Connect with us

Hi, what are you looking for?

သတင်း

TNLA ထိန်းချုပ်‌ထားသည့်ကွတ်ခိုင်မြို့၌ လေကြောင်းတိုက်ခိုက်မည်သတင်းကြောင့် မြို့ခံများ ညတွင်းချင်းတိမ်းရှောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၌ ယနေ့(ဖေဖော်ဝါရီ ၁၆ရက်)ညပိုင်းတွင် လေ ကြောင်းတိုက်ခိုက်ခံရမည်ဟူသော သတင်းများထွက်ပေါ်နေ၍ မြို့ခံများမှာ ညတွင်းချင်း တိမ်းရှောင်နေကြသည်။

ကွတ်ခိုင်မြို့ကို ၂၀၂၄ ဩဂုတ် ၅ရက်က ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူငါးဦးသေဆုံးခဲ့ပြီး မြို့မဈေးလည်း မီးလောင်ပျက်စီးခဲံသည်။ ဓာတ်ပုံ-TNLA

အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၌ ယနေ့ (ဖေဖော်ဝါရီ ၁၆ရက်)ညပိုင်းတွင် လေ ကြောင်းတိုက်ခိုက်ခံရမည်ဟူသော သတင်းများထွက်ပေါ်နေ၍ မြို့ခံများမှာ ညတွင်းချင်း တိမ်းရှောင်နေကြသည်။

” ညဦးပိုင်းကတည်းက သတင်းတွေထွက်လာတာ။ ညနက်လေ ပိုကြောက်လေပဲ။ ဒါကြောင့် ရှောင်ကြတယ်တော်တော်များများ”ဟု ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်မ‌တော်(TNLA)က ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာတွင် သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

” သတင်းက ထွက်နေတော့ မနေရဲကြဘူးဟုတ်တယ်။ ဘေးလွတ်မယ်ထင်ရာ ရှာဖွေ‌နေကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

TNLA နှင့်စစ်ကောင်စီသည် တရုတ်အစိုးရ၏ တိုက်တွန်းမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ယနေ့ ဖေဖော်ဝါရီ၁၆ရက်တွင် တွေ့ဆုံဆွေးနွေးနေကြသည်။ ဆွေးနွေးပွဲမတိုင်မီ ယမန်နေ့က TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအသုံးပြုပြီး ဗုံးအလုံးရေ ၂၀၀နီးပါး ကြဲချတိုက်ခိုက်ခဲ့သည်။ ‌

ယနေ့ ကူမင်းဆွေးနွေးပွဲတွင် စစ်ကောင်စီက အထက်စီးမှနေ၍ဆွေးနွေးနိုင်သလို TNLA ထိန်းချုပ်ဒေသများကိုလည်း တိုက်ခိုက်မှုများပိုမိုပြုလုပ်နေသည်ဟု TNLA အတွင်းရေးမှူးချုပ်ဗိုလ်ချုပ်တာဖုန်းကျော်က နံနက်ပိုင်းက ရေးသားထားသည်။ ဆွေးနွေးပွဲအခြေအနေကို လတ်တလောမသိရှိရသေးပေ။

ထို့အပြင် နောင်ချိုမြို့နယ်တွင် ယနေ့ တိုက်ပွဲပိုမိုပြင်းထန်နေသည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ရွှေဖီမြေသတင်းဌာနက ဒေသခံသတင်းရင်းမြစ်များကိုးကား၍ ရေးသားဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

Facebook