Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“ကုန်းသာမှာစစ်လည်းရှုံး အရှက်ပါကွဲတဲ့ စစ်​ကောင်စီ”

ကုန်းသာတိုက်ပွဲသည်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) တို့နှင့်သာ သက်ဆိုင်ပြီး TNLA နှင့် တိုက်ပွဲမှာ နားလည်မှု လွဲခြင်းသာ ဖြစ်သည်ဟုစစ်ကောင်စီတပ်ကဆို​လေသည်။

TNLA ကသိမ်းဆည်းရရှိ​သောစစ်​ကောင်စီတပ်မှ လက်နက်ခဲယမ်းများနှင့် စစ်သားရုပ်အ​လောင်းအချို့ ။ ။ဓါတ်ပုံ-CJ
TNLA ကသိမ်းဆည်းရရှိ​သောစစ်​ကောင်စီတပ်မှ လက်နက်ခဲယမ်းများနှင့် စစ်သားရုပ်အ​လောင်းအချို့ ။ ။ဓါတ်ပုံ-CJ

စစ်​တပ်ကစစ်ရဟတ်ယာဥ်ငါးစီးဖြင့် ရုတ်တရက်​စီးနင်းတိုက်ခိုက်ရန်ကြိုးပမ်း​သော်လည်း ခုနှစ်ရက်ကြာတိုက်ပွဲတွင်အကြီးအကျယ်အ​ရေးနိမ့်ပြီး​​နောက်စစ်​ကောင်စီက ထုတ်ပြန်သည်မှာနားလည်မှုလွဲ၍တိုက်ပွဲဖြစ်ခြင်းဟူ၍ ဖြစ်​တော့သည်။တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ၏အဓိကနယ်​မြေတစ်ခုကိုသွား​ရောက်ကျူး​ကျော်တိုက်ခဲ့​သော်လည်းNUG ၏PDFများကိုတိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပြီးPDFများ၏လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ​သေးသည်ဟူ​သောထုတ်ပြန်ချက်မှာ ပြည်သူများအတွက်ဟာဒယရွှင်​ဆေးဖြစ်စေခဲ့၏။

“နားလည်မှုလွဲတဲ့ စစ်ပွဲက ၆ ရက်တောင်ကြာပြီး လေယာဉ်နဲ့ ဗုံးကြဲတဲအကြိမ်တွေကလဲမနည်းပါလား ၊ အော်စကစ”ဟုပြည်သူတစ်ဦးကမှတ်ချက်ပြုသည်။ အမှန်မှာ တိုက်ပွဲမှာ ၇ ရက်ကြာတိုင်အပြင်းအထန်ဖြစ်ခဲ့ခြင်းဖြစ်သည်။

စစ်​ကောင်စီက အဆိုပါထုတ်ပြန်ချက်ကို တိုက်ပွဲစဖြစ်ပြီး ၁၂ ရက်အကြာ ၊တိုက်ပွဲခတ္တနားပြီး ၅ ရက်အကြာ(ဒီဇင်ဘာ ၁၇ ည)တွင်မှထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စစ်​တပ်၏ မျက်နှာ​ပြောင်တိုက်၍ လိမ်လည်မှုကို ပြည်သူအများစုမယုံသလိုTNLA ကလည်းဒီဇင်ဘာ ၁၈ ရက်တွင် စစ်​ကောင်စီထုတ်ပြန်ချက်မှားယွင်း​ကြောင်းထုတ်ပြန်ရှင်းလင်းရာ စစ်​ကောင်စီအတွက် တစ်ရှက်က နှစ်ရှက်ဖြစ်ကုန်သည်။

TNLA ကသိမ်းဆည်းရရှိ​သောစစ်​ကောင်စီတပ်မှ လက်နက်ခဲယမ်းများနှင့် စစ်သားရုပ်အ​လောင်းအချို့ ။ ။ဓါတ်ပုံ-CJ
TNLA ကသိမ်းဆည်းရရှိ​သောစစ်​ကောင်စီတပ်မှ လက်နက်ခဲယမ်းများနှင့် စစ်သားရုပ်အ​လောင်းအချို့ ။ ။ဓါတ်ပုံ-CJ

