ဒီပ/People’s Spring
“ပွကြီးရှေ့တည့်တည့် (စစ်သား)နှစ်ကောင်ဘွားကနည်းပေါ်လာတော့ ပွကြီးကမေးလိုက်တယ်။ဟျောင့်တွေ မင်းတို့ဘယ်တပ်စိပ်ကလဲဆိုတော့တစ်ယောက်ကဖြေတယ်စစ်နိုင်တပ်စိပ်က တဲ့။ပွကြီးက သိလိုက်ပီ ဒါ ငါတို့လူမဟုတ်ဘူးဆိုတာပေါ့”
ဗန်းမော် မြိုသိမ်းတိုက်ပွဲမှာ စစ်တပ်ရဲ့အမှတ် (၂၃၆ )ခြေလျင်တပ်ရင်း (ခလရ ၂၃၆) သိမ်း တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ နဲ့ စစ်သားတွေ ထွေးလုံးရစ်ပတ်အသည်းအသန်တိုက်ခိုက်ချိန်မှာ အသက်ရှုမှားလောက်တဲ့ အခိုက် အတန့်တစ်ခုပါ။
ကချင်ဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF )တပ်ဖွဲ့ဝင်တစ်ဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဒာကိုယ်ရှိတဲ့သူ့ကိုသူငယ်ချင်းတွေကရဲဘော်ပွကြီးလို့ချစ်စနိုးခေါ်ကြပါတယ်။ ဗန်းမော်မြို့မှာစစ်တပ်ရဲ့ အဓိက တပ်ရင်းဌာနချုပ်ဖြစ်တဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)ရဲ့ ရှေ့မှာ ကာကင်းစခန်းကြီးလို့လည်းခေါ်နိုင်တဲ့ ခလရ (၂၃၆)တပ်ရင်းသိမ်းတိုက်ပွဲကို စစ်ကူအနေနဲ့လိုက်လာတာပါ။

Public Service Announcement
ခလရ၂၃၆ နဲ့ အမတ ၃၆၆ ကြား သစ်ပင်ခြုံနွယ်တွေ ပေါပြီးမျက်ကွယ်နေရာမျိုးမှာ စစ်သား ၂ ဦးနဲ့ပက်ပင်းတိုးခဲ့တာပါ။လေကြောင်း အန္တရာယ်၊ဒရုန်း အန္တရာယ်တွေကြောင့် ရဲဘော်တွေမြေပေါ် ပြားကပ်နေအောင် ဝပ်ထားချိန်မှာ တပ်စိပ်ရှေ့ဆုံးက ရဲဘော်ပွကြီး နဲ့ စစ်သား ၂ ယောက်တည့်တည့်တိုးတာပါ။ကံကောင်းတာက ရဲဘော်ပွကြီးက သူ့ယူနီဘောင်းက ဘတ်တံဆိပ်ကိုဖြုတ်ထားတာဖြစ်ပါတယ်။သူ့နောက် ခပ်လှမ်းလှမ်းမှာ ကျောင်းသားတပ်လို့ခေါ်တဲ့ ABSDF နဲ့ KPDF တပ်ဖွဲ့ဝင်တချို့ကရှိနေပါတယ်။ ပွကြီးရှေ့က ၂ ယောက်ဟာ စစ်သားတွေဆိုတာသိလိုက်တာနဲ့ ၄၀ မမထည့်ပစ်ရပေမယ့် အသီးကုန်နေတဲ့ သေနတ်ကိုအသာချလိုက်တယ်။
ခပ်တည်တည်ပဲပြောလိုက်တယ် မင်းတို့ လူမမြင်ပဲ ဘာလို့ရမ်းပစ်နေကြတာလဲဒီမှာ ကိုယ့်အချင်းချင်းထိကုန်ရင် ဘယ်လိုလုပ်မလဲ ပေးစမ်းမင်းတို့သေနတ်ဆိုပီး ရှေ့ထွက်ရပ်လိုက်ပါတယ်။
“တစ်ယောက်က ကြောင်အမ်းအမ်းနဲ့သေနတ်ကို ရှေ့ထိုးပေးပါရောချက်ခြင်းဆွဲယူပီး ပစ်သတ်လိုက်တယ်။နောက်တစ်ယောက်က ပွကြီးကို သေနတ်နဲ့ပစ်ဖို့ ချိန်လိုက်တဲ့အချိန်မှာ ပွကြီးကအဲ့ကောင်သေနတ်ကို ဆွဲယူပီး လက်သီးနဲ့ထိုးထဲ့လိုက်တယ်။ခွေးကောင်လဲကျသွားတယ်ဆွဲယူလိုက်တဲ့ သေနတ်နဲ့ပဲ ပစ်သတ်လိုက်ပြန်တယ်”ကျည်အသင့်ဖြည့်ပြီးသား စစ်သား ၂ ယောက်နဲ့ ပက်ပင်းတိုးတာမှာ ကျည်ကုန်နေပေမယ့် ကြောင်မသွားပဲ ဖြတ်ထိုးဥာဏ်သုံးပြီး လက်ချည်ဗလာတိုက်ခိုက်သွားတဲ့ ပွကြီးရဲ့ လုပ်ရပ်ကို KPDF ကတပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ ရဲဘော်သီဟ ကစာနဲ့ရေးပြပြီဂုဏ်ပြုမှတ်တမ်းတင်ထားတာဖြစ်ပါတယ်။
