Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ထဲ စစ်တပ်ပြန်ဝင်လာတယ်လို့​ ဒေသခံ​တွေ​ပြော

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့အတွင်းကို စစ်ကောင်စီတပ်တွေ ဒီကနေ့(ဇူလိုင်၁၃ရက်)မှာ စတင်ဝင်ရောက်နေပြီး မြို့အတွင်း မီးရှို့ဖျက်ဆီးမှုတွေလည်းရှိနေလို့ ရှုပ်ထွေးနေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

နောင်ချိုမြို့ တောင်ရပ်ကွက်အတွင်း ဇူလိုင် ၁၃ရက်တွေ့ရသော စစ်ကောင်စီလက်အောက်ခံ ရဲကားတစ်စီး။ ဓာတ်ပုံ - စကစ/တယ်လီဂရမ်

ဇူလိုင်-၁၃၊၂၀၂၅။/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့အတွင်းကို စစ်ကောင်စီတပ်တွေ ဒီကနေ့(ဇူလိုင်၁၃ရက်)မှာ စတင်ဝင်ရောက်နေပြီး မြို့အတွင်း မီးရှို့ဖျက်ဆီးမှုတွေလည်းရှိနေလို့ ရှုပ်ထွေးနေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

နောင်ချိုမြို့နဲ့ မိုင်(၂၀)ခန့်ကွာဝေးတဲ့ တောင်းခမ်းဒေသကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့(ဇူလိုင် ၁၃ရက်) ညနေပိုင်းမှာ မြို့တောင်ဘက်ကနေ မြို့အတွင်းကို စတင်ရောက်လာခဲ့တာလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ နောင်ချိုမြို့အတွင်းဝင်ရောက်ချိန်မှာ မြို့ရှိ ဌာနဆိုင်ရာရုံးတွေနဲ့ နေအိမ်တချို့ကို လူတစ်စုက လိုက်လံမီးရှို့နေတယ်လို့ မြို့ပေါ်မှာအခြေအနေရှုပ်ထွေးနေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” မီးလိုက်ရှို့နေတဲ့ လူတစ်စုလည်း ရှိနေတယ်။ ပလောင်တွေ(TNLA)တွေလည်း မြို့ပေါ်မှာတော့ ရှိသေးတယ်ပြောတယ်။ ရှုပ်ထွေးနေတော့ သတင်းတွေကလည်း အမျိုးမျိုးထွက်နေတယ်”လို့ နောင်ချိုမြို့ခံ တစ်ဦးက ပြောပါတယ်။

နောင်ချိုမြို့ခံတစ်ဦးကလည်း” ပြန်ပေးချင်တဲ့ ပုံစံမျိုးဆိုတာ သိသာလွန်းပါတယ်။ ဒီအတိုင်းကြီး စစ်ဆင်လာတာကို ပြန်ထိုးစစ်ဆင်တယ်ဆိုတာမရှိဘူး။ ပြင်ဆင်ထားတာလည်း မရှိတဲ့ ပုံစံမျိုးဘဲ”လို့ သူရဲ့အမြင်ကို ပြောပါတယ်။

နောင်ချိုမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တအာင်းတပ်မတော်(TNLA)ရဲ့ ဒီကနေ့(ဇူလိုင် ၁၃ရက်) ညပိုင်းထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ရက်က တိုက်ပွဲအကြောင်းကိုသာ ထုတ်ပြန်ထားပါတယ်။

နောင်ချိုမြို့နယ်က ရွှေပြည်ညွန့်၊ ကျောက်တော၊ ကုန်းစံ၊ ပန်လန်းနဲ့ ကျောက်ကြမ်းကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီး (၁၈၂)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၅၇)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောင်ချိုမြို့တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး TNLAထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းစတင်ခဲ့တဲ့ ၂၀၂၄ ဇွန်လ ၂၅ရက်နေ့မှာဘဲ တအာင်းတပ်မတော်(TNLA)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက နောင်ချိုမြို့ကို ​နေ့ချင်းသိမ်းပိုက်ခဲ့ပါတယ်။ အခု ၁၀၂၇ အပိုင်း(၂) စတင်ခဲ့တဲ့ တစ်နှစ်​ကျော်မှာဘဲ စစ်ကောင်စီတပ်တွေက နောင်ချိုမြို့ထဲကို ပြန်ဝင်​ရောက်လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။