Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်နဲ့ TNLA ကြားတိုက်ပွဲကြောင့် ဒေသခံ ၁,၀၀၀ ကျော် နေရပ်မပြန်နိုင်သေး

တိုက်ပွဲအဓိက ဖြစ်ပွားတဲ့ ကုန်းသာရွာကတော့ ပြန်လည်ထူထောင်ရေးလုပ်ဖို့လိုတယ်လို့ ကုန်းသာရွာဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ TNLA ကြားတိုက်ပွဲကြောင့် ဒေသခံ ၁,၀၀၀ ကျော် နေရပ်မပြန်နိုင်သေး
စစ်ကောင်စီတပ်နဲ့ TNLA ကြားတိုက်ပွဲကြောင့် ဒေသခံ ၁,၀၀၀ ကျော် နေရပ်မပြန်နိုင်သေး

ရှမ်းပြည်နယ် မြောက်ပိုင်း ၊နမ့်ဆန်မြို့နယ် ၊ ကုန်းသာရွာ တဝိုက်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ကြားဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကိုတိမ်းရှောင်နေရသူ စစ်ဘေးရှောင် ၁,၀၀၀ ဝန်းကျင်ဟာ နေရပ်မပြန်နိုင်သေးကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။

တိုက်ပွဲဟာ ဒီဇင်ဘာ ၇ ရက်ကစတင်ပြီး တစ်ပတ်ကြာ ဖြစ်ပွားခဲ့တာကြောင့် ကုန်းသာ၊မန်လုံး၊ ဟူးမန်း၊ဆာမ်ငမ်၊ပန်းအလောက်နဲ့ ပိန်းလုံးရွာခံတွေဟာ နမ့်ဆန်မြို့ပေါ်ကိုလာရောက်တိမ်းရှောင်ခဲ့ကြရပါတယ်။

စစ်ကောင်စီတပ်နဲ့ TNLA ကြားတိုက်ပွဲကြောင့် ဒေသခံ ၁,၀၀၀ ကျော် နေရပ်မပြန်နိုင်သေး
စစ်ကောင်စီတပ်နဲ့ TNLA ကြားတိုက်ပွဲကြောင့် ဒေသခံ ၁,၀၀၀ ကျော် နေရပ်မပြန်နိုင်သေး

လက်ရှိမှာတော့ တိုက်ပွဲပြီးသွားလို့ အချို့လည်းနေရပ်ပြန်နေကြပါတယ်။

တိုက်ပွဲအဓိက ဖြစ်ပွားတဲ့ ကုန်းသာရွာကတော့ ပြန်လည်ထူထောင်ရေးလုပ်ဖို့လိုတယ်လို့ ကုန်းသာရွာဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

“အကုန်လုံးနီးပါးပျက်စီးသွားတယ်၊ လက်နက်ကြီးတွေထိပြီး လုံးဝနေလို့မဖြစ်တော့တာ” လို့ ကုန်းသာရွာသားတစ်ဦးကပြောပါတယ်။

Public Service Announcement
Public Service Announcement

ကုန်းသာရွာမှာ လူနေအိမ် ၉လုံးမီးလောင်ပြာကျပြီး၊ နေအိမ်၄၀ကျော် လက်နက်ကြီးထိမှန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဟူးမန်းရွာကတော့ နယ်မြေလုံခြုံရေးအခြေအနေနဲ့ သွားလာရေးအခက်အခဲကြောင့် နေရပ်မပြန်နိုင်ကြသေးဘူးလို့သိရပါတယ်။

နေရပ်မပြန်နိုင်သေးတဲ့စစ်ရှောင်တွေအတွက် လာရောက်ကူညီသူတွေရှိသလို အချို့မှာလည်း လိုအပ်ချက်ရှိနေသေးတယ်လို့ သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၁၉ရက်အထိ နမ့်ဆန်မြို့ပေါ် ဇယန်းကြီးကျောင်း၊ မန်လုံနဲ့ မန်ဖတ်တို့မှာ စစ်ရှောင် ၁,၀၀၀ကျော် ရှိနေသေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။