Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“စစ်​ကောင်စီ​ရဲ့ဘောလုံးအသင်းရှုံးပွဲဆက်လို့ပြည်သူ​တွေ​ပျော်​”

စစ်​ကောင်စီလက်​အောက်တွင် ​ဘောလုံးမကန်​သော လက်​ရွေးစဥ်​ဘောလုံးသမားများမှာ ပြည်သူ့အချစ်​တော် ကစားသမားများဖြစ်​နေသည်။စစ်​ကောင်စီလက်​အောက်တွင်ကစား​​နေ​သော​ဘောလုံးသမားများကို ​တော်လှန်​ရေး​အောင်ပွဲအလွန်တွင် ပြည်သူများက မည်သို့ဆက်ဆံမည်ကိုမသိရ​သေး​ပေ။

မလေးရှားနှင့်ပွဲမတိုင်းခင် သုဝဏ္ဏ​ဘောလုံးကွင်းထဲတွင် အနည်းသာရှိ​သောပရိတ်သတ်နှင့် စစ်​ကောင်စီလက်​အောက်မှလက်​ရွေးစင်​ဘောလုံးအသင်း ။ ။ဓါတ်ပုံ-MFF
မလေးရှားနှင့်ပွဲမတိုင်းခင် သုဝဏ္ဏ​ဘောလုံးကွင်းထဲတွင် အနည်းသာရှိ​သောပရိတ်သတ်နှင့် စစ်​ကောင်စီလက်​အောက်မှလက်​ရွေးစင်​ဘောလုံးအသင်း ။ ။ဓါတ်ပုံ-MFF

“မြန်မာရှူံးလို့ ပျော်တာဒီတစ်ခါပဲရှိတယ်”စင်ကာပူ –မြန်မာ​ဘောလုံးပွဲအပြီး မြန်မာအသင်းရှုံးနိမ့်ပြီး​နောက်ပရိတ်သတ်တစ်ဦး၏ ​ပြောစကားဖြစ်သည်။

ကျန်ပရိတ်သတ်တစ်ဦးကလည်း ရင်တစ်မမဖြင့်​ပြောလာသည်။ “မိနစ် ၇၀ လောက်ထိ စိတ်ပူမိသေးတယ် သရေကျနေလို့ ပွဲပြီးမှပဲစိတ်အေးရတော့တယ်။ တော်ပါသေးရဲ့ပုံမှန်ခြေစွမ်းလေးပြန်ရလို့”ဟု ယ​နေ့(ဒီဇင်ဘာ ၂၄ရက်) ည​​နေပိုင်းကစား​သောပွဲတွင် အ​စောပိုင်း၌သ​ရေကျ​​နေရာမှ ပွဲပြီးခါနီးတွင် စင်ကာပူက ၃ဂိုး- ၂ ဂိုးဖြင့်အနိုင်ရသွားခြင်းအ​ပေါ် မှတ်ချက်ဖြစ်သည်။

စင်ကာပူ- မြန်မာအသင်းပွဲပြီးရလဒ်
စင်ကာပူ- မြန်မာအသင်းပွဲပြီးရလဒ်

စစ်​ကောင်စီလက်​အောက်မှ မြန်မာအသင်း ရှုံးပွဲဆက်​နေ၍ ပရိတ်သတ်များက အရွဲ့တိုက်​ပြော​နေခြင်းမဟုတ်ပါ ။ယခုအသင်းသည်စစ်​ကောင်စီကိုသာကိုယ်စားပြုပြီး မြန်မာကိုကိုယ်စားမပြုဟု ပရတ်သတ်အများစုက သတ်မှတ်ထား၍ ထိုအသင်းရှုံးခြင်းအ​ပေါ် ​​ကျေနပ်၊ဝမ်း​မြောက်စွာ​ပြော​​နေကြခြင်းဖြစ်ပါသည်။

