Hi, what are you looking for?
ကုန်ကြမ်းသွင်းကုန်ပါမစ် ရရှိဖို့ ခက်ခဲတာနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍကျဆင်းလာတာကြောင့် ထုပ်ပိုးမှုလုပ်ငန်းတွေ ပိတ်သိမ်းရတော့မယ့် အခြေအနေ ရင်ဆိုင်နေရပြီလို့ သက်ဆိုင်ရာ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
ဇွန်-၆၊၂၀၂၅။ထားမြတ်/People’s Spring မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ် ၊ကျက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲခဲ့၍ သံဃာတပါး ပျံလွန်တော်မူခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။ ဇွန်လ၅ရက်ညနေ ၅နာရီ ၁၇မိနစ်အချိန်တွင်တံတားဦးတက်ဂျက်ဖိုက်တာတစ်စီးဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ရာဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟုဖော်ပြသည်။ စစ်ကောင်ဆီကငလျင်ဘေးအကြောင်းပြပြီးအပ စ်အခတ်ရပ်စဲရေး ကြေညာချက်ကို ဇွန်လကုန်အထိ သက်တမ်းတိုးထားပြီးနောက်သပိတ်ကျင်းမြို့နယ်ကို ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ...
တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများ၌ ပညာရေးစနစ်ဖော်ဆောင်ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရကရေးဆွဲထားသည့်ပညာရေသင်ရိုးညွှန်းကို တအာင်းပြည်ပညာရေးကောင်စီ(TLEC) က ပြန်လည်ပြင်ဆင်ပြီး အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသည်။