Hi, what are you looking for?
ကုန်ကြမ်းသွင်းကုန်ပါမစ် ရရှိဖို့ ခက်ခဲတာနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍကျဆင်းလာတာကြောင့် ထုပ်ပိုးမှုလုပ်ငန်းတွေ ပိတ်သိမ်းရတော့မယ့် အခြေအနေ ရင်ဆိုင်နေရပြီလို့ သက်ဆိုင်ရာ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
ဧပြီ-၂၇၊၂၀၂၅။ဇော်ရမ်း/People’s Spring ပဲခူးတိုင်း၊မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ဖွဲ့ နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အထိနာပြီးနောက်လေကြောင်းမှအပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်။ “စစ်ကြောင်းဝင်လာလို့ တိုက်ပွဲဖြစ်တာ။တော်တော်ကိုပြင်းပြင်းထန်ထန်ဖြစ်ပါတယ်။လေကြောင်းက တောက်လျောက်ကြဲနေတယ်”ဟုမင်းလှမြို့ခန်းတဦးကပြောသည်။ စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့်ရော၊ ရဟတ်ယာဥ်ဖြင့်ပါဗုံးကြဲနေပြီးတိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းသိရသည်။ မင်းလှမြို့နယ်တွင် ဧပြီ၂၃ရက်နေ့ကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှသေဆုံးဒဏ်ရာရသူများပြားခဲ့သည်။ထို့နောက်ပိုင်းမှစ၍ စစ်ကောင်စီစစ်ကြောင်းများထပ်မံဝင်ရောက်လာပြီးတိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။ စစ်ကောင်စီတပ်ကလေကြောင်းမှဗုံးကြဲခြင်း၊ပစ်ခတ်ခြင်း နှင့် လက်နက်ကြီး ပစ်ခတ်ခြင်း၊ဒရုန်းဖြင့် ဗုံးကြဲခြင်းများကြောင့်...