ရှုံးပွဲဆက်နိုင်ပါစေ ဆို​ပြီးမလေးရှားနဲ့ကန်တုန်းကဆုတောင်းတာ။ ခုပြည့်ပြီ။ထပ်ပြီးလည်းရှုံးပါစေ။တကယ်စိတ်ရင်းနဲ့ပါ”ဟု ​ဘောလုံးချစ်ပရိတ်သတ်တစ်ဦးကလည်း​ပြောသည်။

Public Service Announcement

Public Service Announcement

ယခင်ကဘောလုံးအားကစားနှင့် လက်ရွေးစင် ဘောလုံးအသင်းကို မြန်မာလူထု အများစု အားပေးကြသော်လည်း လက်ရှိတွင် စစ်ကောင်စီကို ကိုယ်စားပြု ယှဉ်ပြိုင်နေသည် ဟု ပြည်သူအများစုက သတ်မှတ်၍ အားမပေးကြဘဲအသင်းရှုံးလျှင်​ပျော်​​နေကြခြင်းဖြစ်၏ ။

” ဒါက ပြည်သူ့မေတ္တာစူးတာပါပဲ။ ပြည်သူကို ကိုယ်စားမပြုတဲ့ အသင်းက ဘယ်တော့မှ မနိုင်နိုင်ပါဘူး။ အခု မြန်မာအသင်း ရှုံးတိုင်း အရမ်းပျော်နေကြတယ်။ ဒီလိုမျိုး ကိုယ့်နိုင်ငံအသင်း ရှုံးတိုင်း ပျော်တာ ကမ္ဘာမှာ မြန်မာပဲ ရှိမယ် ထင်ပါတယ် “ ဟု ​​ဘောလုံးချစ်ပရိတ်သတ်တစ်ဦးက ပြောသည်။

မြန်မာအသင်းကဲ့သို့ မကြာခင်ရက်ပိုင်းတွင်ကျင်းပပြီးခဲ့​သော ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန်​ဘောလုံးအသင်းလည်းရင်ဆိုင်ခဲ့ရသည်။ အီရန်နိုင်ငံတွင်အမျိုးသမီးငယ်တစ်ဦးက ဘာသာ​ရေးရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းရင်းသတ်ဖြတ်ခဲ့မှုအ​ပေါ် ပြည်သူများကဆန့်ကျင်ဆန္ဒပြမှုများကို အကြမ်းဖက်ဖိနှိပ်​သော အီရန်အာဏာရှင်အစိုးရလက်​အောက်တွင် လက်​ရွေးစင်အသင်းကို ပြည်သူများကအားမ​ပေးဘဲ အုပ်စုမှပြုတ်​သောအခါ ပြည်သူများက​အောင်ပွဲခံခဲ့ကြသည်။ အီရန်အသင်းမှ အ​စောဆုံးပွဲတွင် နိုင်ငံ​တော်သီချင်းမဆိုဘဲ အာဏာရှင်အစိုးရအ​ပေါ် ဆန့်ကျင်သကဲ့သို့ပြုလုပ်ခဲ့​သေးသည်။

ဂျပန်သို့သွား​ရောက်ယှဥ်ပြိုင်စဥ် စစ်​ကောင်စီ​လက်​အောက် ယှဥ်ပြိုင်​သောအသင်းကို ဂျပန်​ရောက်မြန်မာများကဆန္ဒပြ​နေစဥ်။
ဂျပန်သို့သွား​ရောက်ယှဥ်ပြိုင်စဥ် စစ်​ကောင်စီ​လက်​အောက် ယှဥ်ပြိုင်​သောအသင်းကို ဂျပန်​ရောက်မြန်မာများကဆန္ဒပြ​နေစဥ်။

