Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှား စခဲ့တဲ့ စစ်မီးဟာ ရုရှားမြေဆီ ပြန်ကူးစက်လာပြီလို့ ယူကရိန်း သမ္မတ သတိပေး

နိုင်ငံနှစ်ခု စစ်ဖြစ်တဲ့အခါ နှစ်ဖက်စလုံးမှာ ထိခိုက်မှုတွေ ဖြစ်ပေါ်တတ်တာက သဘာဝကျတဲ့၊ မျှတတဲ့၊ မလွဲမသွေ ကြုံရမယ့် သဘောတရားလို့ သတ်မှတ်သင့်ကြောင်းလည်း ဇီလန်စကီးက ပြောပါတယ်။

ရုရှား စခဲ့တဲ့ စစ်မီးဟာ ရုရှားမြေဆီ ပြန်ကူးစက်လာပြီလို့ ယူကရိန်း သမ္မတ သတိပေး
ရုရှား စခဲ့တဲ့ စစ်မီးဟာ ရုရှားမြေဆီ ပြန်ကူးစက်လာပြီလို့ ယူကရိန်း သမ္မတ သတိပေး

စစ်ပွဲဟာ ယူကရိန်း နယ်နိမိတ်ကို ကျော်လွန်ပြီး ရုရှားမြေပေါ် စတင်ကူးစက်လာပြီလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သတိပေး ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားရဲ့ မြို့တော် မော်စကိုမှာ ဒရုန်းတိုက်ခိုက်မှု တစ်ခုနဲ့ ကြုံတွေ့ခဲ့တာကို အကြောင်းပြုပြီး ဇီလန်စကီးက အခုလို သတိပေးခဲ့တာပါ။ ရုရှား သမ္မတ ဗလာဒီမာ ပူတင် အစပြုခဲ့တဲ့ ကျူးကျော်စစ်ပွဲဟာ ရုရှားကိုလည်း ပြန်လည် မီးဟပ်မယ်ဆိုတဲ့ အရှိတရားက ရှောင်လွှဲလို့ မရနိုင်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

နိုင်ငံနှစ်ခု စစ်ဖြစ်တဲ့အခါ နှစ်ဖက်စလုံးမှာ ထိခိုက်မှုတွေ ဖြစ်ပေါ်တတ်တာက သဘာဝကျတဲ့၊ မျှတတဲ့၊ မလွဲမသွေ ကြုံရမယ့် သဘောတရားလို့ သတ်မှတ်သင့်ကြောင်းလည်း ဇီလန်စကီးက ပြောပါတယ်။

ဇူလိုင် ၃၀ တုန်းက မော်စကို လေပိုင်နက်ထဲ ကျူးကျော် ရောက်ရှိလာတဲ့ ယူကရိန်း စစ်သုံးဒရုန်း ၃ စီးကို ပစ်ချခဲ့ကြောင်း၊ အဲဒီထဲက ၂ စီးဟာ ရုံးအဆောက်အအုံတွေပေါ် ပျက်ကျခဲ့ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒရုန်းတွေ ခြိမ်းခြောက်မှုကြောင့် မော်စကို မြို့တော်ခန်းမ အနောက်တောင်ပိုင်းမှာ ရှိနေတဲ့ ဗီနူကိုဗို လေဆိပ်ကိုလည်း ယာယီ ပိတ်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားက အထူးစစ်ဆင်ရေးလို့ နာမည်ခံထားတဲ့ ကျူးကျော်စစ်ပွဲကို အစပြုခဲ့တာ ၅၂၂ ရက် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ ရုရှား ခေါင်းဆောင်ပိုင်းက သူတို့ စတင်တဲ့ စစ်ပွဲဟာ သီတင်းပတ် အနည်းငယ်လောက် အကြာမှာ ပြီးဆုံးမယ်လို့ ယူခဲ့ဟန် ရှိပေမယ့် အမှားကြီး မှားခဲ့ကြောင်း၊ အချိန်ကြာလာတာနဲ့အမျှ စစ်ပွဲဟာ ရုရှားပိုင်နက်ထဲ ရွေ့လျား ကူးစက်လာမှာဖြစ်ပြီး ဒီအခြေအနေဟာ သဘာဝကျ၊ မျှတပြီး ရှောင်လွှဲလို့ မရတဲ့ ဖြစ်စဉ်တစ်ခုလို့ လက်ခံရမှာဖြစ်ကြောင်း ဇီလန်စကီးက ပြောကြားသွားပါတယ်။

မော်စကိုမြို့ဟာ ယူကရိန်း နယ်စပ်ကနေ ကီလိုမီတာ ၅၀၀ လောက် ကွာဝေးတဲ့ နေရာမှာ တည်ရှိပြီး ကျူးကျော်စစ်ပွဲ အစောပိုင်း ကာလတွေတုန်းက ပစ်မှတ်ထား တိုက်ခိုက် ခံရမှု မရှိသလောက် နည်းခဲ့ပါတယ်။ ဒါပေမဲ့ မကြာသေးခင် လပိုင်းတွေအတွင်း မော်စကို အပါအဝင် ရုရှားပိုင်နက် နယ်မြေ တော်တော်များများမှာ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပိုမို ထူထပ်လာနေတယ်လို့ ရုရှားက စွပ်စွဲ ပြောဆိုထားပါတယ်။

အထင်ရှားဆုံး ဖြစ်စဉ် တစ်ခုကတော့ မေလတုန်းက ယူကရိန်း ဒရုန်းနှစ်စီးဟာ မော်စကို မြို့လယ်က သမ္မတ ရုံးစိုက်ရာ ကရင်မလင် နန်းတော်နဲ့ ရုရှား လွှတ်တော် တဝိုက်ကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ကိစ္စပါ။ အဲဒီ တိုက်ခိုက်မှုဟာ ရုရှားသမ္မတ ပူတင်ကို လုပ်ကြံဖို့ ပစ်မှတ်ထားခဲ့တာဆိုတဲ့ ရုရှားရဲ့ စွပ်စွဲချက်ကိုတော့ ယူကရိန်းဖက်က အတိအလင်း ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။