နိုင်ငံတကာ လွှတ်တော် စီးနင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ထရမ့်ကို စွဲချက်တင် ထရမ့်ဟာ လွှတ်တော်က ဆူပူအုံကြွမှုနဲ့ ပတ်သက်လို့ အောက်လွှတ်တော်မှာလည်း စွပ်စွဲပြစ်တင်ကြောင်း အဆိုတင်သွင်း ခံခဲ့ရတာကြောင့် အမေရိကန် နိုင်ငံသမိုင်းမှာ အဲဒီလို စွပ်စွဲ ပြစ်တင်မှုမျိုး နှစ်ကြိမ်တိုင် ရင်ဆိုင်ရတဲ့ ပထမဆုံး သမ္မတ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ဖူးပါတယ်။ LuduNwayOoဩဂုတ် 2, 2023
နိုင်ငံတကာ အိန္ဒိယ ရထားပေါ်မှာ လုံခြုံရေး အရာရှိက ပစ်ခတ်လို့ လူ ၄ ဦး သေဆုံး ဇူလိုင် ၃၁ ရက်က နိုင်ငံ အနောက်ပိုင်း၊ မဟာရက်ရှ်ထရာ ပြည်နယ်ထဲမှာ ဂျိုင်ပွာကနေ မွမ်ဘိုင်းဆီ ဦးတည် ခုတ်မောင်းနေတဲ့ ရထားပေါ်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ အနောက်ပိုင်းဒေသ ရထားပို့ဆောင်ရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ LuduNwayOoဩဂုတ် 1, 2023
နိုင်ငံတကာ ဝက်ဝံဝတ်စုံနဲ့ လူတွေကို လိမ်ညာပြသထားတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို တရုတ် တိရစ္ဆာန်ရုံ အသည်းအသန် ဖြေရှင်းနေရ ဓာတ်ပုံတစ်ပုံမှာတော့ ဝက်ဝံတစ်ကောင် မတ်တပ်ရပ်နေပုံကို ရိုက်ပြထားပြီး ‘လူတွေက ကျွန်တော် မတ်တတ်ရပ်တာ လူတစ်ယောက်နဲ့ တူလွန်းတယ်လို့ ပြောနေကြတယ်။ ခင်ဗျားတို့ ကျွန်တော့်ကို ကောင်းကောင်း နားမလည်ပါဘူး’လို့ အရွှန်းဖောက် နောက်ပြောင် ရေးသားထားခဲ့ပါတယ်။ LuduNwayOoဩဂုတ် 1, 2023
နိုင်ငံတကာ ရုရှား စခဲ့တဲ့ စစ်မီးဟာ ရုရှားမြေဆီ ပြန်ကူးစက်လာပြီလို့ ယူကရိန်း သမ္မတ သတိပေး နိုင်ငံနှစ်ခု စစ်ဖြစ်တဲ့အခါ နှစ်ဖက်စလုံးမှာ ထိခိုက်မှုတွေ ဖြစ်ပေါ်တတ်တာက သဘာဝကျတဲ့၊ မျှတတဲ့၊ မလွဲမသွေ ကြုံရမယ့် သဘောတရားလို့ သတ်မှတ်သင့်ကြောင်းလည်း ဇီလန်စကီးက ပြောပါတယ်။ LuduNwayOoဇူလိုင် 31, 2023
နိုင်ငံတကာ ပါကစ္စတန် နိုင်ငံရေး စုဝေးပွဲ တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး ၄၄ ဦးထက်မနည်း သေဆုံး အစ္စလာမ်မစ် ဘာသာရေး အခြေပြု ပါတီ တခုဖြစ်တဲ့ ဂျာမီရက် အူလီမာအီ အစ္စလာမ် ဖာဇဲလ်က ဦးဆောင်တဲ့ အခမ်းအနားတခုကို နိုင်ငံ အနောက်မြောက်ပိုင်း ဘာဂျူအာ ခရိုင်မှာ ကျင်းပနေတဲ့အချိန် ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ LuduNwayOoဇူလိုင် 31, 2023
