Connect with us

Hi, what are you looking for?

ဆောင်းပါး

အညာကနေ ဒေါ်အောင်ဆန်းစုကြည်ကို လွမ်းကြသူတွေ

စစ်ဘေးစစ်ဒဏ် ခံနေရတဲ့ စစ်ကိုင်းနယ် ရွာတရွာကအသက် (၇၅)နှစ်အရွယ် ဒေါ်မြ(အမည်လွှဲ)ဟာ ဒီကနေ့ ဇွန်လ (၁၉)ရက် မနက်ပိုင်းက ဘုရားရှိခိုးတာ အရင်နေ့ကထက် ပိုကြာခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ဟာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့ဖြစ်တာကြောင့် သူမအတွက် ဘုရားမှာ ဆုတောင်းပေးနေလို့ပါလို့ ဒေါ်မြက ပြောတယ်။

ဇေအောင်/People’s Spring

စစ်ဘေးစစ်ဒဏ် ခံနေရတဲ့ စစ်ကိုင်းနယ် ရွာတရွာကအသက် (၇၅)နှစ်အရွယ် ဒေါ်မြ(အမည်လွှဲ)ဟာ ဒီကနေ့ ဇွန်လ (၁၉)ရက် မနက်ပိုင်းက ဘုရားရှိခိုးတာ အရင်နေ့ကထက် ပိုကြာခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ဟာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့ဖြစ်တာကြောင့် သူမအတွက် ဘုရားမှာ ဆုတောင်းပေးနေလို့ပါလို့ ဒေါ်မြက ပြောတယ်။

“အချုပ်အနှောင်ကနေ အမြန်ဆုံးလွတ်ဖို့လည်း ဆုတောင်းလိုက်တယ်။”လို့ ဒေါမြကပြောပြတယ်။

ဒေါ်မြတို့တတွေ ဒေါ်အောင်ဆန်းစုကြည်ကို လွမ်းနေခဲ့တာ ၅ နှစ်နီးပါး ရှိခဲ့ပါပြီ။ မွေးနေ့မရောက်ခင် တရက်အလိုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ တစ်မိနစ်ကျော်ကျော်သာကြာတဲ့ တရားခွင် ရုပ်သံ ထွက်ပေါ်လာခဲ့တယ်။ ရုပ်သံမှတ်တမ်းက လက်ရှိရိုက်ထားတာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် ၊သြဂုတ် ၂၂ ရက် ကတရားခွင်နဲ့ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ၁၂ ရက် က တရားခွင် မြင်ကွင်းတချို့ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တရားခွင်နှစ်ခုလုံးမှာတော့ဒေါ်အောင်ဆန်းစုကြည်ကို အဖြူရောင်ဆွယ်တာလက်ရှည် ၊ အနက်ရောင်လုံချည်ဝတ်ဆင်ထားတာတွေ့ရပြီး ပန်းမပန်ထားပါဘူး။ ပြည်သူတွေဟာ အဲဒီမှတ်တမ်းအတိုလေးတွေ့တာနဲ့တင် မျက်ရည်ဝဲကျ၊ စိတ်ထိခိုက်ကြတယ်။ ငါးနှစ်အတွင်း ဒါ ဒုတိယမြောက်တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကလေးဖြစ်နေတာကိုး။အရင်ကလည်း တရားခွင်ဓာတ်ပုံတပုံ စစ်ကောင်စီက ထုတ်ပြန်ခဲ့ဖူးပါတယ်။

အသက် (၈၀)ပြည့်ပြီဖြစ်တဲ့ လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးအတွက် ပြည်သူတွေက စိုးရိမ်ကြပါတယ်။ ပြည်သူတွေစိုးရိမ်ကြသလို ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးမှာ ဘယ်ဖက်လက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အရပ်ဘက် အဖွဲ့အစည်းတခုဖြစ်တဲ့ Suu Foundation ရဲ့ထုတ်ပြန်ချက်အရ သိရတယ်။

ဒေါ်အောင်ဆန်းစုကြည် ချုပ်နှောင်ခံထားရတဲ့ အကျဉ်းထောင်မှာ ထိခိုက် ပျက်စီးမှုများ ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဘယ်ဘက်လက်မှာ ဒဏ်ရာရခဲ့တယ်လို့ Suu Foundation က အသိပေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ထက် ငါးနှစ်ငယ်တဲ့ ဒေါ်မြတို့တောင် ငလျင်ကြီးမှာ ကံကောင်းလို့ အသက်ရှင်ခဲ့တာမို့ အသက် ၈၀ ပြည့်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ စိတ်ပူစရာပါ။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပကတိနဲ့ အပြင်အမြန်ရောက်ဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေကကော ပြည်သူတွေကပါ ဆန္ဒရှိကြပါတယ်။ ဒါကြောင့် ဒီကနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ လူထုလှုပ်ရှားမှုတွေ ပြုလုပ်ပြီး မွေးနေ့ပွဲကို တပြည်လုံးခြိမ့်ခြိမ့်သဲ ကျင်းပဖို့ ပြင်ထားကြပါတယ်။

https://www.facebook.com/LuduNwayOo/videos/1306778967766533

စစ်ကောင်စီကလည်းအဲဒီလိုတွေလုပ်မှာစိုးလို့ မွေးနေ့မတိုင်မီကတည်းက လက်တပြင်ပြင် ရှိနေခဲ့ပါတယ်။ မွေးနေ့အကြို နှင်းဆီပန်းနဲ့ ဓာတ်ပုံရိုက်ပြီး facebook ပေါ်တင်တဲ့ မန္တလေးက အမျိုးသမီးငယ်လေးတယောက်ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက သတင်းဖြန့်ခဲ့တယ်။

