Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ပြည်သူ့တော်လှန်ရေးနဲ့ နံတောင် မစွတ်လောက်သည့် ဒေါ်လာ သန်း (၃၀)

ငွေစကြေးစ တတ်စွမ်းနိုင်တဲ့ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ ပုဂ္ဂိုလ်ကြီးတွေအနေနဲ့လည်း တော်လှန်ရေးအတွက် အဆုံးအဖြတ်ပမာ အရေးပါတဲ့ “ဘဏ္ဍာရန်ပုံငွေ” ကို ဆတက်ထမ်းပိုး လှူဒါန်း၊ ကူညီပေးကြဖို့ အထူးတိုက်တွန်း နှိုးဆော်အပ်ပါသည်ခင်ဗျား။

​ဒေါက်တာ​တေဇာစန်း

ဒီနေ့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ခုခံတွန်းလှန်စစ် (၆) လပြည့်အနေနဲ့ အစီရင်ခံစာ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒီအစီရင်ခံစာပါ အချက်အလက်တွေရယ်၊ အခြား ကျနော် ကိုယ်တွေ့ ကြားသိထားရတဲ့ အကြောင်းအရာတွေရယ်ကို အခြေပြုပြီး ဒီစာလေးကို တွေးဖြစ်၊ ရေးဖြစ်တယ်ဗျာ။

Public Service Announcement

ဒီနေ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် (၆) လပြည့် အစီရင်ခံစာပါတဲ့မှာ မှတ်သားဖွယ် အချက်အလက်အချို့ကတော့

၁။ NUG အနေနဲ့ စတင်ဖွဲ့စည်းကတည်းကနေ အခုချိန်ထိ ဘယ်ပြည်ပနိုင်ငံကမှ ငွေကြေး/လက်နက် အကူအညီ မရဖူးဘူး။

Public Service Announcement

Public Service Announcement

၂။ NUG ဟာ ကိုယ့်ပြည်တွင်းပြည်ပ ပြည်သူလူထုတွေက လှူဒါန်းထည့်ဝင်တဲ့ “အလှူငွေ” ကိုပဲ ခုချိန်ထိ လုံးလုံးလျားလျား အားပြုနေရတယ်။

၃။ အစိုးရ စဖွဲ့ချိန်ကနေ ဒီနေ့အထိ NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စုစုပေါင်း ရငွေ (တနည်း) အသုံးစရိတ် အမေရိကန်ဒေါ်လာ သန်း (၃၀) ခန့် သုံးစွဲနိုင်ခဲ့တယ်။ (နားလည်မှု မလွဲဖို့က ဒီဒေါ်လာ သန်း ၃၀ က အခု လက်ထဲရှိနေတယ်လို့ ပြောတာမဟုတ်ဘူး။ သုံးစွဲခဲ့ပြီးတာကို ဆိုလိုတာပါ)

၄။ ဒီ ဒေါ်လာသန်း (၃၀) ရဲ့ ၈၅ ရာခိုင်နှုန်းကို လက်နက်ခဲယမ်းမီးကျောက် ဝယ်ယူရေးနဲ့ ထုတ်လုပ်ရေးအတွက် သုံးစွဲခဲ့တာဖြစ်တယ်။ (နောက်ထပ် ၇ ရာခိုင်နှုန်းကို မဟာမိတ် ထောက်ပံ့ရေးအတွက် သုံးခဲ့တယ်)

၅။ အခုချိန်မှာ ခုခံတော်လှန်စစ်အတွက် အဓိက လိုအပ်ချက်နဲ့ အဆုံးအဖြတ်သဖွယ် ဖြစ်နေတာက “ဘဏ္ဍာရန်ပုံငွေ” အလုံအလောက် ရရှိရေး ဖြစ်တယ်။

၆။ အခု သူတို့ ရရှိပြီး သုံးစွဲနိုင်ခဲ့တဲ့ ဒေါ်လာ သန်း (၃၀) ဆိုတဲ့ ငွေဟာ တကယ် လိုအပ်တဲ့ ပမာဏနဲ့ ချိန်ထိုးလိုက်မယ်ဆို အဝေးကြီးလိုနေသေးတယ်။

၇။ NUG အနေနဲ့ ခုခံတွန်းလှန်စစ်အတွက် စစ်ရေးစစ်ရာအားလုံးကို မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) တွေက စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ကြီးတွေရဲ့ ဦးဆောင်မှုနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။

