၏စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းရှိစစ်ကောင်စီတပ်စခန်း ငါးခုကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်ကြောင်း ဒေသခံစစ်ရေးသတင်းရင်း မြစ်နှင့် တာဝန်ရှိသူအချို့က လူထုနွေဦးသို့ ပြောကြားသည်။
စခန်းသိမ်းတိုက်ပွဲများ၌ စစ်ကောင်စီ နှင့် ပျူစောထီး သေဆုံး ထိခိုက်မှုများပြားပြီး အရှင်မိထားသူ ၃၀ ဦးခန့်ရှိသည်ဟု သိရသည်။
“လက်ရှိ သိမ်းထားနိုင်တာ။ကလေး-ဂန့်ဂေါလမ်းပိုင်းပေါ်မှာရှိတဲ့ စကစ စခန်းတွေဖြစ်တယ်။ပြောနိုင်တဲ့ စစ်ရေးအခြေအနေကတော့ ရန်သူစခန်းငါးခု သိမ်းထားနိူင်ပါတယ်”ဟုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
စစ်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်အရ တော်လှန် ရေးအင်အားစုဘက်ကသိမ်းထားသည့် စခန်းငါးခုမှာ ကမ္ဘားနီ၊ အောင်သာယာ (ရွာသစ်နဲ့ ရွာဟောင်း)၊ မှန်တော နှင့် ကြံသာရွာ တို့တွင် ရှိသောစစ်စခန်းများဖြစ်ကြောင်းသိရသည်။
“လက်နက်တော်တော်များများလည်းရထားပါ တယ်”ဟု ၎င်းကဆက်ပြောသည်။
ကလေးတောင်ပိုင်းရှိ စစ်ကောင်စီစခန်းများကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်တွင် စခန်းငါးခုကို သိမ်းပိုက်ထားနိုင်ခြင်းဖြစ်သည်။
စခန်းများသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီ၏ လေကြောင်းမှ တန်ပြန်ဗုံးကြဲ၍ ကျေးရွာ ၁၅ ရွာမှ ဒေသခံပြည်သူ တစ်သောင်းထက်မနည်း ထွက်
ပြေးတိမ်ရှောင်နေရသည်ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
“ရေရှင်၊အင်းကျွန်း၊ကျောက်ဆည်၊ ကုက္ကိုလ်၊ရှားတော နွားရွာ၊တင်သား၊ကျောက်ဖူး၊ဒိုးနွယ်၊ အရှေ့စည်း ၊မင်းလှ ၊ရှားဖို ၊မှန်တော၊ အောင်မဂ်လာ နဲ့ ဆည်တော ရွာတွေ က ပြည်သူတွေ တောထဲ စစ်ရှောင်နေကြရတယ်”ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းမှဗုံးကြဲမှုကြောင့်ကျော် နှင့် သံဖိုကျေးရွာမှ ကလေးငယ်နှင့် CDM ကျောင်းဆရာမအပါအဝင် ဒေသခံခုနှစ်ဦးသေဆုံးခဲ့သည်။
ဖေဖော်ဝါရီ၁၂ရက်နေ့မှ၁၆ရက်အထိစစ်ကောင်စီ သည် ကလေးမြို့နယ်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်းပြုလုပ်ထားပြီး ဗုံးအလုံးရေ ရာနှင့်ချီအသုံးပြုခဲ့သည်။
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့်ကလေးမြို့နယ်တွင် ပျော်ပွဲရွှင်ပွဲ၊အလှူပွဲ၊နာရေးကိစ္စများကို အကျဥ်းချုံးလုပ်ရန် နှင့် အသံချဲ့စက်လုံးဝ အသုံးမပြုရန် ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားမြစ် ထားသည်။
ထိုအပြင် ကလေးမြို့ပေါ်တွင် ဆန်စက်များမောင်းနှင်ပါက စစ်တပ်မှ ဒရုန်းသံ၊လေယာဥ်သံကောင်းစွာမကြားရ၍ ဖြစ်နိုင်ပါက စက်များရပ်တန့်ထားပေးရန် PDF အချို့က မေတ္တာရပ်ခံသည်။























