အီရန်နှင့်မြန်မာအသင်းကြုံ​​နေရ​သောအ​ခြေအ​နေက ​အားကစားနှင့် နိုင်ငံ​ရေးမဆိုင်ဟုအ​ကြောင်းပြချက်များမှာ မှားယွင်း​ကြောင်း ပြသနေသည်။ ​အားကစားသမားများမှာလည်း နိုင်ငံသားများဖြစ်၍ အခြားပြည်သူများနည်းတူ အားကစားနှင့် နိုင်ငံ​ရေးဆိုင်ပါသည်ဟု အခိုင်အမာသတင်းစကား​​နေခြင်းဟုလည်းဆိုနိုင်သည်။

▪︎စစ်အာဏာသိမ်းမှု​ကြောင့်​​သွေးစွန်းခဲ့တဲ့​ဘောလုံး​လောက

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အုပ်စုကအာဏာသိမ်းခံပြီးနောက်ကျန်းမာရေးဝန်ထမ်းများ၊ပညာ​ရေးဝန်ထမ်းများ အပါအဝင် နိုင်ငံ့လက်ရွေးစင် အားကစားသမား များအပါအဝင် နိုင်ငံ့ဝန်ထမ်းအများစုကအာဏာသိမ်းစစ်​ကောင်စီအ​ပေါ် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပြုလုပ်ခဲ့ကြသည်။ မြန်မာ့လက်ရွေးစင် ဘောလုံးသမားအချို့လည်းအာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြသည့် ပြည်သူများနှင့် အတူ ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့ကြသည်။ ထို့အပြင် ဘောလုံးသမားအချို့မှာစစ်တပ်၏ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကြောင့် ​သွေး​မြေကျ သေဆုံးရသူများ၊ ဖမ်းဆီးခံရသူများပင်ရှိခဲ့သည်။

ဂျပန်တွင်ယှဥ်ပြိုင်ခဲ့​သော အာရုဇုန်ကမ္ဘာ့ဖလား​ခြေစစ်ပွဲတွင် ဂျပန်နှင့်မကန်ခင် နိုင်ငံ​​တော်သီချင်းဆီုစဥ် စစ်အာဏာရှင်ဆန့်ကျင်​ကြောင်း ဂိုးသမားပြည့်လျှံ​အောင် လက်သုံး​ချောင်း​ထောင်ဆန္ဒပြစဥ်။
ဂျပန်တွင်ယှဥ်ပြိုင်ခဲ့​သော အာရုဇုန်ကမ္ဘာ့ဖလား​ခြေစစ်ပွဲတွင် ဂျပန်နှင့်မကန်ခင် နိုင်ငံ​​တော်သီချင်းဆီုစဥ် စစ်အာဏာရှင်ဆန့်ကျင်​ကြောင်း ဂိုးသမားပြည့်လျှံ​အောင် လက်သုံး​ချောင်း​ထောင်ဆန္ဒပြစဥ်။

၂၀၂၁ မေလအတွင်းက ရန်ကုန်မြို့ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဟံသာဝတီ လူငယ်ဘောလုံးအသင်း အသင်းခေါင်းဆောင် ချစ်ဘိုဘိုငြိမ်းသည် စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန် ကျဆုံးခဲ့ရသည်။ လက်ရွေးစင် ဘောလုံးသမား တစ်ဦးဖြစ်သည့် ကောင်းစည်သူသည်လည်း ၎င်း၏ အစ်ကိုဖြစ်သူ MMA ကစားသမား ဖိုးသော်၏ ကန်တော်ကြီးအတွင်းရှိ အားကစားရုံ ပေါက်ကွဲမှုနှင့် ပတ်သက်၍စစ်ကောင်စီ၏ မတရားသဖြင့်ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါ ဖြစ်ရပ်များအပြီးနောက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှ နာမည်ကြီး စီနီယာ ကစားသမားများ ဖြစ်သည့် ဇော်မင်းထွန်း၊ အောင်သူ၊ ကျော်ကိုကို အစရှိသည့် ကစားသမားတို့က လက်ရွေးစင်ဘောလုံးအသင်းမှ အနားယူပြီ ဖြစ်ကြောင်း ကြေညာကာ အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ကြသည်။