၈။ NUG အနေနဲ့ စစ်ရေးကိစ္စ အဝဝကို ဒီမဟာမိတ်အဖွဲ့အစည်းတွေက စစ်ရေးခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့အတူ စစ်မဟာဗျူဟာ၊ စစ်စီမံချက်များ ရေးဆွဲချမှတ်ပြီး စနစ်တကျ အကောင်အထည် ဖော်နေတယ်။

၉။ ငွေကြေးလိုအပ်ချက်ကြောင့် အကန့်အသတ်နဲ့သာ ရှိနေသေးတဲ့ လက်နက်ခဲယမ်းကို ခေါင်းဆောင်တွေ ချမှတ်ထားတဲ့ စစ်မဟာဗျူဟာ စီမံချက်တွေအရ ဦးစားပေး နယ်မြေဒေသအလိုက် တဆင့်ပြီးတဆင့် တပ်ဆင်ဆောင်ရွက်နေတာ ဖြစ်တယ်။

———–

ဒီအတိုင်းဆိုရင်တော့ ကျနော်တို့ ပြည်သူ့တော်လှန်ရေးရဲ့ အဓိက အဆုံးအဖြတ်ဟာ “ဘဏ္ဍာရန်ပုံငွေ” လို့ ကောက်ချက်ချလို့ ရနိုင်ပါတယ်။ ကျနော် ကိုယ်တွေ့ ကြားရသိရတဲ့ အတွေ့အကြုံတွေ၊ အခြားသော သတင်းရင်းမြစ်တွေအရဆိုရင်လည်း “ငွေ” က လုံးဝ အခရာကျ၊ အရေးပါနေတယ်ဆိုတာ လုံးဝ ပေါ်လွင်နေပါတယ်။

ကျနော် ကိုယ်တိုင် ကြားခဲ့၊ မှတ်သားခဲ့ဖူးတာတစ်ခုပဲ ပြောမယ်ဗျာ။ PDF တပ်မတော် တပ်ရင်း (၁) ရင်း စတင်တည်ထောင်ရေး၊ လက်နက်ခဲယမ်းအပါအဝင် လိုအပ်တာ အပြည့်အစုံ တပ်ဆင်နိုင်ရေးအတွက် အနိမ့်ဆုံး ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ (၂ သန်း မှ ၃ သန်း) ထိ ကုန်ကျပါမယ်တဲ့။ ဒါက တတ်သိနားလည်တဲ့ ပညာရှင်တွေ၊ ဝါရင့်စစ်ရေးခေါင်းဆောင်တွေက လက်ရှိဈေးနှုန်းအခြေအနေအားလုံးကို အခြေခံပြီး ခန့်မှန်း တွက်ချက်ပြထားတာပါတဲ့။

နှစ်ပေါင်း (၆၀) လောက် စစ်တိုက်လာတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းကြီး (ERO) တစ်ခုရဲ့ ခေါင်းဆောင်ကြီးတစ်ဦးက ပြောတာကိုလည်း Online တွေ့ဆုံပွဲတခုမှာ ကျနော် နားနဲ့ဆက်ဆက် ကြားခဲ့ဖူးပါတယ်။ ယခုကာလ၊ ယခုအခြေအနေ၊ ဒီနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီကို စစ်ရေးအရ ထိထိရောက်ရောက် တိုက်ပွဲဝင်နိုင်ဖို့ဆို အနည်းဆုံး လစဉ်ကုန်ကျစရိတ် (Monthly Cost) က အမေရိကန်ဒေါ်လာ (၁၅) သန်းကနေ သန်း (၃၀) လောက်ထိ လိုပါမယ်တဲ့။ အဲ့လောက် သုံးနိုင်မယ်ဆိုရင်တော့ ပွဲက ဘာမကြာ၊ အစောကြီး ပြီးမယ်တဲ့။

ဆိုတော့၊ ပြောရမယ်ဆိုရင် အခု NUG က ရရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနက သုံးစွဲထားတယ်ဆိုတဲ့ အမေရိကန်ဒေါ်လာ သန်း (၃၀) ဆိုတာက ဆင့်ပါးစပ် နှမ်းပက်ဆိုသလို ဖြစ်နေမှာ သေချာပါတယ်။ ဒီငွေပမာဏဟာ ကျနော်တို့ရဲ့ ခုခံတွန်းလှန်စစ်ရဲ့ ရည်မှန်းချက်တွေကို ရောက်ရှိနိုင်ဖို့ဆိုတာ ဝေးစွ၊ နံတောင် မစွတ်လောက်ဘူးလို့ပဲ ပြောရမှာပါ။

