Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နောက်လမှာ အမေရိကန်၊ ဂျပန်တို့နဲ့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မယ်လို့ တောင်ကိုရီးယား ကြေညာ

မြောက်ကိုရီးယား နျူကလီးယား ခြိမ်းခြောက်မှုကို ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်ဖို့ ရည်ရွယ်ထားတဲ့ သုံးနိုင်ငံ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ စီစဉ်ထားတဲ့အတိုင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Getty Images

မြောက်ကိုရီးယား နျူကလီးယား ခြိမ်းခြောက်မှုကို ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်ဖို့ ရည်ရွယ်ထားတဲ့ သုံးနိုင်ငံ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ စီစဉ်ထားတဲ့အတိုင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

နောက်လထဲမှာ စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှုကို သတ်မှတ်ထားတဲ့အတိုင်း လုပ်ဆောင်သွားမယ်လို့ ဩဂုတ် ၂၈ ရက်နေ့မှာ တောင်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ရဲ့ ရန်လို ခြိမ်းခြောက်မှုတွေကို လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့ပြီး နောက်တစ်နေ့မှာ တောင်ကိုရီးယားဆီက အခု ကြေညာချက်လည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မကြာသေးခင်ကတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ အမေရိကန်-တောင်ကိုရီးယား ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုကို မူလလျာထားတာထက် အတိုင်းအတာ ပမာဏရော၊ ကြာမြင့်ချိန်ပါ လျှော့ချပြီး လုပ်ဆောင်ခဲ့ရပါတယ်။ အီရန်စစ်ပွဲမှာ တောင်ကိုရီးယားက ပါဝင်တိုက်ခိုက်ဖို့ ငြင်းဆိုခဲ့တဲ့အတွက် အဲဒီလို ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ သဘောမျိုး နောက်ပိုင်းမှာ ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

ဒါပေမဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ စတင်မယ့် Freedom Edge သုံးနိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကတော့ မူလ လျာထားတဲ့အတိုင်း ဆက်လက် အကောင်အထည် ဖော်ဖြစ်မယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စုစုပေါင်း ၅ ရက်ကြာမြင့်မယ့် စစ်ရေးလေ့ကျင့်မှုကို ဂျယ်ဂျူကျွန်း ကမ်းလွန်ရေပြင်မှာ လုပ်ဆောင်သွားမှာပါ။ စစ်ရေးလေ့ကျင့်မှုဟာ ခုခံကာကွယ်မှုကိုသာ အသားပေးထားမှာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ အဓိက ရည်ရွယ်ကြောင်း တောင်ကိုရီးယားက ဆိုပါတယ်။

မြောက်ကိုရီးယားကတော့ အဲဒီ သုံးနိုင်ငံ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ဟာ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ အင်အားပြ ခြိမ်းခြောက်မှု တစ်ခုအဖြစ် စွပ်စွဲ ဝေဖန်ထားဖူးပါတယ်။

ပထမဆုံးအကြိမ် Freedom Edge စစ်ရေးလေ့ကျင့်မှုကို ၂၀၂၄ ခုနှစ် ဇွန်လတုန်းက ပြုလုပ်ခဲ့ပြီး လက်ရှိအကြိမ်ကတော့ စတုတ္ထမြောက် ဖြစ်လာမှာပါ။ အရင် လေ့ကျင့်မှု ၃ ကြိမ်တုန်းကတော့ သုံးနိုင်ငံ ရေတပ်နဲ့ လေတပ်တွေ ပူးပေါင်းပြီး ပဲ့ထိန်းနဲ့ တိုက်ချင်းပစ် ဒုံးကျည် ကြားဖြတ် တားဆီးရေး၊ ရေငုပ်သင်္ဘောဖျက် စစ်ဆင်ရေး၊ ထောက်လှမ်းရေး အစီအမံတွေ အဆင့်မြှင့်နိုင်အောင် လေ့ကျင့်ခဲ့ကြပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို ဝင်ရောက် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်သမ္မတရဲ့ အလည်အပတ် ခရီးစဉ် မတိုင်ခင် တစ်ရက်မှာ မြောက်ကိုရီးယားက နိုင်ငံရဲ့ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေမယ့်အကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။