Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နိုက်ဂျားက စစ်အာဏာသိမ်းမှုကို သမ္မတ ကိုယ်ရံတော်တပ် အကြီးအကဲ ဦးဆောင်ခဲ့

နိုက်ဂျားဟာ နှစ်အနည်းငယ်လောက် ကာလအတွင်းမှာ စစ်တပ် အာဏာသိမ်းမှုအောက် ကျရောက်သွားတဲ့ နောက်ဆုံး အနောက်အာဖရိက နိုင်ငံအဖြစ် မှတ်တမ်းဝင်လာပါတယ်။ မကြာသေးခင်ကလည်း မာလီ၊ ဘာကီနာဖာဆိုနဲ့ အီကွေတိုရီရယ်လ် ဂီနီရာ နိုင်ငံတွေမှာ စစ်တပ်တွေက အသီးသီး အာဏာသိမ်းခဲ့ကြပါတယ်။

နိုက်ဂျားက စစ်အာဏာသိမ်းမှုကို သမ္မတ ကိုယ်ရံတော်တပ် အကြီးအကဲ ဦးဆောင်ခဲ့
နိုက်ဂျားက စစ်အာဏာသိမ်းမှုကို သမ္မတ ကိုယ်ရံတော်တပ် အကြီးအကဲ ဦးဆောင်ခဲ့

နိုက်ဂျားနိုင်ငံက အာဏာသိမ်းမှုကို ဦးဆောင်သူဟာ သမ္မတ ကိုယ်ရံတော်တပ်ရဲ့ အကြီးအကဲဖြစ်ကြောင်း အတည်ပြု ကြေညာလိုက်ပါတယ်။

သမ္မတ မိုဟာမက် ဘာဇွမ်ကို အခုသီတင်းပတ်ထဲမှာ နိုက်ဂျားစစ်သားတွေက ဖမ်းဆီးပြီး ဒီမိုကရေစီ အစိုးရကို ဖြုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ၂ ရက်လောက် ကြာတဲ့ထိ စစ်တပ် အာဏာသိမ်းမှုကို ဘယ်သူဘယ်ဝါ ဦးဆောင်တယ် ဆိုတာကို တိတိကျကျ မသိရပေမယ့် ဇူလိုင် ၂၈ ရက်မှာတော့ စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ အမာဒူ အက်ဘ်ဒရာမာနေက သမ္မတ ကိုယ်ရံတော်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဘ်ဒိုရာမာနေ ချီအာနီက နိုင်ငံရဲ့ စစ်အစိုးရသစ်ကို ခေါင်းဆောင်မယ်လို့ ကြေညာခဲ့ပါတယ်။

သမ္မတ ဘာဇွမ်ကို ကိုယ်ရံတော် တပ်တွေက ဖမ်းဆီး ဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ဘယ်သူက နိုင်ငံအကြီးအကဲနေရာကို ရယူမလဲ ဆိုတာနဲ့ ပတ်သက်လို့ စစ်တပ်ထဲမှာ အားပြိုင်မှုတွေ ရှိခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ နိုက်ဂျား စစ်တပ်ရဲ့ အက်ဘ်ဒူ ဆိုင်ဒီကူ အစ်ဆာက စစ်တပ် အာဏာသိမ်းမှုကို ထောက်ခံတယ်လို့ သဘောထား မှတ်ချက် ပေးခဲ့ပေမယ့် သူကိုယ်တိုင်က အာဏာသိမ်းဖို့ ဦးဆောင်ခဲ့တယ် ဆိုတာမျိုးတော့ လုံးဝ ပြောကြားမထားပါဘူး။

သမ္မတ ဘာဇွမ်ဟာ ပြင်သစ် ကိုလိုနီ ဘဝကနေ နိုက်ဂျားနိုင်ငံ လွတ်မြောက်လာတဲ့ နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဒီမိုကရေစီ ပြည့်ဝပြီး ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲကနေ အာဏာရလာသူ ဖြစ်ပါတယ်။ ခုတော့ သူ့ရဲ့ သမ္မတသက်တမ်း ၂ နှစ်အကြာမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နိုက်ဂျားမှာ အယ်လ်ကိုင်ဒါ၊ အိုင်အက်စ်တို့လို အကြမ်းဖက် အဖွဲ့ကြီးတွေကို သစ္စာခံတဲ့ လက်နက်ကိုင် စစ်သွေးကြွ သူပုန်တွေ လှုပ်ရှားနေပြီး အဲဒီ အခြေအနေကို ချီအာနီက အကြောင်းပြ ရမယ်ရှာပြီး အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ ဘာဇွမ်ရဲ့ လက်ထက်မှာ နိုင်ငံရဲ့ လုံခြုံရေး ဆုတ်ယုတ် အားနည်းသွားပြီး အကျိုးဆက် အနေနဲ့ စီးပွားရေး၊ လူမှုရေး ကဏ္ဍအားလုံး အနုတ်လက္ခဏာ ပြလာခဲ့ကြောင်း၊ ဒီအခြေအနေမျိုးကို ရှေ့ဆက် လက်သင့် မခံနိုင်တဲ့အတွက် သူက လုပ်သင့်တာကို လုပ်ခဲ့ကြောင်း ချီအာနီက ရုပ်မြင်သံကြားကနေတဆင့် တစ်နိုင်ငံလုံးကို မိန့်ခွန်း ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ၊ အနောက်အာဖရိက နိုင်ငံများ အစည်းအရုံးတို့ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက သမ္မတ ဘာဇွမ်ကို ပြန်လွှတ်ပေးပြီး တရားဝင် တင်မြှောက်ထားတဲ့ အစိုးရကို အသိအမှတ်ပြုဖို့ နိုက်ဂျားစစ်တပ်ကို တောင်းဆိုနေပါတယ်။

နိုက်ဂျားဟာ နှစ်အနည်းငယ်လောက် ကာလအတွင်းမှာ စစ်တပ် အာဏာသိမ်းမှုအောက် ကျရောက်သွားတဲ့ နောက်ဆုံး အနောက်အာဖရိက နိုင်ငံအဖြစ် မှတ်တမ်းဝင်လာပါတယ်။ မကြာသေးခင်ကလည်း မာလီ၊ ဘာကီနာဖာဆိုနဲ့ အီကွေတိုရီရယ်လ် ဂီနီရာ နိုင်ငံတွေမှာ စစ်တပ်တွေက အသီးသီး အာဏာသိမ်းခဲ့ကြပါတယ်။

၁၉၆၀ ပြည့်နှစ်မှာ ပြင်သစ် ကိုလိုနီ ဘဝက လွတ်မြောက်လာတဲ့နောက်ပိုင်း နိုက်ဂျားမှာ အာဏာသိမ်းမှု ၄ ကြိမ်ထက်မနည်း အထမြောက်ခဲ့ပြီး နောက်ထပ် မအောင်မြင်တဲ့ အားထုတ်မှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

အမေရိကန်ဟာ ဒေသတွင်းဟာ ဂျီဟတ်ဒ် အစွန်းရောက်ဝါဒ တိုက်ဖျက်မှု စစ်ဆင်ရေးတွေအတွက် နိုက်ဂျားက စစ်စခန်းတွေကို အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဇီလန်စကီးဟာ ဇာလုဇ်ညီကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူကရိန်း စစ်တပ်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီးက ငြင်းဆိုခဲ့တာကြောင့် ထုတ်ပယ်ခံရတဲ့ ခါးသီးတဲ့ လမ်းခွဲမှုမျိုးဆီ ဦးတည်လာနေတာလို့ ဆိုပါတယ်။

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။