​ရွှေဖီ​မြေသို့ MI-35 ၊MI-17 စစ်ရဟတ်ယာဥ်များအသုံးပြု၍ ဒီဇင်ဘာ ၇ရက် မွန်းလွဲပိုင်းတွင်ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ဆန်မြို့နယ် ကုန်းသာရွာနှင့် ဟူးမန်းရွာအနီးသို့ စစ်သားများချ၍ ရုတ်တရက်ဝင်ရာက်စီးနင်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်ဖွဲ့နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ TNLAနယ်​မြေကိုဝင်​ရောက်စီးနင်းရန် ကြိုးစားခဲ့​သောတပ်မမှာ အမှတ် ၂၁ စစ်ဆင်​ရေးကွတ်ကဲမှုဌာနချုပ် ( စကခ ၂၁) မှတပ်ဖွဲ့ဝင်များဖြစ်သည်။

“ဘာကြောင့်ထိုးစစ်ဆင်လာလဲ၊ဘာကြောင့် လာတိုက်ခိုက်လဲဆိုတဲ့ သူတို့ ရည်ရွယ်ချက်က ကျွန်တော်တို့ မသိရဘူးပေါ့နော်။ သေချာတာကတော့ ကျနော်တို့ ရှိတဲ့နေရာကို သူတို့ လာရောက်လူချပြီးမှ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားတာ ဖြစ်ပါတယ်။” ဟု TNLA သတင်းပြန်ကြားရေးဌာနမှူး ဖြစ်သူ ဒုဗိုလ်မှူးကြီးတားအိုက်ကျော်ကPeople’s Spring သို့ပြောသည်။

စစ်အုပ်စုအာဏာသိမ်းပြီးနောက်စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားခဲ့မှု အလွန်နည်းပါးခဲ့သည့် TNLA တပ်စခန်း ရှိရာသို့ စစ်ကောင်စီတပ်က လေကြောင်းချီ စစ်ဆင်ရေး ဖြင့် ရုတ်တရက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်​ကောင်စီကရက္ခိုင်တပ်​တော်(AA) နှင့် ​လေးလနီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး​​ နိုဝင်ဘာ ၂၄ ရက်တွင် အလွတ်သ​​​ဘောယာယီအပစ်ရပ်စဲပြီး​နောက် နှစ်ပါတ်အကြာတွင် TNLAကိုဝင်တိုက်ခဲ့ခြင်းဖြစ်သည်။TNLA မတိုက်ခင် ချင်း​ရွှေ​ဟောရှိMNDAAတပ်စခန်းကိုလည်းစစ်တပ်က နိုဝင်ဘာ ၂၈ ၊၂၉ ရက်တွင်ဝင်တိုက်ခဲ့​သေးပြီးစစ်တပ်မှအရာရှိအပါအဝင် စစ်သား၁၀ ဦးထက်မနည်း​သေပြီးအ​လောင်းပင်မ​ကောက်ဘဲ ပြတ်ဆုတ်​ပြေးခဲ့သည်။ထို​ကြောင့် ​မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တွင် စစ်​ကောင်စီက AA နှင့် ယာယီအပစ်ရပ်ပြီး တစ်ပါတ်အတွင်းMNDAA ကိုတိုက်ပြီး နှစ်ပါတ်အကြာတွင် TNLAစခန်းကိုဝင်တိုက်ခဲ့ခြင်းပင်။

PDF များထံမှသိမ်းဆည်းရမိသည်ဟုစစ်​ကောင်စီဝါဒဖြန့်ခဲ့​သောဓါတ်ပုံ
PDF များထံမှသိမ်းဆည်းရမိသည်ဟုစစ်​ကောင်စီဝါဒဖြန့်ခဲ့​သောဓါတ်ပုံ

ကုန်းသာတိုက်ပွဲသည် စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် TNLAနှင့် ပထမဆုံးအကြိမ်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုလည်းဖြစ်သည်။ စစ်​ကောင်စီတပ်အတွက်အချက်မှားယွင်းမှု​ကြောင့် ဆုံးရှုံးမှုကြီးမားခဲ့သည်။စစ်ရေးအတွေ့အကြုံရှိပြီးလေ့ကျင့်သားပြည့်ဝသလိုလက်နက်ခဲယမ်းအင်အား​တောင့်တင်း​သော TNLA တပ်ဖွဲ့ဝင်များကလေကြောင်းချီ စစ်ဆင်ရေးကို​​ကောင်းစွာခုခံကာကွယ်နိုင်ခဲ့သည်။

