Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့သိမ်းတိုက်ပွဲဖမ်းမိတဲ့ စစ်သုံ့ပန်း ၁၃ ဦး ထွက်ပြေးလွတ်မြောက်နေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေထဲက တပ်ရင်မှူးတစ်ဦးနဲ့မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ၁၃ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ စုံစမ်းသိရပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ထံက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်း​တွေ။ ဓာတ်ပုံ-NUG

အောက်တိုဘာ-၂၆၊၂၀၂၅။အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေထဲက တပ်ရင်မှူးတစ်ဦးနဲ့မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ၁၃ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ စုံစမ်းသိရပါတယ်။

” ပေါ့လျော့လို့ဖြစ်တာ။ ကင်းစောင့်တဲ့သူတွေကို ရိုက်နှက်ပြီး ပြေးတာ။ သေနတ်လည်းပါသွားတယ်။ ပါမှာပါ။ ပေါ့လျော့လွန်းတယ်”လို့ အင်းတော်မြို့ခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်က အောက်တိုဘာဒုတိယလပတ်ထဲမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အင်းတော်မြို့နယ်ပကဖက သတင်းပြင်ပမထွက်အောင် ထိန်းထားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထွက်ပြေးသွားတဲ့သူတွေထဲမှာ တပ်ရင်းမှူးတစ်ဦးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအပြင် စစ်ကောင်စီဘက်ကအရာရှိအချို့ပါသွားတယ်လို့ ဒေသတွင်းစစ်ရေးနဲ့ လူထုတော်လှန်ရေးသတင်းတွေဖော်ပြနေတဲ့ Indaw Revolution-IRက ဒီနေ့(အောက်တိုဘာ ၂၆ရက်)မှာ ထုတ်ပြန်ထားပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့စစ်သုံ့ပန်းတွေက သေနတ်သုံးလက်ကိုလည်းယူဆောင်သွားတယ်လို့ဆိုပါတယ်။

အင်းတော်မြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက မသိမ်းပိုက်နိုင်ခင် အရပ်သားပြည်သူတွေကို စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ဖမ်းဆီးနှိပ်စက်မှု‌တွေမှာ ပူးပေါင်းကျူးလွန်ခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ၃၈ဦးကို ပြည်သူ့လုံခြုံရေးအဖွဲ့က သီးခြားချုပ်နှောင်ထားခဲ့တာကနေ ၁၃ဦးလွတ်မြောက်သွားတာလို့ စုံစမ်းသည်ရှိရပါတယ်။

အင်းတော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မ‌တော်(KIA)၊ ကျောင်းသားတပ်မ‌တော်(ABSDF)နဲ့PDF ပူးပေါင်းတပ်တွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသရဲ့ အစီအစဥ်နဲ့ ၂၀၂၅ ဧပြီ ၇ရက်မှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။

တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနဲ့စစ်သုံ့ပန်းအများပြားကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

ဗိုလ်မှူးချုပ် အောင်သက်ဦးကို သီးခြားနေရာမှာချုပ်နှောင်ထားတာဖြစ်ပြီး လက်ရှိထွက်ပြေးလွတ်မြောက်သွားတဲ့စစ်သုံ့ပန်းတွေထဲမှာ မပါဘူးလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

စစ်သုံ့ပန်းတွေထွက်ပြေးလွတ်မြောက်တာနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေက တရားဝင်သတင်းမထုတ်ပြန်သေးပါဘူး။ဖြစ်စဉ်နဲ့ ပတ်သက်လို့ NUGရဲ့ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဌာနကို လူထုနွေဦးက ဆက်သွယ်မေးမြန်းဖို့ကြိုးစား​နေ​ပေမယ့် ဆက်သွယ်လို့ မရ​သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဒေသတွင်းကသောက်သုံးရေကန်တွေနဲ့ စားသောက်ကုန်တွေမှာစစ်တပ်ကအဆိပ်ခပ်သွားဟု​ဒေသခံ​တွေ​ပြော

သတင်း

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။