Connect with us

Hi, what are you looking for?

ဆောင်းပါး

“ကံထူးတို့ အတွက်ပြန်​ပေးဆပ်ရမယ့်စစ်တပ်”

“ကံထူး”ဆိုတဲ့ နာမည်က သူ့ အသက် ၂၄ နှစ်ထဲရောက်မှ ရတာ။ နာမည်ပေးကင်ပွန်းတပ် ကိတ်မုန့်ကျွေးပြီးလွယ်လွယ် ရလာတဲ့ နာမည်​တော့ မဟုတ်ခံ့ပါဘူး။

ကံထူး ရယ် လို့ ဖြစ်လာပုံဇာတ်လမ်းအစကိုပြန်ပြန်ရရင်​တော့ …။

ရဲ​ခေါင်/People’s Spring

“ကံထူး”ဆိုတဲ့ နာမည်က သူ့ အသက် ၂၄ နှစ်ထဲရောက်မှ ရတာ။ နာမည်ပေးကင်ပွန်းတပ် ကိတ်မုန့်ကျွေးပြီးလွယ်လွယ် ရလာတဲ့ နာမည်​တော့ မဟုတ်ခံ့ပါဘူး။

ကံထူး ရယ် လို့ ဖြစ်လာပုံဇာတ်လမ်းအစကိုပြန်ပြန်ရရင်​တော့ …။

၂၀၂၄ခုနှစ်မတ်လမှာ ဆေးစစ်ရမယ်ဆိုပြီး ရပ်ကွက်ရုံးကအုပ်ကြီးတစုက အိမ်တိုင်ရာရောက် လာခေါ်လို့ လိုက်သွားရာကနေသူဟာ စစ်တပ်ရဲ့ အဓမ္မစစ်မှုထမ်းတဲ့ပါသွားပါ​တော့တယ်။

Public Service Announcement

Public Service Announcement

“သွေးစစ်မယ်။ခဏပဲ ကြာမှာ ဆိုတော့ ကျွန်တော့်မိဘတွေကယုံကြည်ပြီး ထည့်ပေးလိုက်တာ။အဲဒီနဲ့ ရပ် ကွက်ရုံးမှာ ည အိပ်ရပြီးနောက်ရက် မိုးလင်းတော့ စစ် တပ်ရဲ့ဝန်းတစ်ခုထဲ ပို့ခံလိုက်ရတာ”လို့ စစ်တပ်လက် အောက် ခံတွေရဲ့ လုပ်ရပ်ကို ကံထူး တစ်ယောက် နာကြဥ်စွာနဲ့ရင်ဖွင့်ပါတယ်။

ရောက်နေတဲ့နေရာက ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ နယ်မှာရှိတဲ့ အမှတ်(၁) တန်မြင့်လေ့ကျင့်ရေးကျောင်း (ဂျိုးဖြူသင်တန်းကျောင်း)ဆိုတာကိုတော့ နာရီပိုင်းအကြာမှာပဲ သူသိလိုက်ရပါတယ်။

မိသားစုကို ဆက်သွယ်ဖို့အတွက် သူ့ဖုန်းလည်း အ သိမ်းခံလိုက်ရ ၊ထွက်ပြေးလို့ရမယ့် နည်းလမ်းကလည်းမရှိသေးတော့ မကြိုက်​ပေမယ့် ခဏ ငြိမ်​နေရဖို့ဖြစ်ခဲ့ပါတယ် ။

“သင်တန်းကျောင်းမှာ ဘယ်နေရာကနေပြေးရင်ရမလဲဆိုတာအမြဲ လေ့လာတယ်။ပြေးတဲ့အချိန်နောက်မှာဖြစ်လာမယ့် နောက်ဆက်တွဲတွေကိုတော့ ညတိုင်းတွေးတယ်။ဒီ ခွေးစစ်တပ်အောက်က နေ မလွတ် လွတ်အောင်ပြေးရမယ်ဆိုတဲ့ အသိကတော့ ဘယ်တော့မှ ပျက်မသွားဘူး” လို့ သူရဲ့ ပိုင်းဖြတ်ထားတဲ့ စိတ်ခံစားချက်ကို ​ပြောပါတယ်။