ထို​ကြောင့် ရဟတ်ယာဥ်များ​ပေါ်မှ ဟန်ကြပန်ကြဆင်း၍စီးနင်း​​သောစစ်သားများမှာ TNLAတပ်ဖွဲ့ဝင်များက​လေယာဥ်​ပေါ်ကဆင်းသည်နှင့်တိုက်ခိုက်ခဲ့သည်။TNLAတပ်ဖွဲ့ဝင်များ၏အပြင်းအထန်ခုခံ၊ပိတ်ဆို့တိုက်ခိုက်မှု​ကြောင့်ထင်သလိုမဖြစ်ဘဲ ပြန်ဆုတ်​ပြေးရန်အတွက်ပင်ထွက်​ပေါက်ပိတ်​သောအ​ခြေအ​နေဆိုက်ခဲ့သည်။ပိတ်မိ​နေ​သောစစ်သားများကို ပြန်ထုတ်နိုင်ရန် စစ်တပ်က စစ်ရဟတ်ယာဥ်ဖြင့် ၂၈ ကြိမ် ၊ တိုက်ခိုက်​ရေးဂျက်​လေယာဥ်ဖြင့် ၃၂ ကြိမ် ပစ်ကူ​ပေးခဲ့သည်။ထိုအပြင် မန်တုံမြို့မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၉ ကြိမ် ၊နမ့်ဆန်မြို့မှ ၁၂၀ မမဖြင့် ၂၉ ကြိမ် အပြင်းအထန်တိုက်ခိုက်ခဲ့​သည်။သို့​သော်စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​အထိနာ​နေပြီး ပိတ်မိ​နေသူများကို ကယ်ထုတ်နိုင်ရန် စစ်တပ်က ဒီဇင်ဘာ ၁၂ ရက်ည ၈ နာရီမှ ၉ နာရီခွဲအထိကုန်းသာ၊​ရေပုံ​တောင်​ကြောတစ်​လျှောက် ​ပေါင် ၅၀၀ ဗုံး ၁၂ လုံးကိုကျဲချခဲ့သည်။ ​ပေါင် ၅၀၀ ဗုံးကျဲတိုက်ခိုက်မှု​ကြောင့် ကုန်းသာရွာတွင်ပိတ်မိ​နေ​သောစစ်သားအချို့ မိုးမိတ်မြို့ဘက်သို့ ထွက်​ပြေးလွတ်​မြောက်သွားခဲ့သည်။

ဒီဇင်ဘာ ၁၃၊၁၄ ၊၁၅ ရက်တွင် TNLA က ကုန်းသာ၊ ဟူမန်း၊ မန်လုံးနှင့်​တောင်​ကြောတစ်​လျှောက် ​လေ​ကြောင်းဖြင့်ကျူး​ကြော်လာ​​သောစစ်သားများကို နယ်​မြေရှင်းလင်းရးလုပ်ရာ ​သေဆုံးဒဏ်ရာရ​​သောစစ်သားအများအပြား​ရှိပြီးအရှင်ဖမ်းမိသူများလည်းရှိ​ကြောင်းTNLAကထုတ်ပြန်သည်။

