Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်ရေနက်ဆိပ်ကမ်း လုံခြုံရေးစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်သား ၁၅ဦးခန့်သေ၊ လက်နက် ၈လက် သိမ်းရဟု DNLA ထုတ်ပြန်

တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ်အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်း နယ်မြေလုံခြုံရေး အကြောင်းပြ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ဒီက​နေ့ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး လက်နက်တွေသိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ − ဒူရက စစ်ကြောင်း)

ဩဂုတ်-၂၉၊ ၂၀၂၆။ထားမြတ်/People’s Spring

တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ်အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်း နယ်မြေလုံခြုံရေး အကြောင်းပြ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ဒီက​နေ့ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး လက်နက်တွေသိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်၂၉ရက် မနက် ၆နာရီလောက်မှာ စစ်တပ်စစ်ကြောင်းကို DNLAနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၁၅ဦးခန့် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်တပ်ထံက MA1 (၆) လက်၊ MA3 (၂)လက်နဲ့ ကျည်တွေ သိမ်းရခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနဲ့အတူ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ဆင်ရေးကို DNLA ရဲ့ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)၊ ကျားသစ်နက်၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု (DEF)၊ ကိုမြတ်သူအဖွဲ့နဲ့ ထားဝယ်ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဦး (DDPDF) တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိကာလဟာ တိုက်ပွဲရှိန်ပိုမြှင့်တင်ဖို့ ဆောင်ရွက်နေတာကြောင့် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ဖြစ်တဲ့ စစ်သား၊ စစ်မှုထမ်း တပ်သား၊ ပြည်သူ့စစ်နဲ့ ရဲတွေ အနေနဲ့ နီးစပ်ရာအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့လည်း သတိပေးထားပါတယ်။

တနိုင်ငံလံးအတိုင်းအတာ စစ်ရေးအရှိန်တိုးမြှင့်ဆောင်ရွက်နေချိန်ဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း စစ်ရေးအထူးသတိပြု သွားလာနေထိုင်ကြဖို့လည်း တိုက်တွန်းထားသလို တနင်္သာရီတိုင်းအတွင်း စစ်တပ်က အချိန်မရွေး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေလို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာတွေ လိုက်နာကျင့်ကြံဖို့ DNLA က တိုက်တွန်းထားပါတယ်။

ဒူရကစစ်ကြောင်းနဲ့ မဟာမိတ်တွေဟာ အရင်ကလည်းထားဝယ်ခရိုင်အတွင်းစစ်တပ် စစ်ကြောင်းတွေ၊တပ်စခန်းတွေကိုအထိနာအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ တပ်တွေဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။

သတင်း

၄ နှစ်အတွင်း အာဏာသိမ်းစစ်တပ်ထံက သိမ်းရခဲ့တဲ့ လက်နက်တွေကို ကရင်နီပြည်တပ်မတော် (KA) တပ်ရင်း (၅)က ထုတ်ပြလိုက်ပါတယ်။