သင်တန်းကာလတွေမှာဆိုရင်လည်း စစ်တပ်ရဲ့ အရာရှိတွေက အဓမ္မ စုဆောင်းခံရတဲ့သင်တန်းသားတွေကို စစ်မတိုက်ရဘူးလို့မကြာခဏ လိမ်ကြပါတယ်။ စစ်တပ်ကအရာရှိ​တွေရဲ့ကိုယ့် ဒေသကိုယ် လုံခြုံရေးယူရမှာဆိုတဲ့ လိမ်လည်စည်းရုံးမှုတွေကတော့ ကံထူးရဲ့စိတ်ကို နောက်တစ်ကြိမ်လှည့်စားဖို့ရာ မစွမ်းသာ​တော့ပါဘူး။

၂၀၂၄ ဇွန် ၂၉ ရက်က ဂျိုးဖြူသင်တန်းကျောင်း အ ပတ်စဥ် ၁ တပ်သားသစ် ၈၀၀ သင်တန်းစဆင်းတဲ့ရက်စွဲပါ။ ဘယ်စစ်မြေပြင်သွားရမလဲ ဆိုတာတော့ ဘယ်သူမှ မသိကြသေးပါဘူး။တချို့ကတော့ အိမ်ပြန်ရမယ်လို့ထင်မှတ်​နေကြပုံရပါတယ်။

နောက်တစ်ရက်မနက်အစောမှာတော့ သင်တန်းဆင်းတပ်သားသစ်တွေကိုကား ဆယ်စီး၊ တစ်စီး မှာအယောက် ၂၀ နှုန်းနဲ့အသုတ်လိုက် သတ်မှတ်​ဒေသတွေကိုပို့ဖို့ စစ်တပ်က စီစဥ်ခဲ့ပါတယ်။

အဲဒီအချိန်က အာရက္ခတပ်တော် (AA )က အမ်း၊တောင်ကုတ်၊သံတွဲနဲ့ မောင်တောကိုထိုးစစ်ဆင်နေတဲ့ ကာလပါပဲ။နောက် ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ ကရင်နီပြည်ဘက်ကို စစ်ဦး ထိုးမယ့် စစ်တပ်ရဲ့စစ်ရေးရည်မှန်းချက်လည်းရှိပါသေးတယ်။

စစ်ကားတွေ အမြန်လမ်းပေါ် ရောက်လို့ ရန်ကုန်ကို စွန့်ခွာရပြီဆိုတဲ့ အသိနဲ့ လမ်းမပေါ်က ဆိုင်းဘုတ်တွေကိုကြည့်ရင်း စစ်တပ်က တခြားနေရာကို ပို့တော့မယ်ဆိုတာ ကံထူး နဲ့ အတူ ထွက်ပြေး ဖို့တိုင်ပင်ထားတဲ့ လူငယ်တစ်စု ရိပ်စားမိလာကြပါတယ်။

“မန္တလေးမှာကတည်းကပြေးဖို့ ကားပေါ်ပါတဲ့ စိတ်တူကိုယ်တူ လေးယောက် စီစဥ်ကြသေးတယ် ။လွတ်လမ်း နဲ့ ထွက်ပေါက်က မရှိ။အဲဒါနဲ့ အခွင့်အရေးထပ်စောင့်ရင်း ရွှေညောင်က စစ်တပ်နားခိုရေးစခန်းကို နေ့လည် ၃ နာရီလောက်မှာရောက်ခဲ့တယ်”လို့သူပြောပါတယ်။

ဒါပေမယ့် လွတ်မြောက်ရမယ်ဆိုတဲ့ လူငယ်တစ်စုရဲ့ ယုံကြည်ချက်တွေကပဲ ထွက်​ပြေးနိုင်ဖို့ ကိုယ်စီတာဝန်တွေခွဲယူတာ ပတ်ဝန်း ကျင်အခြေအနေစောင့်ကြည့်တာနဲ့ ထွက်ပြေးရင် ဘယ်ဘက်ကို​ပြေးရင် လွတ်နိုင်မလဲ၊ ပြီးရင် ဘာဆက်လုပ်ကြမလဲ စတာ​တွေကို ဆွေးနွေးကြပါတယ်။