စစ်တပ်ထံမှ ငါးကြင်းမြီးစက်​သေနတ် ၁ လက်၊ စက်​သေနက်ကြီး ၁ လက် ၊ စက်​သေနက်​သေး ၁ လက်၊ ဘက်​ခေါက်​သေနက် ၂ လက် ၊ ၂၂လက်​ထောက်တွဲ​သေနတ် ၁ လက်၊ RPG-7/2 အသီး ၁၉ လုံး ၊ M-9 အသီး ၇ လုံး၊ မိုင်းများ ၊ကျည်ဆံ ၁၂၀၀ ​ကျော် ၊ ဆက်သွယ်​ရေးစက် ၁ လုံးအပါအဝင် စစ်အသုံးအ​ဆောင်ပစ္စည်းများစွာသိမ်းဆီးရရှိခဲ့​ကြောင်းTNLA ကဒီဇင်ဘာ ၁၈ တွင်အ​သေးစိပ်ထုတ်ပြန်သည်။သေဆုံးခဲ့​သောစစ်သားနှင့် စစ်သုံ့ပန်းအ​ရေအတွက်အတိအကျထုတ်ပြန်ခဲ့ခြင်းမရှိ​ပေ။သို့​သော်ကုန်းသာရွာတစ်​နေရာတွင်စစ်သာအ​လောင်းများ ကိုပုံထားရာ အနည်းဆုံး ၁၁ ​လောင်းရှိသာ်ကို သတင်းဓါတ်ပုံများတွင်မြင်​တွေ့ရသည်။

TNLA ​သတင်းပြန်ကြား​ရေးဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်​ကျော် တိုက်ပွဲပြင်းထန်ခဲ့​သောကုန်းသာရွာသို့သွား​ရောက်ကြည့်ရှု့​စဥ်။ ဓါတ်ပုံCJ
TNLA ​သတင်းပြန်ကြား​ရေးဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်​ကျော် တိုက်ပွဲပြင်းထန်ခဲ့​သောကုန်းသာရွာသို့သွား​ရောက်ကြည့်ရှု့​စဥ်။ ဓါတ်ပုံCJ

တိုက်ပွဲတွင် TNLA မှ အရာရှိအချို့နှင့် တပ်ဖွဲ့ဝင်အချို့ ကျဆုံး ၊ဒဏ်ရာရခဲ့​ကြောင်းလည်းအသိ​ပေးသည်။TNLA ၏ ထုတ်ပြန်ချက်တွင် မပါဝင်​သော်လည်း ​​ဒေသတွင်းသတင်းဌာနများ၏​ဖော်ပြချက်အရ စစ်​ကောင်စီတပ်မှ အနည်းဆုံးရဟတ်ယာဥ် ၂ စီးလည်းကျည်ထိခဲ့ပြီး တစ်စီးမှာ အသုံးပြုမရ၍ရပ်ထားရ​ကြောင်းသိရသည်။

ထို​ကြောင့်စစ်ကိုင်း၊ မကွေး စသည့် ဒေသများတွင် စာသင်ကျောင်းနှင့် အရပ်သားပြည်သူများနေထိုင်ရာရွာများ၊ လက်နက်မပြည့်စုံသည့် ဒေသခံ PDF များကို ရဟတ်ယာဥ်များဖြင့် စီးနင်းတိုက်ခိုက်နိုင်၍ ယုံကြည်မှုလွန်ကဲ​နေ​သော စစ်​ကောင်စီ တပ်ကိုTNLA က​ကောင်း​ကောင်းဆုံးမခဲ့ခြင်းဖြစ်​လေသည်။

“TNLA ကို ကြားညှပ်တိုက်မယ်ဆိုပြီး Plan ချ၊ ဟိုဘက်ရွာနဲ့ ဒီဘက်ရွာမှာ သူ့လူ(စစ်ကောင်စီတပ်ဖွဲ့များ)ဆင်း၊ ရွာကရေပိုက်တွေ အကုန်ဖျက်ဆီး၊ မီးကြိုးတွေဖျက်။ ခက်တာက အဲဒါကို TNLA က နားလည်သဘောပေါက်ပြီးသား။ ကြင်စိုး(စစ်ကောင်စီတပ်သား)တချို့ရောက်တဲ့နေ့ကတည်းက အချိန်ရရင် ပြန်ချင်နေပြီ။ ဘာလို့လဲဆိုတော့ ဒါဟာ TNLA ရဲ့ စိုးမိုးနယ်မြေ။ ဒီရေကြောကို နယ်ခံတွေအသိဆုံး၊ ကြင်စိုးတို့ခဗျာ ကုန်းပေါ် ရောက်နေတဲ့ ငါးကလေးပမာ အပေါ်လည်း တက်မရ၊ အောက်လည်း ဆင်းမရ နောက်ဆုံး ရေဖြတ်ထားတာကိုတောင် နောင်တရနေမိပြီလေ” ဟု စစ်မြေပြင်မှ TNLA ရဲဘော်တစ်ဦးက နမ့်ဆန် ကုန်းသားတိုက်ပွဲ အခြေအနေကိုရေးသားဖော်ပြသည်။