သို့သော်လူထုကတော့မကြောက်ကြပါဘူး။ဒီမနက်ခင်းမှာတင် မန္တလေးမြို့လယ်တနေရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လူထုလှုပ်ရှားမှု ပြုလုပ်သွားခဲ့ကြပါတယ်။

အဲဒီလှုပ်ရှားမှုနဲ့အတူ “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ယုံကြည်ချက်အတွက်၊ စစ်အာဏာရှင်လက်က တိုင်းပြည်လွတ်မြောက်ရေးအတွက် ဒီအသက်အရွယ်ထိ ဆက်လက် ကြိုးပမ်းထမ်းရွက်နေဆဲပါ။ အကျဉ်းထောင်တွေထဲက ခေါင်းဆောင်တွေ၊ ရဲဘော်တွေကတောင် မဆုတ်မနစ်တိုက်ပွဲဝင်နေကြချိန်မှာ အကျယ်ထောင်က ပြည်သူလူထုအနေနဲ့ကလည်း တော်လှန်ရေးမှတပါး အခြားမရှိပါဘူး။”လို့ လူထုသပိတ်ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုတေဇာဆန်းက အသိပေးပါတယ်။

အညာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေ အများကြီး ပြုလုပ်ဖို့ရှိတယ်လို့စစ်ကိုင်းတိုင်းကတော်လှန်ရေးသမားတွေက ပြောပါတယ်။

ဒါ့အပြင်စာသင်တာတောင်လေကြောင်းဗုံးကြဲခံနေရတဲ့ စစ်ကိုင်းတိုင်းက ကလေးငယ်တွေအတွက် မြေအောက်စာသင်ကျောင်းတကျောင်းကို ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် အနေနဲ့ စတင်ဖွင့်လှစ်မယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ မုံရွာမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ဒေါ်အောင်ဆန်းစုကြည် နှစ်(၈၀)ပြည့်မွေးနေ့အထိမ်းအမှတ်လူထုလှုပ်ရှားမှုကို မနေ့ကပဲ ကြိုလုပ်သွားခဲ့တယ်။

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊၅/အရတ အရာတော်လူထုသပိတ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ပြည်သူလူထုနဲ့အတူ “ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက်ဆက်ရုန်းကြ” ဘန်နာစာတန်းကိုင်စွဲပြီး လူထုသပိတ်စစ်ကြောင်းချီတက်ခဲ့ကြတာပါ။

အလားတူ ဆားလင်းကြီးမြို့နယ်၊ချင်းတွင်းမြစ်ကမ်းဘေးသပိတ်စစ်ကြောင်းကလည်း လူထုခေါင်ဆောင်မွေးနေ့အထိမ်းအမှတ်အနေနဲ့ လူထုသပိတ်စစ်ကြောင်းချီတက်ခဲ့ကြပါသေးတယ်။

ဒေါ်မြတို့ကတော့ နိုင်ငံရေးဆိုတာ တကယ်နားမလည်ကြပါဘူး။ သို့ပေသိ အာဏာသိမ်း စစ်တပ်ရဲ့ မတရားမှုတွေကို ရွံမုန်းပါတယ်။ အဓမ္မကနေ ဓမ္မ ပြန်လည်လွှမ်းမိုးတာကိုသာ လိုလားပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမယ့်နေ့ကိုပဲ ဒေါ်မြလည်း မျှော်လင့်နေတာပါ။

ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်း​ဘေး​ကျေးရွာများသပိန်၊ GSCB

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အရေးကြီးအချက်အလက်တွေကို ICRC အနေနဲ့ အများပြည်သူ သိရှိနိုင်ဖို့ ပိုမိုပွင့်လင်းမြင်သာစွာ ထပ်မံထုတ်ပြန်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တောင်းဆိုပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံမှုဟာ မျှော်လင့်ချက်တွေကို ယူဆောင်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားလိုက်ပြီး မိခင်နဲ့စကားပြောခွင့်၊ တွေ့ဆုံခွင့်အပြင် မိခင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးမျှော်လင့်နေကြောင်း အသိပေးပါတယ်။

သတင်း

ငါးနှစ်ကျော်အတွင်း မိခင်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှုဖြစ်ပြီး မိခင်အပါအဝင်နိုင်ကျဥ်းအားလုံးလွှတ်​ပေးရန် ကင်မ် ဆက်လက်​တောင်းဆို

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။