ပွကြီးနောက်ကကြည့်နေတဲ့ ရဲဘော်တွေသေနတ်တွေနဲ့ ချိန်ထားကြပေမယ့်ကိုယ့်လူ ကွယ်နေတော့ ပစ်မရကြပါဘူး။ အက်ရှင်ရုပ်ရှင် ဇာတ်လမ်းဆန်ဆန် တိုက်ခိုက်ခဲ့တာမှာ ပွကြီးလက်မှာလည်း စစ်သားရဲ့သေနတ်လုယူလိုက်တဲ့အချိန်မှာပြောင်းတံကို ဆွဲမိသွားမို့ လက်အပူလောင်သွားပီး အရေပြား ကွာသွားခဲ့ပါသေးတယ်။
ရှေ့တန်းမှာ အခုလိုအနီးကပ် ရန်သူနဲ့ကြုံရင်အတိုနဲ့ရှင်းရတာမျိုးပါ။ဒါပေမယ့် အတိုက တစ်ပွင့်ဗိုလ်အထက်ပဲကိုင်ရတာမို့ ပွကြီးမှာ အတိုလည်းမရှိသလို ဓားမြှောင်လည်း မဆောင်ထားပါဘူး။ ဒါကြောင့် လက်ဗလာနဲ့ နှစ်ယောက်တစ်ယောက်ကို စစ်သားဆီက သေနတ်ကိုလုပီး ပြန်ပစ်ခဲ့ရတာပါ။

“တကယ်တမ်းကြတော့သူ(ပွကြီး)က ပျော်ပျော်နေပီးအမြဲတမ်း တက်တက်ကြွကြွရှိတဲ့သူမျိုးပေါ့။ဒါပေမယ့်ဒီလိုဖြစ်ရပ်မျိုးကြတော့သူက ဉာဏ်ကောင်းသွားတာရယ်။ရန်သူကို နှစ်ယောက်တစ်ယောက်လက်ချည်ဗလာနဲ့ ဝင်လုံးရတာကတကယ်ကို ကျနော်တို့အတွက်က အံ့သြမှင်တက်စရာပါပဲ”လို့.ရဲဘော်သီဟက ပြောပါတယ်။
ရဲဘော်ပွကြီးကသာ စစ်သား ၂ ယောက်ကိုအဲလို မရှင်းနိုင်ခဲ့ဘူးဆိုရင် စစ်သား ၂ ယောက်ကလည်း ကျည်အသင့်ဖြည့်ပြီးသားမို့ ပစ်ခတ်မယ်ဆိုရင် ပွကြီးနောက်မှာ ရှိနေတဲ့ တပ်စိပ်ဖြစ်တဲ့ KPDF နဲ့ ABSDF က ရဲဘော်တွေ အနည်းနဲ့အများထိခိုက်မှုတွေရှိနိုင်ပါတယ် ။ဒါကြောင့် ရဲဘော်ပွကြီးကို အဲ့မှာရှိနေခဲ့တဲ့ တစ်စိပ်လုံးကကျေးဇူးတင်နေကြတယ်။
“ဒီအဖြစ်ကိုမျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတဲ့ကျောင်းသားတပ်က ညီလေးက ဒရုန်းမိုင်းထိလို့ဆေးရုံရောက်လာတော့ ပြောပြလို့ကို မပီးနိုင်။ဒါမျိုးကို ရုပ်ရှင်ထဲမှာပဲ တွေ့ဖူးတာအပြင်မှာချက်ခြင်းတုန့်ပြန်နိုင်စွမ်းရှိဖို့ကတော်တန်ယုံလူ မလွယ်ဘူးမဟုတ်လား” လို့ ရဲဘော်သီဟက ဖွင့်ဟပါတယ်။
KIA နဲ့ KPDF ၊ABSDF စတဲ့မဟာမိတ်တပ်တွေရဲ့ပြောင်မြောက်တဲ့ရဲစွမ်းသတ္တိ နဲ့ တိုက်စွမ်းရည်တွေကြောင့် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးမိုးတွေရွာ ၊ ပြည်ပကဝယ်ယူထားတဲ့စွမ်းရည်မြင့်ဒရုန်းတွေသုံး၊လက်နက်ကြီးတွေ အများအပြားပစ် ပေမယ့် စစ်တပ်ရဲ့ ခလရ (၂၃၆) ကိုရော ၊အမတ ၃၆၆ ကိုရော ဖေဖော်ဝါရီ တတိယပါတ်မှာ အောင်မြင်စွာသိမ်းပိုက်လိုက်ပါတယ် ။ စကခ (၂၁) ကို ကာပေးနေတဲ့ တပ်ရင်းတွေကျသွားတာမို့ စစ်တပ်အတွက် ရှုံးချက်နာလှပါတယ်။