လေကြောင်းမှ အင်အားပြည်သုံးပြီး နာရီပိုင်းအတွင်း စစ်ဆင်ရေးအဆုံးသတ်ရန် ကြိုးပမ်းခဲ့သည့် စစ်ကောင်စီတပ် မြေပြင်တိုက်ပွဲကို ၅ရက်ဆက် နေ့ည တိုက်ပွဲဆင်နွှဲရပြီး အထိအခိုက်များစွာဖြင့် အရှက်ကွဲ သိက္ခာကျခဲ့ကြသည်။

“အလာ မကောင်းတော့ သူ့လူအလောင်းတွေကို ဖြစ်သလို သင်္ဂြိုလ်ရင်းဒီတစ်ခေါက် ကြင်စိုးရဲ့ လက်ဖက်မြေ အလည်ခရီးစဉ်ဟာ နေဝင်ချိန် မလှခဲ့ပါဘူး။ စစ်ပွဲရဲ့သဘောသဘာ၀ အပျက်အစီးက အနည်းနဲ့ အများရှိကြမှာပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ ကြင်စိုး(မင်းအောင်လှိုင်)လည်း ခေါင်းတွေ ကိုက်နေလောက်ပြီ။ မှန်းချက်နဲ့ နှမ်းထွက်လည်း မကိုက်တော့ အလကားဖြစ်တာပေါ့” ဟု TNLA ရဲဘော်တစ်ဦးက စစ်ကောင်စီ၏ လေကြောင်းချီ ထိုးစစ်အပေါ် သုံးသပ်သည်။

ထင်သလိုမဖြစ်ဘဲ အထိနာပြီး​နောက် စစ်​ကောင်စီက ဒီဇင်ဘာ ၁၇ ရက်ညတွင် သတင်းထုတ်ပြန်ရာTNLA နှင့် နားလည်မှု လွဲကာ ပစ်ခတ်မှုတချို့ ဖြစ်ပွားခဲ့မှုအပေါ် TNLAအားရှင်းလင်းအသိပေးခဲ့ပြီး ဖြစ်ကြောင်း၊ PDFများထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်းဖော်ပြခဲ့သည်။ ကုန်းသာတိုက်ပွဲသည်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) တို့နှင့်သာ သက်ဆိုင်ပြီး TNLA နှင့် တိုက်ပွဲမှာ နားလည်မှု လွဲခြင်းသာ ဖြစ်သည်ဟုစစ်ကောင်စီတပ်ကဆို​လေသည်။

ထို့မျှမကသိမ်းဆည်းရရှိခဲ့​သည်ဆိုသော​သေနက်များနှင့် စစ်ကောင်စီတပ်သားများ အောင်ပွဲခံနေသည့် ဓာတ်ပုံကိုပါ ဖော်ပြကာ စစ်ကောင်စီတပ်ကအောင်ပွဲရရှိခဲ့ဟန် ဝါဒဖြန့် ခဲ့သည်။

ထို​ကြောင့်TNLAက ​နောက်တစ်ရက်မှာပင် စစ်ကောင်စီ သတင်းထုတ်ပြန်သကဲ့သို့TNLA၏လက်နက်များသော်လည်းကောင်း၊ NUG-PDF၏လက်နက်ပစ္စည်းများ သော်လည်းကောင်းသိမ်းဆည်းခံရခြင်း၊ဆုံးရှုံးပျက်စီးခြင်းမရှိဟုထုတ်ပြန်ရှင်းလင်းသည်။

