Connect with us

Hi, what are you looking for?

သတင်း

မန္တလေး Golden City ဟိုတယ်မှာ ရုပ်အလောင်း ၄ လောင်းထပ်တွေ့

မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ် မှာငလျင်ကြောင့်ပြိုကျခဲ့တဲ့ Golden City ဟိုတယ်အဆောက်အဦးကို ရှင်းလင်းရေးလုပ်ဆောင်ချိန်မှာ ရုပ်အလောင်း ၄ လောင်းထပ်မံတွေ့ရှိခဲ့တယ်လို့ မီးသတ်က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - မီးသတ်

ဧပြီ – ၂၇ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ် မှာငလျင်ကြောင့်ပြိုကျခဲ့တဲ့ Golden City ဟိုတယ်အဆောက်အဦးကို ရှင်းလင်းရေးလုပ်ဆောင်ချိန်မှာ ရုပ်အလောင်း ၄ လောင်းထပ်မံတွေ့ရှိခဲ့တယ်လို့ မီးသတ်က ထုတ်ပြန်ပါတယ်။

လမ်း ၃၀ ၊ ၇၁ လမ်းနဲ့ ၇၂ လမ်း ရှိ Golden City ဟိုတယ်ကို ရှင်းလင်းရေးလုပ်ဆောင်ချိန် ဧပြီ ၂၅ ရက် နဲ့ ၂၆ ရက်တွေမှာရုပ်အလောင်းအချို့ထပ်မံတွေ့ရတာပါ။

ဧပြီလ ၂၅ ရက်မှာ အမျိုးသား ၊ အမျိုးသမီး ရုပ်အလောင်း ၂ လောင်း ၊ ဧပြီလ ၂၆ ရက်မှာ အမျိုးသား ရုပ်အလောင်း ၂ လောင်း တွေ့ရတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

Golden City ဟိုတယ်ဟာ ဖွင့်လှစ်ဆဲ ဟိုတယ်မဟုတ်ဘဲ ပြန်လည်ပြုပြင်နေချိန်မှာ ငလျင်ကြောင့် ပြိုကျသွားတာဖြစ်ပြီး အစောင့် မိသားစုတွေ ပိတ်မိသေဆုံးကုန်တာလို့သိရပါတယ်။

” အခုက ရှင်းလင်းရေးလုပ်နေချိန်ထပ်တွေ့တာပေါ့”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

မန္တလေးမှာ ငလျင်ကြောင့် ပြိုကျသွားတဲ့ကွန်ဒိုတွေ၊ ဟိုတယ်တွေကိုဖြိုချနေပြီး ရှင်းလင်းရေးလုပ်ဆောင်နေချိန်မှာ ရုပ်အလောင်းတွေ ကို ထပ်မံတွေ့ရှိလာရတာပဲဖြစ်ပါတယ်။

ဆိုးဆိုးရွားရွား ပြိုကျပျက်စီးသွားတဲ့ Sky Villa ကွန်ဒိုမှာဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းဧပြီလ ၂၄ ရက်က ရုပ်အလောင်း ၄ လောင်းတွေ့ခဲ့ရပါသေးတယ်။

မီးသတ်ရဲ့စာရင်းတွေအရ Sky Villa ကွန်ဒို ပြိုကျမှုမှာ ဧပြီ ၂၄ ရက် အထိ ရှာဖွေတွေ့ရှိ သယ်ထုတ်နိုင်တဲ့ ရုပ်အလောင်း ၁၂၇ လောင်းထိရှိလာပြီဖြစ်ပြီး အသက်ရှင်လျက်တော့ ၅၂ ဦး ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။

အင်အားပြင်းငလျင်ကြီးကြောင့်တစ်မြို့လုံးနီးပါး ထိခိုက်ပျက်စီးသွားတဲ့ မန္တလေးမြို့မှာ ငလျင်အပြီး တစ်လပြည့်ခါနီးတဲ့အထိ ပြန်လည်ထူထောင်ရေးမလုပ်နိုင်သေးဘဲ အဆောက်အဦးအပျက်အစီးတွေကို ရှင်းလင်းနေရဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တ​လေးမြို့မှာ မေလ ၁၇ ရက်ည ၁၀ နာရီ ၂၅ မိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အား အသင့်အတင့်ရှိ ​မြေငလျင်လှုပ်ခတ်ချိန် မြင်ကွင်း​တွေပဲဖြစ်ပါတယ်။

ဆောင်းပါး

မန္တလေးမှာ ရာသီဥတုပူပြင်းလွန်းတာကြောင့် ကြောက်ကြောက်နဲ့ မျှော်ခဲ့ရတဲ့မိုးဟာ မေလ ၁ဝ ရက် ညနေပိုင်းမှာ တအုန်းအုန်းနဲ့ ချလာခဲ့ပါတယ်။ ကြောက်ကြောက်နဲ့ ဆိုတာက ငလျင်ကြီးကြောင့် ယိုင်နဲ့နေတဲ့အဆောက်အအုံတွေ မိုးရွာလို့ ပြိုကျမှာကို ကြောက်ကြတာပါ။ ထင်တဲ့အတိုင်းပါပဲ။

ဆောင်းပါး

ပူပြင်းလှတဲ့မန္တလေးရဲနေ့လယ်ခင်းရာသီဥတုအောက်မှာ ကွင်းပြင်ကျယ်ကြီးထဲက အပြိုအပျက် အုတ်တွေ၊ အင်္ဂတေပုံကြီးကြားထဲမှာ လူတွေ လသာနေတဲ့အလား ပြေးလွှားနေကြတယ်။

သတင်း

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အတွင်းကို စစ်ကောင်စီက အင်အားအများအပြားဖြည့်တင်းနေပြီး မန္တလေးတိုင်းအတွင်း စစ်ကြောင်းထိုး စစ်ရေးပြင်းထန်လာနိုင်ဖွယ်ရှိတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်လှန်ရေးတပ်တွေက သုံးသပ်ပြောဆိုပါတယ်။

Facebook