ္ပဏီက ဩဂုတ် ၂၈ ရက်နေ့မှာ သီးခြားကြေညာချက် ထုတ်ပြန်ရာမှာတော့ RBS 70 NG ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်တွေ ဝယ်ယူဖို့ ဖင်လန်ဆီကနေ ဒေါ်လာ ၁၂၆ သန်းတန် အမှာစာ လက်ခံရရှိထားကြောင်း အတည်ပြုထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းအတွက် ဒရုန်းတွေ ထောက်ပံ့ပေးနေတာနဲ့ ပတ်သက်ပြီး ဗြိတိန်ကို ရုရှားက သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။

သတင်း

စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်ပြည့်စုံစွာ တပ်ဆင်ထားတဲ့ တောင်ငူလေတပ်စခန်းဌာနချုပ်ကို Hybrid Ai Fusion Drone နဲ့စမ်းသပ် ပစ်လွှတ်တိုက်ခိုက်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ ဝရဇိန် တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။