ဒီလိုနဲ့ စခန်းရဲ့ အုတ်တံတိုင်းကို ကျော်ပြီး ကားလမ်းမပေါ်ချက်ချင်းရောက်ပြီး အမြန်ဆုံးထွက်ပြေးလို့ရမယ့်အခွင့်အ​ရေးကိုရှာဖို့ သူတို့လေးယောက် ဆုံး ဖြတ်လိုက်ပါတယ်။

လကုန်ရက်လည်းဖြစ် ကင်းစောင့် ကလည်းမတွေ့ရတဲ့ စစ်တပ်နားခိုရေးစခန်းကမှ မလွတ်ခဲ့ဘူးဆိုရင်​တော့ နောက် ထပ် ဒီလို အခွင့်အရေးဆိုတာမျိုးသူတို့် ထပ်မရနိုင်​တော့ဘူးလို့ ​တွေးထားလိုက်ပါတယ်။

ဒီလိုနဲ့ နှစ်ယောက်က စစ်တပ်ကင်းစောင့် လာ၊မလာ ပတ်ဝန်းကျင် ကို မကြာခဏ လေ့လာ။ကျန်တဲ့နှစ်ယောက်က ခရီးမှာ စားဖို့သောက်ဖို့နဲ့ အလွယ်တကူ ရိက္ခာလေးတွေဖြည့် ၊သယ်လို့ရမယ့် ပစ္စည်းတချို့ စုထားရင်း အချိန်​ကောင်းကို မျှော်နေကြပါတယ်။ ၂၀၂၄ ဇွန် ၃၀ ရက်​နေ့ ည​နေမှာ​တော့ သူတို့ထွက်​ပြေးကြပါတယ် ။

“အစီအစဥ်စတာ ည ၆ နာရီခွဲ ၊ ၇ နာရီကြားထဲပဲ။သင်တန်းဆင်းတုန်းက ပြန်ပေးထားတဲ့ ဖုန်းကို မပျောက် အောင်ဂရုစိုက်။ကားလမ်းမပေါ်ရောက်အောင် သုတ် ခြေတင်။တောင် ကုန်းတစ်ခုပေါ်တက်။ပြီးရင် အောက်ခြေကိုထပ်ဆင်းရင်း အဲဒီမှာပဲ ဖြစ်သလို အိပ်တယ်။နောက်နေ့ မနက်အစော တောင်ကြီးဘက်ကိုခရီးဆက်ခဲ့တာ”လို့ ​လွတ်မြောက်ခဲ့တဲ့ဖြစ်စဥ်အချို့ကို သူက ပြန်ပြောပါတယ်။

ဒါပေမယ့် စစ်တပ်က ရှာဖွေနိုင်တဲ့ နယ်မြေကနေ အလုံးစုံ လွတ်မြောက်ဖို့ လိုသေးတယ်ဆိုတာကို သူတို့သ​ဘော​ပေါက်ပါတယ် ။ ဒါ​ကြောင့် စစ်တပ်မစိုးမိုးနိုင်တဲ့ လွတ်​မြောက်နယ်​မြေအထိ​ရောက်​အောင်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ။ကံထူးက တော်လှန်ရေးရဲဘော်ဖြစ်နေတဲ့မိတ်ဆွေဆီကနေတဆင့် အမျိုးသားညီညွတ်ရေးအစိုး NUG ရဲ့ ပြည်သူ့ရင်ခွင် အဖွဲ့နဲ့ ချိတ်ဆက်လို့ရခဲ့ပါတယ်။

စစ်တပ်လက်အောက်ကနေ လွတ်မြောက်ချင်တဲ့သူတွေကို ကယ်ထုတ်ဖို့ ဖွဲ့စည်းထားတဲ့ ပြည့်သူ့ရင်ခွင် အဖွဲ့အစည်းကနေပဲ သက်ဆိုင်ရာ ဒေသက ကာ ကွယ်ရေးတပ်ဖွဲ့ကို လွှဲပြီး ခေါ်ထုတ်ဖို့ အစီအစဥ် ကိုဆွဲ​ပေးပါတယ်။

နောက်ဆုံးကံထူးတို့ကို ကယ်ထုတ်ဖို့ အစီအစဥ်ဟာ အင်းလေးပြည်သူ့ ကာ ကွယ်ရေးတပ် IPDF လက်ထဲကို ရောက် လာခဲ့ပါတယ်။ စစ်တပ်ရဲ့အသွင်ယူ ထောက်ချောက်ဆင်တဲ့ သာ

