Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှား၊ တရုတ် ကိုယ်စားလှယ်တွေနဲ့အတူ စစ်ရေးပြ ချီတက်ပွဲကို ရှုစားခဲ့တဲ့ ကင်မ်ဂျုံအန်း

မြောက်ကိုရီးယား အစိုးရ မီဒီယာတွေ ဇူလိုင် ၂၈ ရက်က ထုတ်ပြန်ခဲ့တဲ့ သတင်းတွေအရ ခေါင်းဆောင်ကြီး ကင်မ်ဟာ ဧည့်သည်တော် ရုရှားနဲ့ တရုတ် ကိုယ်စားလှယ်တွေနဲ့အတူ ဗိုလ်ရှုခံ စင်မြင့်ကနေ အောင်ပွဲနေ့ စစ်ရေးပြ ချီတက်မှုတွေကို ရှုစားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရုရှား၊ တရုတ် ကိုယ်စားလှယ်တွေနဲ့အတူ စစ်ရေးပြ ချီတက်ပွဲကို ရှုစားခဲ့တဲ့ ကင်မ်ဂျုံအန်း
ရုရှား၊ တရုတ် ကိုယ်စားလှယ်တွေနဲ့အတူ စစ်ရေးပြ ချီတက်ပွဲကို ရှုစားခဲ့တဲ့ ကင်မ်ဂျုံအန်း

ကြီးကျယ်ခမ်းနားတဲ့ စစ်ရေးပြ ချီတက်ပွဲ တစ်ခုကို ရုရှားနဲ့ တရုတ် နိုင်ငံတွေက စေလွှတ်တဲ့ သံတမန်တွေ ခြံရံပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တက်ရောက် ကြည့်ရှုခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရ မီဒီယာတွေ ဇူလိုင် ၂၈ ရက်က ထုတ်ပြန်ခဲ့တဲ့ သတင်းတွေအရ ခေါင်းဆောင်ကြီး ကင်မ်ဟာ ဧည့်သည်တော် ရုရှားနဲ့ တရုတ် ကိုယ်စားလှယ်တွေနဲ့အတူ ဗိုလ်ရှုခံ စင်မြင့်ကနေ အောင်ပွဲနေ့ စစ်ရေးပြ ချီတက်မှုတွေကို ရှုစားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ် စစ်ပွဲ ပြီးဆုံးခဲ့တဲ့ ဇူလိုင် ၂၇ ရက်ကို အောင်ပွဲနေ့လို့ သတ်မှတ်ပြီး နှစ်စဉ် တခမ်းတနား ကျင်းပလေ့ ရှိခဲ့ပါတယ်။ အခုနှစ်မှာတော့ အကြိမ် ၇၀ ပြည့် အောင်ပွဲနေ့ကို မြောက်ကိုရီးယားရဲ့ စစ်ရေး လက်တွဲဖော် နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့က အထူး ကိုယ်စားလှယ်တွေ စေလွှတ် ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ ရုရှား ကိုယ်စားလှယ် အဖွဲ့မှာတော့ ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူ ကိုယ်တိုင် ဦးဆောင်လာခဲ့ပါတယ်။ ဒါဟာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ရုရှား ကာကွယ်ရေး ဝန်ကြီးတစ်ဦး မြောက်ကိုရီးယားကို ပထမဆုံး ခြေချလာတာလည်း ဖြစ်ပါတယ်။

ပြုံယမ်းမှာ ကျင်းပခဲ့တဲ့ စစ်ရေးပြ ချီတက်ပွဲမှာတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေ၊ တိုက်ခိုက်ရေး ဒရုန်းတွေကို ထည်ထည်ဝါဝါ ခင်းကျင်း ပြသသွားခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်၊ ရွှိုင်ဂူနဲ့ တရုတ် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်သူ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အဖွဲ့ဝင် လီဟွန်ဇောင်းတို့ဟာ ဗိုလ်ရှုခံ စင်မြင့်မှာ တရင်းတနှီး စကားပြောနေရင်း မြောက်ကိုရီးယား တပ်သားတွေ၊ လက်နက်ကြီးတွေ စီတန်း ချီတက်သွားတဲ့ အချိန်တွေမှာ လက်ခုပ်လက်ဝါးတီး အားပေးနေကြတာကို တွေ့ရပါတယ်။

အခုအခမ်းအနားမှာ မြောက်ကိုရီးယားက အသစ်တီထွင်ထားတဲ့ ထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေး ဒရုန်းတွေကပါ အစွမ်းပြ ပျံသန်းခဲ့တယ်လို့ အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။ ရွှိုင်ဂူက မြောက်ကိုရီးယားရဲ့ စစ်အင်အားဟာ ကမ္ဘာပေါ်မှာ အတောင့်တင်းဆုံး အဆင့်မျိုးထိ ရောက်ရှိလာနေတယ်လို့ ကင်မ်ကို ချီးကျူးခဲ့ပြီး မဟာဗျူဟာနဲ့ ကာကွယ်ရေးဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်ဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ KCNAက ဆိုပါတယ်။

စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားမှာ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကန်ဆွမ်နမ်က မိန့်ခွန်း ပြောခဲ့ရာမှာ အမေရိကန်နဲ့ အပေါင်းအပါ နိုင်ငံတချို့ဟာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာအောင် ရည်ရွယ်ချက်ရှိရှိ ကြံဆောင်နေတာကြောင့် မြောက်ကိုရီးယားဟာ ဖြစ်လာနိုင်ခြေ အားလုံးအတွက် ကြိုတင်တွေးတော ပြင်ဆင်ပြီး စစ်အင်အား တောင့်တင်းအောင် ထူထောင်ထားမှာဖြစ်ကြောင်း ထည့်သွင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...