စစ်ကောင်စီတပ်၏လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ကုန်းသာ၊ ဟူးမန်း၊ မန်လုံးရွာများမှ နေအိမ်များ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း များ မီးလောင်ပျက်စီးခြင်း၊ လက်နက်ကြီးထိမှန်ပျက်စီးခြင်းများ ဖြစ်ခဲ့သည်။ကုန်းသာရွာမှ ပြည်သူ ၂ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ရွာသားအချို့ ဒဏ်ရာရခဲ့သည်။ စစ်ဘေးသင့်ပြည်သူ ထောင်ချီရှိခဲ့ပြီး လက်ရှိတွင် ကျေးရွာများသို့ ပြန်လည်ရောက်ရှိ နေထိုင်ပြီပြီးဖြစ်သည်ဟုလည်း TNLA ကအသိပေးသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကရင်နီ စသည့် မြန်မာပြည် အနယ်နယ် အရပ်ရပ်ရှိ ဒေသခံ ပြည်သူများအား လေကြောင်း စစ်ဆင်ရေး အင်အား အလွန်အကျွံ အသုံးပြုပြီး အလုံးစုံ ပျက်သုဉ်းရေး လုပ်ဆောင်နေသည့် စစ်ကောင်စီသည် တအာင်းဒေသကိုလည်း ကျူးလွန်ဖျက်ဆီးရန် ကြိုးပမ်းဆောင်ရွက်နေ၍ တအာင်း ဒေသ ပြည်သူများ တော်လှန်ရေးသတိ အထူးထားရှိပြီး စည်းလုံးညီညွတ်စွာဖြင့် ခုခံတော်လှန်ကြရန် TNLAက ထုတ်ပြန်ခဲ့သည်။

နိုင်ငံ​ရေး ​ဆောင်းပါးရှင်တစ်ဦးဖြစ်​သောဦးသန်းစိုးနိုင်ကလည်း “ဒီလိုဖြစ်စဥ်မျိုးဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ AA က စစ်ကောင်စီနဲ့ ယာယီစစ်ရပ်စဲမှုပြုလုပ်လိုက်တဲ့အခါမှာ တဖက်မှာလည်း ကိုးကန့်မှာ MNDAA ရဲ့ လှုပ်ရှားမှုတွေပေါ်လာတယ်။ အဲဒီလှုပ်ရှားမှုကလည်း အရင်ကလို ကြူကုတ်၊ ပန်ဆိုင်းဘက်ကို တိုက်တာမဟုတ်ဘဲ MNDAA ရဲ့ အချက်အချာနေရာတွေကို တိုက်တာဖြစ်တဲ့အတွက် ဒီအချိန်မှာ သူတို့က ကိုးကန့်ကို အဲဒီလို လုပ်လာပြီဆိုရင် TNLA အနေနဲ့လည်းလှုပ်ရှားမှုတွေ ရှိလာလိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဟန့်တယ်လို့ ယူဆပါတယ်။ အဲဒီတော့ ကုန်းသာကို တိုက်တယ်။ PDF ကို ပါတယ်ဘာညာဆိုတာ သူတို့ အကြောင်းပြချက်ပါ။ စစ်ကောင်စီက ညီနောင်သုံးဖွဲ့အတွင်းမှာ တစ်ဖွဲ့နဲ့ စစ်ရေးရပ်ဆိုင်းထားတဲ့အခါမှာ ကျန်တဲ့ အဖွဲ့နှစ်ဖွဲ့ကို ဦးချိုးဖို့အတွက် ရည်ရွယ်ပြီးတော့ တိုက်ခိုက်တဲ့ဖြစ်စဥ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒါတွေဟာ ဇော်မင်းထွန်းပြောသလိုရည်ရွယ်ချက်မရှိပါဘူးလို့ ပြောတာဟာ တကယ်တော့ ဟန်ပြဖြစ်ပါတယ်။ သူတို့ တိုက်ခိုက်တဲ့ ကုန်းသာဒေသဆိုတာ TNLA ရဲ့ ဌာနချုပ်ရှိတဲ့ နေရာ။ ဒါကြောင့် စစ်ရေးရည်ရွယ်ချက်ရှိရှိနဲ့ စစ်ကောင်စီက ကုန်းသာကို တိုက်တယ်လို့ ယူဆပါတယ်”ဟုသုံးသပ်​ပြောကြားသည်။

