Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်ရေနက်ဆိပ်ကမ်း လုံခြုံရေးစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်သား ၁၅ဦးခန့်သေ၊ လက်နက် ၈လက် သိမ်းရဟု DNLA ထုတ်ပြန်

တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ်အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်း နယ်မြေလုံခြုံရေး အကြောင်းပြ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ဒီက​နေ့ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး လက်နက်တွေသိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ − ဒူရက စစ်ကြောင်း)

ဩဂုတ်-၂၉၊ ၂၀၂၆။ထားမြတ်/People’s Spring

တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ်အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်း နယ်မြေလုံခြုံရေး အကြောင်းပြ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ဒီက​နေ့ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး လက်နက်တွေသိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်၂၉ရက် မနက် ၆နာရီလောက်မှာ စစ်တပ်စစ်ကြောင်းကို DNLAနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၁၅ဦးခန့် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်တပ်ထံက MA1 (၆) လက်၊ MA3 (၂)လက်နဲ့ ကျည်တွေ သိမ်းရခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနဲ့အတူ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ဆင်ရေးကို DNLA ရဲ့ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)၊ ကျားသစ်နက်၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု (DEF)၊ ကိုမြတ်သူအဖွဲ့နဲ့ ထားဝယ်ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဦး (DDPDF) တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိကာလဟာ တိုက်ပွဲရှိန်ပိုမြှင့်တင်ဖို့ ဆောင်ရွက်နေတာကြောင့် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ဖြစ်တဲ့ စစ်သား၊ စစ်မှုထမ်း တပ်သား၊ ပြည်သူ့စစ်နဲ့ ရဲတွေ အနေနဲ့ နီးစပ်ရာအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့လည်း သတိပေးထားပါတယ်။

တနိုင်ငံလံးအတိုင်းအတာ စစ်ရေးအရှိန်တိုးမြှင့်ဆောင်ရွက်နေချိန်ဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း စစ်ရေးအထူးသတိပြု သွားလာနေထိုင်ကြဖို့လည်း တိုက်တွန်းထားသလို တနင်္သာရီတိုင်းအတွင်း စစ်တပ်က အချိန်မရွေး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေလို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာတွေ လိုက်နာကျင့်ကြံဖို့ DNLA က တိုက်တွန်းထားပါတယ်။

ဒူရကစစ်ကြောင်းနဲ့ မဟာမိတ်တွေဟာ အရင်ကလည်းထားဝယ်ခရိုင်အတွင်းစစ်တပ် စစ်ကြောင်းတွေ၊တပ်စခန်းတွေကိုအထိနာအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ တပ်တွေဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စစ်ကောင်စီရဲ့ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်ကို ဒီကနေ့ အောက်တိုဘာ ၁၂ရက်မှာ ထုတ်ပြန်ခဲ့ရာ အောက်တိုဘာ ပထမပတ်အတွင်း အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၂ဦး ရှိတယ်လို့ အသိပေးပါတယ်။

သတင်း

အိန္ဒိယနဲ့နယ်စပ်လမ်းကို ထိုးစစ်ဆင်ဖို့ဆိုပြီး ဝင်လာတဲ့ စစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး လက်နက်ခဲယမ်းတွေ ယူဆောင် ထွက်ပြေးလာပြီး တမူးခရိုင် အမှတ်(၆)တပ်ရင်းထံ အလင်းဝင်လာပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား