Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ် ၊လဲချား နှင့်​ဒေသအချို့တွင်မိုးသီး​ကြွေ

မန္တလေး ၊စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြား၌ယနေ့(ဧပြီလ၂၇ရက်)ညနေပိုင်းတွင် မိုးသက်လေပြင်းကျခဲ့ပြီးမြို့နယ်အချို့တွင် မိုးသီးများကြွေကျခဲ့သည်။

CJ

ဇော်ရမ်း/People’s Spring

မန္တလေး ၊စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြား၌ယနေ့(ဧပြီလ၂၇ရက်)ညနေပိုင်းတွင် မိုးသက်လေပြင်းကျခဲ့ပြီးမြို့နယ်အချို့တွင် မိုးသီးများကြွေကျခဲ့သည်။

ရှမ်းပြည်နယ်တွင်ကလော၊အောင်ပန်း၊ လဲချားမြို့တို့အပါအဝင် မြို့နယ်အများအပြား၌ မိုးရွာခဲ့ပြီး မိုးသီးများ ကြွေကျခဲ့သည်။

https://www.facebook.com/LuduNwayOo/videos/4031858793703479

Public Service Announcement

Public Service Announcement

အလားတူမန္တလေးတိုင်းမိုးကုတ်မြို့တွင် မိုးသီးများကြွေခဲ့ပြီး မိုးလည်းသည်းထန်ခဲ့သည်။သို့သော်မန္တလေးမြို့ပေါ်တွင် မိုးရွာခြင်းမရှိခဲ့ဘဲ အပူချိန်အလွန်မြင့်တက်နေသည်။

ရန်ကုန်မြို့တွင်လည်း နာရီဝက်ခန့်အကြာ မိုးရွာခဲ့ပြီး ဧရာဝတီတိုင်းမှမြို့နယ်အချို့တွင်လည်း မိုးရွာခဲ့သည်။

ဧပြီလ​နောက်ဆုံးပါတ်တွင် နိုင်ငံတစ်ဝန်းအပူရှိန်ပြင်းထန်ပြီး ​ဒေသအချို့တွင် ပြည်သူအချို့အပူဒဏ်​ကြောင့် အပူရှပ်​သေဆုံးမှုများရှိသည်။

လေထုမတည် မငြိမ်ဖြစ်စဉ်ကြောင့်ဧပြီလကုန်ရက်ပိုင်းတွင် မြန်မာနိုင်ငံ ဒေသအများအပြားတွင် နေရာကွက်မိုးကြီးခြင်း၊ မိုးသက်လေပြင်းကျခြင်းတို့ ဖြစ်ပွားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိ‌ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

Facebook