Connect with us

Hi, what are you looking for?

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...

ကဗျာ

ဘဘဝ “ရမ်းစတိန်း အစည်းအဝေးက အဓိကပေးမယ့်သတင်းစကားကတော့ လက်နက်အကြီးစားတွေ ခေတ်ပိုမီတဲ့ လက်နက်တွေ ထောက်ပံ့ဖို့ပဲပေါ့၊ ဒီစစ်ပွဲဟာ ငါတို့ရဲ့ဂုဏ်သိက္ခာတန်ဖိုးအတွက် တိုက်နေတဲ့ပွဲတပွဲဖြစ်လို့ပဲ” လို့ Jens Stoltenberg ရဲ့ဒါဗို့စ်ဖိုရမ် ယူကရိန်းတပ်လှန့်သံက ငါ့ရွာထိ မြည် ဟီး လို့။ ငါ့နှလုံးရဲ့ညာဘက်ခြမ်းမှာ မြေပုံတပုံရှိတယ်။ အမြင့်ဘုံကို လမ်းညွှန်တယ်။...

ရသစာတမ်းငယ်

မြရဲလွင် (ဝေးလွင့်ငှက်) သမီးနဲ့ဇနီး လက်ကိုဆွဲပြီး အမေ့အိမ်တခါးကို ကျနော်ပြန်ခေါက်ခွင့် ရတဲ့အခါ အမေဟာ အပြုံးတွေနဲ့ ဆီးကြိုမယ်… အမေရဲ့ အကျွမ်းကျင်ဆုံးဟင်းလျာဖြစ်တဲ့ ငပိချက်စပ်စပ်ကို ကျနော့်ရဲ့ ညာလက်ငါးချောင်းနဲ့ အားပါးတရ ထိုင်စားနေတဲ့အခါ အမေဟာ ကျနော့်ကို ပြုံးပြုံးကြီးကြည့်ရင်း စကားတွေ ဖောင်ဖွဲ့နေလိမ့်မယ်။ အတုယောင်မရှိတဲ့ အမေ့ရဲ့မေတ္တာနဲ့...

ကဗျာ

ဇွဲမာန် တဘဝလုံးနီးမျှဗုဒ္ဓရဲ့ဝတ်လဲတော်ကို ဆင်မြန်းခဲ့တဲ့သူကကျောင်း သင်္ကန်း ပရိက္ခရာကို စွန့်ခဲ့တယ် သေနတ်ကို ရင်ဝယ်ပိုက်လို့..ယုံကြည်ချက်ကို ကျောမှာပိုးလို့..တောအထပ်ထပ် တောင်အသွယ်သွယ်ဖြတ်ကျော်ခဲ့တဲ့ တော်လှန်ခရီးကြမ်းမှာစစ်ချီသံတွေ မြိုင်ဆိုင်ခဲ့တယ်စစ်သည်တော်လို ကျင့်ကြံနေထိုင်ခဲ့တယ် ဗုဒ္ဓရဲ့သားတော်စစ်စစ်ဟာအမှန်တရားကို ဘုရားလို ဆည်းကပ်ခဲ့တယ်အမိမြေကို ဦးထိပ်ပန်ဆင်တတ်ခဲ့တယ်ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ခဲ့တယ် တဘဝလုံးနီးမျှတရားဓမ္မကိုလက်ကိုင်ထားခဲ့တဲ့သူကစစ်မြေပြင်မှာအမှုတော်ကို ရဲဝံ့စွာထမ်းရွက်ခဲ့တယ်မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တယ် တော်လှန်သူတို့ရဲ့သမိုင်းမှာသူရဲကောင်းတယောက်လို့အာဇာနည်တပါးလို့မော်ကွန်းလှလှ ရေးထိုးသွားခဲ့တယ်။...

ဝတ္ထုတို

မပိုးအိမ် အပြင်ဘက်မှာ နေရောင်ခြည်က သေလုမျိုးပါးပုံစံမျိုးနဲ့ အားနည်းနေခဲ့ပြီ။ ဒီ အခန်းကျဉ်းလေးထဲမှာတော့ အမှောင်ထုက နံရံတွေကို လာရောက် ပွတ်တိုက်နေကြတယ်။ အသေးငယ်ဆုံး ဖုန်မှုန့်လေးတွေတောင် လေထဲမှာ မကူးခတ်နိုင်တော့ဘဲ တိတ်ဆိတ် ငြိမ်သက်လို့။ ကျမ ခြေထောက်တွေကတော့ အပ်ချုပ်စက်ကို တချောက်ချောက်မြည်အောင် နင်းနေဆဲ။ တချက်ချင်း ကျလာတဲ့...

ကဗျာ

မှောင်ပြပြ တိုက်ခန်းကျဉ်းလေးထဲအိပ်နေတဲ့သားရဲ့ မျက်နှာကို ကြည့်ရင်းလမ်းထဲက ညဉ့်နက်ခွေးဟောင်သံတွေ ကြားတိုင်းအမေ့ရင်ခုန်သံဟာသေနတ်သံထက်တောင် ကျယ်လောင်နေခဲ့တယ်… စက္ကန့်တိုင်းမှာ‘ငါ့သားကို လုယူသွားကြမလား…’ ဆိုတဲ့ကြောက်ရွံ့မှုတွေနဲ့မိုးမလင်းနိုင်တဲ့ စိတ္တဇညပေါင်းများစွာကိုအမေ ဖြတ်သန်းခဲ့ရတယ်… အိမ်ရှေ့ အိမ်နောက်တိတ်ဆိတ်စွာ ကင်းစောင့်ရင်းတတ်သမျှ၊ မှတ်သမျှဆုတောင်းတွေနဲ့သားကို အမေ အကာအကွယ်ပေးနေခဲ့တယ်… လမ်းမပေါ်က သွေးစက်တွေကြားတောတောင်ထဲက သေနတ်သံတွေကြား‘ငါ့သားလေးရဲ့အသွေးအသားနဲ့အော်သံတွေများ ပါနေမလား…’ ဆိုတဲ့အိပ်မက်ဆိုးတွေကိုနိုးရက်နဲ့ ခံစားခဲ့ရတာလက...

ကဗျာ

▪︎ဂျွန်မိုး​ရေ ဆူးလေမှာ ဓာတ်ဖမ်းတယ်Focus က မပြတ်ဘူး။ အင်းလျားမှာ ဓာတ်ဖမ်းတယ်Focus က မပြတ်ပြန်ဘူး။ ငါ ညစ်နေတာ ဒီမနက် အိပ်ယာထမှတဲ့လားရန်ကုန်မှာ ရန်မကုန်သမျှတော့ရန်ကုန်ဟာ သူပုန်မြို့လုံးကျွတ် သူပုန်။ သေနတ်မှမရှိရင် အသက်မရှိတတ်တဲ့ကောင်တွေကထ ထ ဟောင်တယ်နွေဦးကို သွေးကြောင်မယ် အထင်နဲ့။ ဒင်းတို့ရဲ့ဟောင်သံတချက်တိုင်းမှာငါတို့က အောင်လံထူတော့ကြိုးတွေသာ...

Facebook