နိုင်ငံတကာ ရုရှားကို ဆန့်ကျင်တဲ့ အနေနဲ့ ယူကရိန်းမှာ ခရစ္စမတ်နေ့ကို ရက်ပြောင်းလဲ သတ်မှတ် စစ်ပွဲကြောင့် ယူကရိန်းမှာ ရုရှား အော့သိုဒေါ့စ် ခရစ်ယာန် အယူဝါဒ လွှမ်းမိုးမှု လျော့ကျသွားတဲ့နောက်ပိုင်း ခရစ္စမတ်နေ့ကို ရက်ပြောင်းဖို့ ထောက်ခံမှုတွေလည်း ပိုမို အားကောင်းလာခဲ့ကြောင်း သိရပါတယ်။ LuduNwayOoဇူလိုင် 30, 2023
နိုင်ငံတကာ ထိုင်းတောင်ပိုင်းမှာ မီးရှူးမီးပန်းဂိုဒေါင် ပေါက်ကွဲမှုဖြစ်ပြီး လူ ၉ ဦးထက်မနည်းသေ၊ ထိခိုက်ပျက်စီးမှု အများအပြားဖြစ်ပေါ် ထိုင်းနိုင်ငံ တောင်ပိုင်းက စျေးတစ်ခုထဲက ဂိုဒေါင်မှာ ဇူလိုင် ၂၉ ရက်က အပြင်းအထန် ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ မလေးရှားနယ်စပ်နဲ့ မနီးမဝေးမှာရှိတဲ့ ဆွန်ကိုင်ကိုလော့ခ် မြို့လေးမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၁၅ ဦးထက်မနည်းလည်း ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ LuduNwayOoဇူလိုင် 30, 2023
နိုင်ငံတကာ ရုရှား၊ တရုတ် ကိုယ်စားလှယ်တွေနဲ့အတူ စစ်ရေးပြ ချီတက်ပွဲကို ရှုစားခဲ့တဲ့ ကင်မ်ဂျုံအန်း မြောက်ကိုရီးယား အစိုးရ မီဒီယာတွေ ဇူလိုင် ၂၈ ရက်က ထုတ်ပြန်ခဲ့တဲ့ သတင်းတွေအရ ခေါင်းဆောင်ကြီး ကင်မ်ဟာ ဧည့်သည်တော် ရုရှားနဲ့ တရုတ် ကိုယ်စားလှယ်တွေနဲ့အတူ ဗိုလ်ရှုခံ စင်မြင့်ကနေ အောင်ပွဲနေ့ စစ်ရေးပြ ချီတက်မှုတွေကို ရှုစားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ LuduNwayOoဇူလိုင် 29, 2023
နိုင်ငံတကာ နိုက်ဂျားက စစ်အာဏာသိမ်းမှုကို သမ္မတ ကိုယ်ရံတော်တပ် အကြီးအကဲ ဦးဆောင်ခဲ့ နိုက်ဂျားဟာ နှစ်အနည်းငယ်လောက် ကာလအတွင်းမှာ စစ်တပ် အာဏာသိမ်းမှုအောက် ကျရောက်သွားတဲ့ နောက်ဆုံး အနောက်အာဖရိက နိုင်ငံအဖြစ် မှတ်တမ်းဝင်လာပါတယ်။ မကြာသေးခင်ကလည်း မာလီ၊ ဘာကီနာဖာဆိုနဲ့ အီကွေတိုရီရယ်လ် ဂီနီရာ နိုင်ငံတွေမှာ စစ်တပ်တွေက အသီးသီး အာဏာသိမ်းခဲ့ကြပါတယ်။ LuduNwayOoဇူလိုင် 29, 2023
နိုင်ငံတကာ ဝန်ကြီးချုပ်သစ် ခန့်အပ်ရေးကိစ္စ ဩဂုတ် ၄ ရက်မှာ ပြန်ဆွေးနွေးဖို့ ထိုင်းလွှတ်တော် ရက်သတ်မှတ် လောလောဆယ်တော့ PTPဟာ ဖီထာကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုတုန်းက ကြုံခဲ့ရသလိုမျိုး အထက်လွှတ်တော် အမတ်တွေက ဝိုင်းဝန်း ဆန့်ကျင်ကြတဲ့ အခြေအနေကနေ ရှောင်လွှဲဖို့အတွက် လူမြင်ကွင်း နောက်ကွယ်မှာ ဘက်ပေါင်းစုံ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။ LuduNwayOoဇူလိုင် 28, 2023