ဓက အချို့ကြောင့်ရှိတာ​ကြောင်လည်း အဆင့်ဆင့်စိစစ်ရပြီး ခေါ်ထုတ်ရမယ့်ဆုံရပ်ကို IPDF က သတိထားပြီးစီစဥ်​ပေးပါတယ်။

ကံထူးတို့လေးယောက်စစ်တပ်ဆီကထွက်​ပြေးလွတ်​မြောက်လာပြီး​တော့ ကိုယ်စီသ​ဘောဆန္ဒအရ လူခွဲလိုက်ကြပါတယ် ။ကံထူးတစ်ယောက်ပဲ IPDF ရဲ့ သတ်မှတ်ဆုံရပ်ကို သွားခဲ့ပါတယ်။ ကျန်၃ ​ယောက်မှာ တစ်​ယောက်ကအခြား​တော်လှန်​ရေးအဖွဲ့ နဲ့ ချိတ်ဆက်ပြီး စစ်တပ်ကိုတိုက်ခိုက်​နေပါပြီ။ ကျန် ၂ ​ယာက်နဲ့​တော့ အဆက်အသွယ်ပြတ်သွားပါတယ် ။

ကံထူးကို ကယ်ထုတ်ခဲ့ပုံကို IPDF ရဲ့ တာဝန်ရှိသူ အင်းသွေးနီက”ပန်းစိုက်ခင်းထဲမှာ မနက်အစောကတည်းကနေ ညနေမှောင်စထိ သူ(ကံထူး) တစ်ယောက်ထဲပုန်းပြီးစောင့်နေတာ။တစ်နေ့ကုန် ဘယ်သူမှမတွေ့အောင်ပုန်းနေတာပေါ့ ” လို့ ရှင်းပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ IPDF ကခေါ်ထုတ်နိုင်ခဲ့တဲ့ ကံထူးအပါအဝင် စစ်သားနဲ့ ရဲ ၁၁ ဦးရှိပါတယ်။ သူတို့ရဲ့ ဆန္ဒအတိုင်း ဆုံးဖြတ်ခွင့်ပေးခဲ့ပါတယ် ။ အဲဒီထဲကမှ IPDF မှာ ပြန်ပြီး တာ ဝန်ထမ်းဆောင်တာ လေးဦး၊တာဝန်မပေးရသေးတာသုံးဦး နဲ့ ကိုယ့်သဘောဆန္ဒအရ ရွှေ့ပြောင်းတဲ့သူလေးဦးတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကို တော်လှန်ဖို့ IPDF ကို ၂၀၂၂ ခုနှစ် ၁ လပိုင်းမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။အခုလည်း ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် နဲ့ ဖယ်ခုံ မြို့ နယ်အစပ်မှာ စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့ စစ် ပူး ပေါင်းစစ်ကြောင်း ကို ခုခံတိုက်ခိုက်နေပါတယ်။

​ဖေ​ဖော်ဝါရီလ ၁၆ ရက်​နေ့က ညောင်ရွှေမြို့နယ် ရေပူရွာအနီး တိုက်ပွဲမှာ PDF ရဲဘော်တွေနဲ့အတူကံထူး တစ်ယောက် သူ့ကို အဓမ္မတပ်ထဲဆွဲသွင်းခဲ့တဲ့ စစ်အုပ်စုကို တိုက်ခိုက်ချေမှုန်းခွင့်ရခဲ့ပါတယ်။ဒီတိုက်ပွဲက သူရဲ့ ပထမဆုံးပွဲ လည်းဖြစ်သလို ရန်သူ့တပ်သား လေးဦးကို အရှင်မိပြီး လက်နက်တွေပါရခဲ့တာ သူ့အတွက် အပိုဆုတစ်ခုပဲ လိုဆိုပါတယ်။

“နောက်လာမယ့်လူငယ်တွေ ကျွန်တော်တို့လို ပုံစံမျိုးမဖြစ်စေချင်တော့ဘူး။ဒါကြောင့် တိုက်ပွဲထဲဝင်တာ။သူတို့(စစ်အုပ်စု)ကို ကြောက်နေလို့မရဘူး”လို့ တော် လှန်ရေးရဲဘော်တစ်ယောက်ဖြစ်လာတဲ့ ကံထူးက သူရဲ့ ခံယူချက်ကို ပြောပါတယ်။