လက်​ရွေးစင်​ဂိုးသမား ပြည့်လျှံ​အောင်ဆိုလျှင် ကမ္ဘ့ာဖလား​ခြေစစ်ပွဲ ဂျပန်ပွဲမတိုင်ခင် နိုင်ငံ​တော်သီချင်းသီဆိုရင်း အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်​ကြောင်းလက်သုံး​ချောင်း​ထောင်ဆန္ဒထုတ်​ဖော်ခဲ့သည်။သတ္တိရှိစွာဆန္ဒထုတ်​ဖော်မှု​ကြောင့်ပြည်သူ့အချစ်​တော်ဖြစ်ခဲ့ပြီး စစ်အုပ်စုအာဏာသိမ်းထား​သောကာလပြတ်လာလျှင်ဖမ်းဆီးခံရမည့်အန္တရာယ်ကြုံ၍ ဂျပန်နိုင်ငံတွင် နိုင်ငံ​ရေးခိုလှုံ့ခွင့်ယူထား​သည်။

▪︎CDMလုပ်​နေသည်အလားရှုံးပွဲဆက်​နေသည့်အသင်း

စစ်ကောင်စီ လက်ရွေးစင် ဘောလုံးအသင်းသည် အာဏာသိမ်းခံရပြီးနောက်ပိုင်း ၂၀၂၁ မေလမှ ၂၀၂၂ ဒီဇင်ဘာ ၂၄ ရက်အထိ့နိုင်ငံတကာ ပြိုင်ပွဲနှင့် ခြေစမ်းပွဲ ၁၇ ပွဲ ယှဉ်ပြိုင်ရာ ၁၅ ပွဲအထိ ရှုံးနိမ့်ထားသည်။ ၁ ပွဲသာနိုင်ပြီး ၁ ပွဲသရေ ရလဒ်ထွက်ထားသည်။

ထို့အပြင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် ဂျပန်အသင်းကို ၁၀ ဂိုး- ဂိုးမရှိ၊ ကာဂျစ်စ္စတန် အသင်းကို ၈ ဂိုး- ၁ ဂိုးတို့ဖြင့်အရှက်တကွဲ ရှုံးနိမ့်ခဲ့သည်။

ရှုံးပွဲဆက်​နေသာ်လည်း အလုပ်မပြုတ်ဘဲ လခပုံမှန်ရ​နေ​သော နည်းပြ အန်တွမ်နီဟေး ။ စစ်​ကောင်စီ လက်​အောက်တွင် ၎င်းက အသင်းကို ၁၇ ပွဲတွင် ၁ ပွဲသာအနိုင်ရပြီး ၁၅ ပွဲရှုံး​အောင်စွမ်း​ဆောင်ထားသည်။ ။ဓါတ်ပုံ-MFF
ရှုံးပွဲဆက်​နေသာ်လည်း အလုပ်မပြုတ်ဘဲ လခပုံမှန်ရ​နေ​သော နည်းပြ အန်တွမ်နီဟေး ။ စစ်​ကောင်စီ လက်​အောက်တွင် ၎င်းက အသင်းကို ၁၇ ပွဲတွင် ၁ ပွဲသာအနိုင်ရပြီး ၁၅ ပွဲရှုံး​အောင်စွမ်း​ဆောင်ထားသည်။ ။ဓါတ်ပုံ-MFF

ပြည်သူများ အားပေးခြင်းမခံရသည့် လက်ရွေးစင် ဘောလုံးအသင်း အနေဖြင့် CDM လုပ်ဆောင်နေလား ထင်ရလောက်အောင် ဆက်တိုက်ဆိုသလို အရေးနိမ့်နေသည်။

