Hi, what are you looking for?
လက်ယက်ကုန်း၊ အနန့်ပါ၊ ပဇီကြီး၊ မုန်လိုင်ခက်ဖြစ်စဉ်တွေလို့ပြောလိုက်တာနဲ့ အဲဒီဖြစ်စဉ်တွေကို ဇာတ်ကြောင်း ပြန်ပြောစရာမလိုအောင် ကျွန်တော်တို့မှတ်ဉာဏ်တွေထဲမှာ မှတ်မှတ်သားသားရှိနေကြပါတယ်။ ဘာဖြစ်လို့လဲလို့ မေးလာရင်တော့ လက်မရွံ့စစ်တပ်ရဲ့ ယုတ်မာရက်စက်မှုက ကမ်းကုန်နေလို့ပဲလို့ ဖြေပါမယ်။
ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က အကြီးပိုင်းတာဝန်ရှိသူ အမျိုးသမီးရဲဘော်တစ်ဦးရဲ့ Facebook အကောင့်ကနေ စမ်းရေမိုးကိုပေးကဖို့ ဇာတ်မင်းသားချမ်းသာကို တောင်းဆိုထားတဲ့ မှတ်ချက်(Comment )စကရင်ရှူတစ်ခု လူမှုကွန်ရက်မှာ ပြန့်လာပါတယ်။ ကွန်မြူနစ်ရဲဘော်တစ်ယောက်က စစ်အာဏာရှင်လက်အောက်က စစ်တပ်အလိုကြဝါဒဖြန့်အသုံးတော်ခံနေတဲ့ ဇာတ်မင်းသားကို အားပေးနေတာနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာဝေဖန်ခဲ့ကြတယ်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် အောက်စဖို့ဒ် နွမ်းပါးမှု နှင့် လူသားဖွံ့ဖြိုးတိုးတက်မှု အစအဦး တီထွင်လုပ်ဆောင်မှု (OPHI) တို့ပူးပေါင်းထုတ်ပြန်ခဲ့သည့် ဘက်စုံနွမ်းပါးမှုညွှန်းကိန်း (Multidimensional Poverty Index) အရ မြန်မာနိုင်ငံရှိလူဦးရေ၏ သုံးပုံတပုံ (၃၈.၃ ရာခိုင်နှုန်း)သည် ဆင်းရဲမွဲတေနေကြပါသည်။
ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။
အာဏာသိမ်းစစ်တပ်ဟာ အနယ်နယ်အရပ်ရပ်က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို အငြှိုးတကြီးနဲ့ လိုက်လံဖြိုဖျက်ဆီးနေပြန်ပါတယ်။ ရန်ကုန်က တောင်ဥက္ကလာပ၊ သာကေတ၊ ပဲခူးတိုင်းက ပဲခူးနဲ့ တောင်ငူ၊ ဧရာဝတီတိုင်းက ကျုံပျော်၊ စစ်ကိုင်းတိုင်းက ရေဦး၊ မကွေးတိုင်းက ရေစကြို စတဲ့ဒေသတွေက ဗိုလ်ချုပ်ကြေးရုပ်တွေ လိုက်လံဖြိုဖျက်နေတာပါ။ စစ်အုပ်စုဟာ ဗိုလ်ချုပ်ကြေးရုပ်တွေကို ဖြိုချရုံတင်မကဘဲ မြေမြှုပ်ပစ်ဖို့ပါ...