Connect with us

Hi, what are you looking for?

သတင်း

မင်းလှမြို့နယ်တွင်တိုက်ပွဲပြင်းထန်၊စစ်​ကောင်စီက လေကြောင်းမှ ဆက်တိုက် တိုက်ခိုက်​နေ

ဧပြီ-၂၇၊၂၀၂၅။ဇော်ရမ်း/People’s Spring

ပဲခူးတိုင်း၊မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ဖွဲ့ နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲပြင်းထန်​နေပြီး စစ်​ကောင်စီတပ်က အထိနာပြီး​နောက်လေကြောင်းမှအပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်။

“စစ်ကြောင်းဝင်လာလို့ တိုက်ပွဲဖြစ်တာ။တော်တော်ကိုပြင်းပြင်းထန်ထန်ဖြစ်ပါတယ်။လေကြောင်းက‌ တောက်လျောက်ကြဲနေတယ်”ဟုမင်းလှမြို့ခန်းတဦးကပြောသည်။

စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့်ရော၊ ရဟတ်ယာဥ်ဖြင့်ပါဗုံးကြဲနေပြီးတိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

မင်းလှမြို့နယ်တွင် ဧပြီ၂၃ရက်နေ့ကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှသေဆုံးဒဏ်ရာရသူများပြားခဲ့သည်။ထို့နောက်ပိုင်းမှစ၍ စစ်ကောင်စီစစ်ကြောင်းများထပ်မံဝင်ရောက်လာပြီးတိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်ကလေကြောင်းမှဗုံးကြဲခြင်း၊ပစ်ခတ်ခြင်း နှင့် လက်နက်ကြီး ပစ်ခတ်ခြင်း၊ဒရုန်းဖြင့် ဗုံးကြဲခြင်းများကြောင့် မင်းလှမြို့နယ်အတွင်းရှိ ရွာပေါင်း (၂၁)ရွာ မှ ပြည်သူ အိမ်ထောင်စုများစွာနေရပ်စွန့်ခွာထွက်ပြေးနေကြရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဧပြီ ၂၇ ရက်နေ့လယ်ပိုင်းတွင်းပုသိမ်လေတပ်မှတက်သောဂျက်ဖိုက်တာများဓနုဖြူ၊ဇလွန်၊ဟင်္သာတမြို့တို့ကိုဖြတ်၍ ပဲခူးတိုင်းဘက်သို့ မကြာခဏပျံသန်းနေသည်။မင်းလှမြို့တွင် စစ်ကောင်စီကစစ်ကြောင်းထပ်ထိုးရန်ပြင်ဆင်နေသည်ဟု သတင်းရရှိသည်။

ပဲခူးတိုင်းအနောက်ခြမ်း၊သာယာဝတီခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့်ဗုံးခိုကျင်းများအခိုင်အမာ တူးထားကြရန်၊လေယာဉ်သံ နှင့် သတင်းများကို အဆက်မပြတ် သတိထားရန်၊ ရပ်ရွာသားအချင်းချင်းရိုင်းပင်းစောင့်ရှောက်ကူညီကြရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)မှ လတ်တလော အခြေအ‌နေ လိုအပ်ချက် အရ ထုတ်ပြန်၊ဆောင်ရွက်မှုများတွင် လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်ကြရန်၊ ကာကွယ်ရေးရဲဘော်များ၏ စစ်ရေးလှုပ်ရှားမှုသတင်းများကို လျှို့ဝှက်ထားကြရန်။လုံခြုံရေးဂရုစိုက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို