ဇွန်-၆၊၂၀၂၅။ထားမြတ်/People’s Spring
မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ် ၊ကျက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲခဲ့၍ သံဃာတပါး ပျံလွန်တော်မူခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။
ဇွန်လ၅ရက်ညနေ ၅နာရီ ၁၇မိနစ်အချိန်တွင်တံတားဦးတက်ဂျက်ဖိုက်တာတစ်စီးဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ရာဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟုဖော်ပြသည်။
စစ်ကောင်ဆီကငလျင်ဘေးအကြောင်းပြပြီးအပ စ်အခတ်ရပ်စဲရေး ကြေညာချက်ကို ဇွန်လကုန်အထိ သက်တမ်းတိုးထားပြီးနောက်သပိတ်ကျင်းမြို့နယ်ကို ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
ဇွန်လ ၁ရက်က သပိတ်ကျင်းမြို့နယ်၄မိုင်ကန်သာ စာသင်ကျောင်းကိုလည်းစစ်ကောင်စီကဗုံးကြဲခဲ့သေးသည်။
ထိုအပြင် စစ်ကောင်စီသည် ဘုန်းကြီးကျောင်းများကိုပစ်မှတ်ထားတိုက်ခိုက်မှုဆက်လက်ပြုလုပ်နေခြင်းဖြစ်သည်။
ဇွန်လ ၃ရက်နေ့ မနက် ၁၁နာရီ ၅မိနစ်ကလည်းစဉ့်ကူးမြို့ပေါ် မြသိန်းတန်ဘုရားနှင့် ဘုန်းကြီးကျောင်းအား တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခဲ့ရာဘုန်းတော်ကြီးကျောင်းဆောင် ၂လုံး ပျက်စီးခဲ့သည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ဝေးရာတွင်နေထိုင်ကြရန်၊ လေကြောင်းရန်ကာကွယ်နိုင်ရေးအတွက်ပုန်းခိုကျင်းများတူးထားကြရန် ပြင်ဦးလွင်ခရိုင်ပကဖ က နှိုးဆော်ထားသည်။
ထိုအပြင်စစ်ကောင်စီဟန်ပြအပစ်ရပ် ကြေညာပြီး ဝါဒဖြန့်မှုကို ပြည်သူများမယုံကြရန် ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူကပြောကြားထားသည်။
စစ်ကိုင်းငလျင် အပြီး သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ၁၃ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကာ ပြည်သူ ၄၀ကျော် သေဆုံးကာ ၉၀ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်။
