Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မောင်မယ်ရှောင်ရွာ စစ်တပ်စခန်းသိမ်းတိုက်ပွဲ လက်နက်မျိုးစုံ ၁၈လက်ရ

ထားဝယ်မြို့နယ် ၊မောင်မယ်ရှောင်ရွာအနီးစစ်ကောင်စီစခန်းသိမ်းပိုက်မှု စစ်သုံ့ပန်း ၁၅ဦးဖမ်းမိပြီးလက်နက်မျိုးစုံ၁၈လက် သိမ်းပိုက်ရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်သည်။

စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ၊စစ်သုံ့ပန်းများ နှင့် ​​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNLA တပ်မဟာ-၄

ဧပြီ-၂၇၊၂၀၂၅။သက်ဝေ/People’s Spring

ထားဝယ်မြို့နယ် ၊မောင်မယ်ရှောင်ရွာအနီးစစ်ကောင်စီစခန်းသိမ်းပိုက်မှု စစ်သုံ့ပန်း ၁၅ဦးဖမ်းမိပြီးလက်နက်မျိုးစုံ၁၈လက် သိမ်းပိုက်ရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်သည်။

KNLA တပ်မဟာ(၄)တပ်ရင်း(၁၂)၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်၊ ဓတယ်အမျိုးသားလွတ်မြောက်ရေးတပ်၊ ရေဖြူပကဖ တို့ပါဝင်သည့် ပူးပေါင်းတပ်သည် ဧပြီ ၂၆ရက် ညနေပိုင်းတွင် မောင်မယ်ရှောင်ရွာအနီးရှိ စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

KNUတပ်မဟာ(၄)၏ ထုတ်ပြန်ချက်တွင် သိမ်းပိုက်ရရှိထားသည့် လက်နက်ခဲယမ်းများ၊ဖမ်းမိစစ်သုံ့ပမ်းများ ၏ မှတ်တမ်းဓာတ်ပုံကိုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းပိုက်မှု အခြေအနေ များနှင့်ပတ်သက်ပြီး မေးမြန်းရန် KNU တပ်မဟာ(၄) ထားဝယ်ခရိုင် တာဝန်ရှိသူထံ ဆက်သွယ်နေဆဲဖြစ်သည်။

အဆိုပါ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က အရာရှိတစ်ဦးအပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့သည်။

“လေးယောက်က တိုက်ပွဲမှာ သေတာ။ ဗိုလ်ကြီးတော့ အဖမ်းခံရမှာကြောက်လို့ထင်တယ် သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်သေသွားတယ်”ဟု ထားဝယ်ခရိုင်က တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထိုစခန်းတွင်စစ်သား(၂၀ )ဝန်းကျင်ရှိပြီးကျန်စစ်သား ၁၆ဦးမှာ အလံဖြူထောင်လက်နက်ချခဲ့​ကြောင်း၊ ​တော်လှန်​ရေးတပ်က စခန်းကိုမီးရှို့ခဲ့​ကြောင်းစုံစမ်းသိရပါသည်။

တိုက်ပွဲဖြစ်နေစဉ် ဧပြီ ၂၆ ရက်နေ့လည်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲသဖြင့်ဇဟာကျေးရွာဘုန်းကြီးကျောင်းအနီး ဗုံးကျသဖြင့် ​ဒေသခံနှစ်ဦး သေဆုံးပြီး ဘုန်းကြီးနှစ်ပါးလည်း ဒဏ်ရာရခဲ့​ကြောင်း​ဒေသခံအချို့က ပြောသည်။

KNU တပ်မဟာ(၄)နှင့်တော်လှန်ရေးပူးပေါင်းတပ်များသည် ဧပြီ ၁၉ရက်ကလည်း မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ ထီးထာဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထီးထာ စခန်းသိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၅၄)နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ခေါင်းဆောင်တွေရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ ဂျပန်နိုင်ငံရှိ သတင်းမီဒီယာများ၊ သတင်းသမားများနဲ့ တွေ့ဆုံကာ SCEF စုဖွဲ့မှု အကြောင်း၊ ရှေ့လုပ်ငန်းစဉ် နဲ့ ရည်မှန်းချက်တွေကိုရှင်းလင်းပြောကြားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။