အားကစားလေ့လာသုံးသပ်သူတစ်ဦးက“ပရိသတ်အားပေးမှု မရှိတဲ့ ဘောလုံးအသင်းတွေဟာ အောင်မြင်မှု ရလေ့မရှိပါဘူး။ မြန်မာဟာ ဘောလုံးကို ချစ်တဲ့နိုင်ငံမျိုးထဲကပါ။ ဒါပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာအသင်းကို အားမပေးကြတော့ဘူး။ တဖြည်းဖြည်းနဲ့ မြန်မာအသင်းဟာ ပရိသတ်နဲ့ ဝေးသထက် ဝေးလာတယ်။ ကစားသမားတွေလည်း ဝေဖန်ခံနေရတယ်။ ကျွန်တော့်အမြင်အရတော့ ပရိသတ်အားပေးမှု မရှိတဲ့ အဖွဲ့အစည်းဟာ ဘယ်တော့မှအောင်မြင်မှာ မဟုတ်သလို ပုံရိပ်ကောင်းလည်း ကျန်ခဲ့မှာ မဟုတ်ဘူး။ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာတော့ မြန်မာ့ဘောလုံးက နောင်နှစ်တစ်ရာတိုင် အာဆီယံအဆင့်မှာတောင် ခေါင်းမော့နိုင်မှာ မဟုတ်ပါဘူး “ ဟုမှတ်ချက်ပြုသည်။

▪︎နိုင်ငံလွတ်လပ်မှ ​​​လက်​ရွေးစင်အစစ်ကိုပြန်အား​ပေးမယ်

ပရိသတ်များ၏ ဝေဖန်မှုကြုံနေသည့် စစ်ကောင်စီ လက်ရွေးစင်ဘောလုံးအသင်းသည် ယခုအခါ AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီးဒီဇင်ဘာ ၂၁ ရက်က မြန်မာနှင့် မလေးရှားပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပခဲ့သည်။

အိမ်ကွင်းပွဲစဉ် ဖြစ်သော်လည်း လာရောက်အားပေးသည့် ပရိသတ်မရှိဘဲ ဖိတ်ကြားထားသည့် ပရိသတ်အချို့သာ ကွင်းအတွင်းသို့ လာရောက်အားပေးခဲ့သည်ကိုတွေ့ရသည်။ ယင်းပွဲစဉ်တွင်လည်း စစ်ကောင်စီ ဘောလုံးအသင်းက မလေးရှားအသင်းကို တစ်ဂိုး -ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့၍ ပရိတ်သတ်အများစု ​ကျေနပ်ခဲ့ကြသည်။

ဂျပန်သို့သွား​ရောက်ယှဥ်ပြိုင်စဥ် စစ်​ကောင်စီ​လက်​အောက် ယှဥ်ပြိုင်​သောအသင်းကို ဂျပန်​ရောက်မြန်မာများကဆန္ဒပြ​နေစဥ်။ဓါတ်ပုံ-CJ
ဂျပန်သို့သွား​ရောက်ယှဥ်ပြိုင်စဥ် စစ်​ကောင်စီ​လက်​အောက် ယှဥ်ပြိုင်​သောအသင်းကို ဂျပန်​ရောက်မြန်မာများကဆန္ဒပြ​နေစဥ်။ဓါတ်ပုံ-CJ

စစ်ကောင်စီ ကိုယ်စားပြု ဘောလုံးအသင်းတွင် ပါဝင်သည့် ကစားသမားများမှာ အကြမ်းဖက်စစ်​ကောင်စီအတွက်ပါဝင်ယှဥ်ပြိုင် ​ပေးမှုအတွကိ ပြည်သူအများစု၏ လူမှု​ရေးပြစ်ဒဏ်ခတ်မှုနှင့် ​​ဝေဖန်ပြစ်တင် ​ရှောင်ဖယ်ခံရမည်အ​ခြေအ​နေလည်းရှိနေသည်။လက်ရှိ လက်ရွေးစင်ဘောလုံးအသင်းတွင် မောင်မောင်လွင်၊ ကျော်မင်းဦး၊ ကျော်ဇင်ဖြိုး အစရှိသည့် စီနီယာ ကစားသမားများနှင့် လူငယ်ကစားသမား အများစုဖြင့်သာ ပြန်လည် ဖွဲ့စည်းထားခြင်းဖြစ်သည်။

