Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာအာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်နိုင်ဖို့ အလှမ်းဝေးနေဆဲလို့ အာဆီယံအထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းရှိစစ်ကောင်စီတပ်စခန်း ငါးခုကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်ကြောင်း ဒေသခံစစ်ရေးသတင်းရင်း မြစ်နှင့် တာဝန်ရှိသူအချို့က လူထုနွေဦးသို့ ပြောကြားသည်။

သတင်း

စစ်ပွဲများတွင် သမားရိုးကျလက်နက်များဖြင့်သာမကဘဲ အဆိပ်သင့်စေသော ဓာတုပစ္စည်းများကို စစ်လက်နက်များတွင် တပ်ဆင်ပစ်ခတ်ခြင်းကြောင့် စစ်ဘက်ဆိုင်ရာပစ်မှတ်များအပြင် အရပ်သားများပါ သေကျေဒဏ်ရာရလေ့ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) ထုတ်ပြန်ခဲ့ပြီးဓါတုလက်နက်များ၏ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး အကြံပြုချက်များ အသိပေးဖော်ပြသည်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ၊ ကမမောင်းမြို့ ရဲ့ အနီးတဝိုက်ကျေးရွာ တွေ လက်နက်ကြီး ပစ်ခတ်ခံရတာနဲ့ လေကြောင်းတိုက်ခိုက်ခံရတာတွေကြောင့် ဒေသခံတွေဟာ သံလွင်မြစ် တဖက်ကမ်း လှိုင်းဘွဲမြို့နယ်ထဲက မြိုင်ကြီးငူ ဒေသဘက်ဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

စစ်လက်နက်ပစ္စည်းထုတ်လုပ်​ရေးစက်ရုံများရှိသည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်ပြီး အင်အား၂၀၀ကျော်ဖြင့် ခုခံနေသော ပုဂံကွဲစခန်းကို ထပ်မံသိမ်းယူတာကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

သတင်း

ကျားဖြန့်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်​ထောက်ဝန်ကြီး Mr. Liu Zhongyi ဟာ ဒီကနေ့ မနက်မှာ ကရင်ပြည်နယ်၊ မြဝတီမြို့ကို ရောက်ရှိနေပါတယ်။

သတင်း

ဗမာများကိုယ်တိုင် တော်လှန်ရေး၌ပါဝင်ပြီး စစ်အာဏာရှင်ကို တိုက်ခိုက်နေချိန်ဖြစ်ပြီး တိုင်းရင်းသားများကလည်း ကြိုးစားတိုက်ပွဲဝင်လျက်ရှိရာ မွန်တိုင်းရင်းသားများလည်း အစွမ်းကုန် ကြိုးစားကြရန် ဝါရင့် မွန်တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ(NMSP) ဥက္ကဋ္ဌ နိုင်ဟံသာက တိုက်တွန်းပြောကြားလိုက်သည်။

သတင်း

လောင်းလုံးမြို့နယ်ရှိ ယာဥ်ကျေးမှုထိန်းသိမ်းရေးဇုန်အဖြစ်သတ်မှတ်ထားသော သာဂရမြို့ဟောင်းရှိ မြို့ရိုးများကို လက်နက်ကိုင်လူတစ် စုက စက်ရန္တယားများသုံးကာ ဖြိုချဖျက်ဆီးနေသည်ကိုတွေ့ရပြီး ယင်းလုပ်ရပ်အား ရပ်တန်းကမရပ်ပါက ပြင်း ထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော် ဝါရီလ ၁၆ ရက်​နေ့တွင်သတိပေးချက် ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ရှေ့တန်းစစ်မျက်နှာပြင်မှ အလင်းဝင်ရန်စီစဥ်သည့် တပ်သားသစ် ၁၅ဦးခန့်ကို စစ်ကောင်စီတပ်က ရိုက်နှက်အကျဉ်းချခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မိုးဗြဲဇုန် တာဝန်ရှိသူက ပြောသည်။

သတင်း

တရုတ်အစိုးရဒုတိယဝန်ကြီးတစ်ဦးဟာ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေရဲ့ လူကုန်ကူးခြင်း ခံခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်လည်ခေါ်ယူရေးကိစ္စမှာ ကိုယ်တိုင် လက်ခံကြိုဆိုသွားဖွယ် ရှိနေကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၌ ယနေ့(ဖေဖော်ဝါရီ ၁၆ရက်)ညပိုင်းတွင် လေ ကြောင်းတိုက်ခိုက်ခံရမည်ဟူသော သတင်းများထွက်ပေါ်နေ၍ မြို့ခံများမှာ ညတွင်းချင်း တိမ်းရှောင်နေကြသည်။

Facebook