Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အိန္ဒိယ ရထားပေါ်မှာ လုံခြုံရေး အရာရှိက ပစ်ခတ်လို့ လူ ၄ ဦး သေဆုံး

ဇူလိုင် ၃၁ ရက်က နိုင်ငံ အနောက်ပိုင်း၊ မဟာရက်ရှ်ထရာ ပြည်နယ်ထဲမှာ ဂျိုင်ပွာကနေ မွမ်ဘိုင်းဆီ ဦးတည် ခုတ်မောင်းနေတဲ့ ရထားပေါ်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ အနောက်ပိုင်းဒေသ ရထားပို့ဆောင်ရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အိန္ဒိယ ရထားပေါ်မှာ လုံခြုံရေး အရာရှိက ပစ်ခတ်လို့ လူ ၄ ဦး သေဆုံး
အိန္ဒိယ ရထားပေါ်မှာ လုံခြုံရေး အရာရှိက ပစ်ခတ်လို့ လူ ၄ ဦး သေဆုံး

အိန္ဒိယနိုင်ငံက ခုတ်မောင်းနေတဲ့ ရထားတစ်စီးပေါ်မှာ ရထား လုံခြုံရေး အရာရှိ တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဇူလိုင် ၃၁ ရက်က နိုင်ငံ အနောက်ပိုင်း၊ မဟာရက်ရှ်ထရာ ပြည်နယ်ထဲမှာ ဂျိုင်ပွာကနေ မွမ်ဘိုင်းဆီ ဦးတည် ခုတ်မောင်းနေတဲ့ ရထားပေါ်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ အနောက်ပိုင်းဒေသ ရထားပို့ဆောင်ရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ရထားရဲ့ လုံခြုံရေးဆိုင်ရာ အရာရှိ တစ်ဦးဖြစ်သူ ချီတန်ကူးမားက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးအပြင် ခရီးသည် သုံးဦးကိုပါ ပစ်သတ်ခဲ့တယ်လို့ အဲဒီ တာဝန်ရှိသူက ဆိုပါတယ်။ ကူးမားရဲ့ အဓိက ပစ်မှတ်ဟာ လုပ်ဖော်ကိုင်ဖက် တီကာရင် မီနာဖြစ်ကြောင်း၊ ဒါပေမဲ့ တခြား ခရီးသည်တွေလည်း ပစ်ခတ် ခံခဲ့ရကြောင်း သူက မှတ်ချက် ပေးခဲ့ပါတယ်။

ပစ်ခတ်မှု အပြီးမှာတော့ ကူးမားဟာ ရထားရပ်ဖို့ အရေးပေါ် သတိပေး စနစ်ကို ဖွင့်ခဲ့ပါတယ်။ ရထားရပ်သွားချိန်မှာ သူက ခုန်ချပြီး ထွက်ပြေးသွားပေမယ့် ရဲတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို လောလောဆယ်မှာ အတိအကျ မသိရသေးဘဲ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ဆိုပါတယ်။ ပစ်သတ်ခံရတဲ့ ခရီးသည်တွေ ဘယ်သူလဲ ဆိုတာကိုတော့ ရထားခရီးသည် စာရင်းနဲ့ တိုက်ဆိုင်ပြီး ပြန်လည် စစ်ဆေးနေပါတယ်။

ပြည်နယ် ရထားပို့ဆောင်ရေး ဌာန တာဝန်ခံ နီရက်ဂျ် ကူးမားက သေဆုံးသူတွေရဲ့ မိသားစုတွေဆီ နစ်နာကြေး ပေးချေသွားမှာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။