နည်းပြချုပ်အဖြစ် ဂျာမနီလူမျိုးနည်းပြ အန်တွမ်နီဟေးက တာဝန်ယူထားသည်။ ယခုအသင်းကိုအ​ကြောင်းပြု အမြတ်အများဆုံးရရှိ​နေသူမှာ နိုင်ငံတွင်းစီးပွား​ရေးကြပ်တည်း​နေ​သော်လည်း လစာ​ကောင်းရ​နေသည့် အန်တွမ်နီ​ဟေးပင်ဖြစ်​ကြောင်း ပရိတ်သတ်အချို့က​ပြောသည်။

စစ်​ကောင်စီလက်​အောက်တွင် ​ဘောလုံးမကန်​သော လက်​ရွေးစဥ်​ဘောလုံးသမားများမှာ ပြည်သူ့အချစ်​တော် ကစားသမားများဖြစ်​နေသည်။စစ်​ကောင်စီလက်​အောက်တွင်ကစား​​နေ​သော​ဘောလုံးသမားများကို ​တော်လှန်​ရေး​အောင်ပွဲအလွန်တွင် ပြည်သူများက မည်သို့ဆက်ဆံမည်ကိုမသိရ​သေး​ပေ။

“အခု လက်ရွေးစင်မှာ ကစားနေတဲ့ ကစားသမားအချို့က တော်လှန်ရေး အစပိုင်း ဆန္ဒပြတုန်းက ပါခဲ့တဲ့ သူတွေလည်း ရှိတယ်။ နောက်ပိုင်းမှာ သူတို့လည်း လူသိများတဲ့ သူတွေ ဆိုတော့ သတိပေး တားမြစ်ခံရတာမျိုးလည်း ရှိတယ်လို့ ကြားတယ်။ အခု ကစားနေတဲ့ အထဲမှာ အကြပ်ကိုင် ခြိမ်းခြောက်တဲ့ ပုံစံမျိုးကြောင့် ကစားနေရတဲ့ သူတွေရှိသလို အချောင်လိုချင်စိတ်နဲ့ ကစားနေတဲ့သူတွေလည်း ရှိတယ်။လတ်တလောမှာ ပြည်သူတွေက ဘောလုံးသမားတွေ အားလုံးကို အပြစ်မြင်နေကြတယ် ဆိုပေမယ့် တော်လှန်ရေး အလွန်မှာတော့ ဘယ်သူတွေက ဘာကြောင့် ကစားခဲ့သလဲ ဆိုတာကို ကြည့်ပြီး ဆုံးဖြတ်သင့်တယ်လို့ ထင်ပါတယ် “ ဟု​စစ်​ကောင်စီ တော်လှန်​ရေးလုပ်ကိုင်​နေ​သောလူငယ်တစ်ဦးကသူ၏ အမြင်ကို​ပြောသည်။

​ဘောလုံးချစ်ပရိတ်သတ်တစ်ဦးကမူ ​အောက်ပါအတိုင်းပြတ်ပြတ်သားသား​ပြောသည်။ “အာစီယံ မှာမြန်မာလူမျိုးတွေ မြန်မာအသင်းကို ဘယ်လောက်ချစ်ဘယ်လောက်အားပေးတယ်ဆိုတာခေတ်အဆက်ဆက်သက်သေပြပြီးပြီ။မလေး၊ ထိုင်း၊ စင်ကာပူဆို အိမ်ရှင်အလားအောက်မေ့ရအောင်အားပေးခဲ့ကြပြိးပြီ။ ၂ နှစ်အတွင်းငါတို့တွေစိတ်ဓာတ်ပြတ်သားချက်ကတော့အားရတယ်။ နိုင်ငံကြီးလွတ်လပ်မှပဲ ငါတို့အတိုးချအားပေးကြတာပေါ့” ဟူ၏ ။ ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။