Public Service Announcement
Public Service Announcement

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)မှတာဝန်ရှိသူတစ်ဦးကလည်း “”စစ်ကောင်စီကအရှုးချီးပန်းဖြစ်နေတာတော့ အမှန်ပဲ။သူတို့က တိုင်းရင်းသားတွေနဲ့လည်း ‌ရွှေလမ်း၊ငွေလမ်းကလည်းဖောင်ချင်၊ ပြီးရင်လည်း သူတို့က နဂါးမှန်းသိအောင်အမောက်ကလည်းထောင်ပြချင်။ ထောင်ပြတဲ့ အမောက်ကလည်း ဟန်ကျတဲ့အမောက်မဟုတ်တော့ ဟိုဘက်ကလည်း ခေါင်းပုတ်၊ဖင်ပုတ်ပြန်လုပ်တဲ့အခါကြတော့ ရှက်ကလည်း ရှက်ပေါ့။ အဲလိုဖြစ်နေတဲ့ အနေအထားပဲ”ဟုစစ်​ကောင်စီတပ် ကTNLA ကသွား​ရောက်တိုက်ခိုက်ပြီး အထိနာပြီး​​နောက် နားလည်မှုလွဲခြင်းဟု စစ်တပ်၏အ​ကြောင်းပြမှုအ​​ပေါ်မှတ်ချက်ပြုသည်။

TNLA က​တော့အမြင်ရှင်းလင်းသည်။စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကရင်နီ စသည့် မြန်မာပြည် အနယ်နယ် အရပ်ရပ်ရှိ ဒေသခံ ပြည်သူများအား လေကြောင်းစစ်ဆင်ရေး အင်အား အလွန်အကျွံ အသုံးပြုပြီး အလုံးစုံ ပျက်သုဉ်းရေး လုပ်ဆောင်နေသည့် စစ်ကောင်စီသည် တအာင်းဒေသကိုလည်း ကျူးလွန်ဖျက်ဆီးရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်၍ တအာင်း ဒေသ ပြည်သူများ တော်လှန်ရေးသတိ အထူးထားရှိပြီး စည်းလုံးညီညွတ်စွာဖြင့် ခုခံတော်လှန်ကြရန် TNLAကတပ်လှန့်ထား​သည်။

“ကျွန်တော်တို့ တော်လှန်ရေးကတော့ ပြည်သူတစ်ရပ်လုံးလည်းရှိတယ်။ တိုင်းရင်းသားတွေကလည်း ပြည်သူတွေပဲပေါ့။ အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထဲမှာရှိနေတဲ့ မဟာမိတ်အကုန်လုံးကလည်း တသားတည်းပဲရှိတယ်။ ဘုံရည်မှန်းချက်၊ ဘုံရန်သူဖြစ်တဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းပြီးတော့မှ ကျွန်တော်တို့အားလုံး ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်ပြည်နယ်နဲ့ပေါ့နော် အားလုံး လွတ်လပ်တဲ့ ဖက်ဒရယ်ပုံစံကိုရအောင်လို့ ပုံဖော်ကြတာ ဒီအချိန်က အကောင်းဆုံးအချိန်ပဲ။ ဒါ့ကြောင့် သက်ဆိုင်ရာတွေက သူကျွမ်းကျင်တဲ့ အပိုင်းအလိုက် တိုက်ခိုက်မှုတွေကတော့ လုပ်နေမှာပဲ။—။ ယုံစရာတစ်ကွက်မှ မရှိတော့တဲ့ စစ်ကောင်စီဆိုတော့ ‌မြေပြင်မှာတော်တော်လေး ပျက်နေပြီပေါ့နော်။ ကျွန်တော်တို့ ပြည်သူလူထုထပ်ပြီးတော့ တောင့်ခံနိုင်မယ်ဆိုရင်တော့ တိုင်းရင်းသားတွေရော၊ မဟာမိတ်တွေရော အကုန်လုံးပေါ့လေ အောင်ပွဲက သိပ်မကြာလောက်တောပါဘူး”ဟု ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးမှ တာဝန်ရှိသူတစ်ဦးကလည်း ကုန်းသာတိုက်ပွဲအပြီးစစ်​ကောင်စီတပ် အ​ခြေအ​နေကိုသုံးသပ်ရင်း​ပြောကြား​လေသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။