အခုဆိုရင် KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ ၂၀၂၄ ဒီဇင်ဘာ ၄ ရက်မှာစတင်တဲ့ ကချင်ပြည်နယ် ဒုတိယမြို့တော်ကိုသိမ်းတဲ့ စစ်ဆင်ရေးဟာ နှစ်လကျော်အတွင်း အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်း ၊ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်း ၊ အမှတ် (၃၆၆) အမြောက်တပ်ရင်း၊ အမှတ် (၂၃၆)ခြေလျင်တပ်ရင်း၊ ဗန်းမော်လေယာဥ်ကွင်း ၊စရဖရုံး နဲဲ ဗန်းမော်မြို့အတွင်းစစ်တပ်တပ်စွဲရာနေရာအများအပြားကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ် ။
ဗန်းမော်မြို့မှာ စစ်ကောင်စီရဲ့ အဓိကတပ်ရင်းဌာနချုပ်ဖြစ်တဲ့ စကခ ၂၁ ကိုလည်းထိုးစစ်ဆင်နေပြီဖြစ်ပြီး သိမ်းပိုက်ဖို့နီးကပ်လာတာပါ။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်မှာ စစ်ရေးအရ ဗျူဟာမြောက်လှတာမို့ စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန်ခုခံခဲ့ပါတယ်။ ဗန်းမော်မှာ အရင်ရှိနေတဲ့ တပ်တွေရယ် ၊စစ်ရှုံးပြီး စွန့်လွတ်ရတဲ့မြို့တွေက ပြေးလာတဲ့စစ်တပ်တွေရယ် အင်အားထောင်ချီ ရှိသလို ခံစစ်အခိုင်အမာတည်ဆောက်ထားတာကြောင့်တိုက်ပွဲတွေဟာပြင်းထန်လှပါတယ်။
မြို့သိမ်းတိုက်ပွဲ တလျှောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ရဲဝံ့စွန့်စားကြသလို ၊ပြင်းထန်လှတဲ့တိုက်ပွဲမို့ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေလည်းများတယ်လို့ရဲဘော်တွေကပြောပါတယ်။ ဒီလို ပြင်းထန်တဲ့ ရှေ့တန်းမှာ ရဲဘော်ပွကြီးလို တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်တွေကြောင့် ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်မှာ KIA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်နီးကပ်လာပြီဖြစ်ပါတယ်။
အခုတော့ ရဲဘော်ပွကြီးရဲ့ အပူလောင်တဲလက်ကလည်းဆေးထည့်ပြီးကောင်းသွားပါပြီ။သမိုင်းဝင်ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ရဲဘော်သီဟ အတွက် ရဲဘော်ပွကြီးရဲ့ စွမ်းဆောင်မှုကို အမြဲအ မှတ်ရနေမှာဖြစ်ပြီး မှတ်တမ်းတင်ထားပြီဖြစ်ပါတယ်။
“သတ္တိကောင်းခဲ့တာလားဆိုတော့တကယ်တမ်းပြောရရင်ရဲဘော်တိုင်း သတ္တိကောင်းကြတယ်။ဒါပေမယ့်ဒီလိုနဖူးတွေ့ ဒူးတွေ့ အသက်လုရမယ့် အချိန်ရောက်တော့ သတ္တိရှိတယ်ဆိုတာထက် လုပ်သင့်တာကို သူမှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆုံးဖြတ်နိုင်တာက ကျနော်တို့ သူ့ကို ပိုလေးစားစရာ ဖြစ်ရတာပေါ့”လို့ ရဲဘော်ပွကြီးရဲ့ စွမ်းဆောင်ရည်အပေါ် ရဲဘော်သီဟက မှတ်ချက်ပြုလိုက်ပါတယ်။