ရန်ကုန်၊မန္တလေး လို စစ်တပ်စိုးမိုး​နေ​သေးတဲနယ်မြေတွေမှာ အဓမ္မစစ်မှုထမ်းဥပဒေနဲ့ အဓမ္မ ဖမ်းဆီးခံနေရသူတွေကိုလည်း အမြန်ဆုံးရှောင်လွှဲနိုင်ဖို့လည်းသူကတိုက်တွန်းပါတယ်။

စစ်အာဏာရှင်ကို မကြိုက်ဘူးဆိုတဲ့သူတွေကတော့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ ချိတ်ဆက်ပြီး အာဏာရှင်ကို လက်တွေ့ကျကျ ချေမှုန်းသင့်ပြီ လို့ သူရဲ့အမြင်ကို ဆက်ပြောပါတယ်။

အသက်အရွယ်နဲ့မလိုက် တည်ငြိမ်အေးဆေးပြီး ခံယူချက်ကောင်းတဲ့ ကံထူး ဆိုတဲ့ နာမည်မှည့်ပေးခဲ့တာက အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်များပဲ ဖြစ်ပါတယ်။

“အသေခံခိုင်းမယ့် စစ်တပ်လက်အောက်ကနေ စွန့်စားပြီးကံကောင်းစွာနဲ့လွတ်လာလို့ဝိုင်းခေါ် တာပေါ့။သူက မာမာထန်ထန်လည်းရှိတယ်။တည်ငြိမ်တယ်။တော် လှန်ရေးအပေါ်မှာပေးအပ်တဲ့တာဝန်ကို ကျေပွန်တယ် “လို့ IPDF ရဲဘော်တစ်ဦးက ကံထူး နဲ့ပတ်သက်လို့ ပြောပါတယ်။

မိဘနှစ်ပါးကို နေ့စားလုပ်သားအဖြစ်နဲ့ လုပ်ကျွေးပြီး ပျော်ရွှင်နေရတဲ့ မိသားစုအသိုက်အမြုံကို ဖျက်ဆီးခဲ့တဲ့ စစ်အုပ်စုကိုတော့ ကံထူးကဘယ်တော့မှ ခွင့်မလွှတ်ပါဘူး။

“သူကရောက်ခါစကတည်းက ဒီကောင်တွေကို ပြန်တိုက်မယ်။ဒီစကားပဲ ပြောတယ်။ကျွန်တော်တို့ရဲ့ စောင့်ကြည့်ကာလ ၄၅ ရက်မပြည့်ခင်မှာပဲ ကျွန်တော့်ကိုပူဆာတာ လေးငါးခါလောက်ရှိတယ်။လုံးဝ စကစ တွေကို ဘယ်လောက်ထိ ရွံ့ရှာမုန်းတီးတယ်ဆိုတာ သိသာတယ်”လို့ ကိုအင်းသွေးနီက မှတ်ချက်ပြုပါတယ်။

ကံထူး က​တော့ အသက်အန္တရာယ်နဲ့အခက်အခဲ​တွေကြား ကံထူး ရယ်လို နာမည်ရလာတာကိုသဘောကျရပုံရပါတယ် ။စစ်အာဏာရှင်ကို​တော်လှန်ဖို့အတွက် သူ့ ရဲ့ ဒသန ကိုလည်းအခုလိုပြောပြပါတယ်။

“ကံဆိုတာအလုပ်မဟုတ်လား။အလုပ်လုပ်ပြီးထူး တာ မထူးတာထက် ပါးစပ်အပြောနဲ့တော့ အာဏာရှင်ကို တော်လှန်လို့မရဘူး”။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရာနဲ့ချီ များပြားတဲ့ စစ်သုံ့ပန်းတွေကို အပြန်အလှန် လဲလှယ်ခဲ့ကြတယ်လို့ ရုရှားနဲ့ ယူကရိန်းတို့က အသီးသီး အတည်ပြု ကြေညာခဲ့ပါတယ်။

သတင်း

စစ်သုံ့ပန်းများအား ကောင်းမွန်စွာ ထားရှိမည်ဟု ပူးပေါင်းတပ်ဖွဲ့ ​ပြော

Facebook