Connect with us

Hi, what are you looking for?

သတင်း

မြန်မာစက်လှေ နစ်လို့ သန္တာကျောက်တန်း ပျက်စီးမှုတွေအတွက် ဘတ် ၁၂ သန်း နစ်နာကြေးတောင်းဖို့ ထိုင်းစီစဉ်

ဖူးခက်ကျွန်းမှာ သောင်တင်ရာက နောက်ဆက်တွဲ နစ်မြုပ်သွားတဲ့ မြန်မာ စက်လှေကြောင့် ရေအောက် သန္တာကျောက်တန်းတွေနဲ့ ဂေဟစနစ် ထိခိုက်ခဲ့မှုအတွက် ဘတ် ၁၂ သန်းထက်မနည်း နစ်နာကြေး တောင်းဆိုဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေပါတယ်။

Thai Enquirer

ဖူးခက်ကျွန်းမှာ သောင်တင်ရာက နောက်ဆက်တွဲ နစ်မြုပ်သွားတဲ့ မြန်မာ စက်လှေကြောင့် ရေအောက် သန္တာကျောက်တန်းတွေနဲ့ ဂေဟစနစ် ထိခိုက်ခဲ့မှုအတွက် ဘတ် ၁၂ သန်းထက်မနည်း နစ်နာကြေး တောင်းဆိုဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေပါတယ်။

MV Ayar Linn ရေယာဉ်ဟာ ဖူးခက်ရဲ့ မူခိုဆူရင် အမျိုးသား သဘာဝဥယျာဉ်အဖြစ် သတ်မှတ်ထားရာ ရေပြင်မှာ ဇွန်လ ၁ ရက်နေ့က သောင်တင်ပြီး နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။ ရေယာဉ် နစ်မြုပ်မှုကြောင့် ၁၅၀ စတုရန်း မီတာလောက် အကျယ်အဝန်းရှိတဲ့ သန္တာကျောက်တန်းတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နစ်မြုပ်ခဲ့တဲ့ ရေယာဉ်ပေါ်မှာ လူသုံးကုန် ပစ္စည်းအမျိုးအစားတချို့ တင်ဆောင်လာပြီး ဒီဇယ်ဆီပုံးတွေကတော့ ယိုစိမ့်မှု မရှိသေးဘူးလို့ အဲဒီနေရာမှာ ရှင်းလင်းရေး လုပ်ဆောင်နေတဲ့ ထိုင်းရေငုပ်သမားတွေက ပြောပါတယ်။ အာဏာပိုင်တွေက ဘိလပ်မြေအိတ် ၃၀၀၀ ကျော်ကြောင့် ပတ်ဝန်းကျင် ညစ်နွမ်းမှုတွေ ဖြစ်မှာကိုလည်း စိုးရိမ်နေပါတယ်။

ရေယာဉ်ရော၊ တင်ဆောင်လာတဲ့ ကုန်စည်တွေကိုပါ ဆယ်ယူဖယ်ရှားဖို့ ကြိုးစားနေပေမယ့်လည်း ရာသီဥတု ကြမ်းတမ်း ပြင်းထန်မှုတွေကြောင့် အခက်အခဲတွေ ကြုံနေရပါတယ်။ စက်လှေရဲ့ ဆီတိုင်ကီထဲက ဆီတွေကိုတော့ မယိုစိမ့်ခင်မှာ စုပ်ထုတ်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

သန္တာကျောက်တန်းတွေ ထိခိုက်ပျက်စီးမှုဟာ လှေရဲ့ ကိုယ်ထည် အောက်ဖက်မှာ အဓိက များပြားပြီး အပြာရောင် သန္တာကျောက် အမျိုးအစား တစ်ခုဟာ အဆိုးဆုံး ထိခိုက်မှုတွေ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ စုစုပေါင်း သန္တာကျောက်တန်း အပျက်အစီး ပမာဏရဲ့ ၈၀ ရာခိုင်နှုန်းဟာ အပြာရောင် သန္တာကျောက်တွေပါ။

ရေယာဉ်နစ်မြုပ်မှုမှာ စုစုပေါင်း သန္တာကျောက် အမျိုးအစား ၆ ခုလောက် ထိခိုက်မှုတွေ ခံခဲ့ရတယ်လို့လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက မှတ်ချက်ပေးထားပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။