ကျနော်တို့ မြင်လိုတဲ့ ပြည်သူ့အောင်ပွဲကို အမြန်ဆုံးရရှိဖို့က အရင်းအမြစ်များ (Resources) ကို လိုတဲ့အချိန်မှာ လိုတဲ့နေရာကို လိုသလောက် ပံ့ပိုးထောက်ပံ့ပေးနိုင်ဖို့က အသက်ပါပဲ။ လက်နက်ခဲယမ်းအပါအဝင် အဲ့ဒီ အရင်းအမြစ် ပစ္စည်းပစ္စယများ အားလုံးကို ဖန်တီးပေးနိုင်ဖို့က ချုပ်ပြောရရင် “ဘဏ္ဍာရန်ပုံငွေ” (Budget) က ပဓာနပါပဲ။ ငွေရှိရင် ယခုလိုနေတာ အားလုံးနီးပါးကို ဖန်တီးပေးနိုင်ပါတယ်။ ဘဏ္ဍာရန်ပုံငွေသာ အလုံအလောက် ရှိရင် ယခုကြုံတွေ့နေရတဲ့ အခက်အခဲ လိုအပ်ချက် အများစုကို ဖြေရှင်းပေးနိုင်မယ်လို့ ကျနော်တို့ ကောင်းကောင်း နားလည်ထားပါတယ်။

လက်ရှိ NUG မှာ အဓိက ငွေလုံးငွေရင်း ရနိုင်တဲ့ ဝင်ငွေရင်းမြစ်အနေနဲ့ (၂) ခု ရှိတယ်လို့ သိရပါတယ်

၁။ ငွေတိုက်စာချုပ် (Bond)

၂။ ပြည်သူ့တော်လှန်ရေး ထောက်ပို့ မိသားစု (People Revolution Support Family-PRF) တို့ ဖြစ်တယ်။

ဒီနှစ်မျိုးလုံးကလည်း လက်ရှိချိန်ထိတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်သေးဘဲ သူတို့မျှော်မှန်းထားတာထက် အများကြီးနည်းတဲ့ ငွေပမာဏပဲ ရနေသေးတယ်လို့ သိရပါတယ်။

ကျနော်တို့ မြေပြင်မှာ ကိုယ့်အသက်ကို စွန့်လွတ်စတေးပြီး မီးကျိုးမောင်းပျက် ရရာလက်နက်ကို စွဲကိုင် တိုက်ပွဲဝင်နေတဲ့ သိန်းနဲ့ချီတဲ့ PDF ရဲဘော်တွေက အသင့်ရှိနေပါတယ်။ ဒီအတွက် ကျနော်တို့ တနိုင်ငံလုံးက (၅၅) သန်းသော ပြည်သူတွေ၊ တကမ္ဘာလုံးက ပြည်သူတွေအနေနဲ့ PDF ရဲ့ “ထောက်ပို့တပ်သား” တွေ ကောင်းကောင်းဖြစ်ဖို့ လိုမယ်ဗျာ။

ငွေစကြေးစ တတ်စွမ်းနိုင်တဲ့ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ ပုဂ္ဂိုလ်ကြီးတွေအနေနဲ့လည်း တော်လှန်ရေးအတွက် အဆုံးအဖြတ်ပမာ အရေးပါတဲ့ “ဘဏ္ဍာရန်ပုံငွေ” ကို ဆတက်ထမ်းပိုး လှူဒါန်း၊ ကူညီပေးကြဖို့ အထူးတိုက်တွန်း နှိုးဆော်အပ်ပါသည်ခင်ဗျား။

တော်လှန်ရေးရဲ့ သော့ချက်၊ တော်လှန်ရေးရဲ့ အဆုံးအဖြတ်လို မှတ်ယူနိုင်တဲ့ “ဘဏ္ဍာရန်ပုံငွေ” အရေး အားလုံး ဝိုင်းကူတွန်းပေးကြပါစို့ခင်ဗျား။

၁၄ မတ် ၂၀၂၂

(​ဒေါက်တာ​တေဇာစန်း​ ရဲ့ဆောင်းပါးကို ကူးယူ​ဖော်ပြခြင်းဖြစ်ပါတယ်)

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။