Connect with us

Hi, what are you looking for?

ဆောင်းပါး

ဘယ်လို ဟက်ပီးနယူးရီးယားလဲ

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ နှစ်သစ်ကူးညကို နှုတ်ဆက်ဖို့ စူပါမားကတ်တွေ၊ အကင်ဆိုင်တွေ၊ အဖျော်ယမကာဆိုင်တွေမှာ လူတွေ ကြိတ်ကြိတ်တိုးခဲ့တယ်။ ပုဂံ၊ ပြင်ဦးလွင်၊ ချောင်းသာ၊ကျိုက်ထီးရိုး စတဲ့နေရာတွေလည်း ဧည့်သည်တွေ တိုးဝှေ့နေခဲ့တယ်။ စစ်ကောင်စီက လုပ်ပေးတဲ့ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ စတိတ်ရှိူးပွဲတွေမှာလည်း လူတွေ စည်ကားခဲ့တယ်။

Scorpio/People’s Spring

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ နှစ်သစ်ကူးညကို နှုတ်ဆက်ဖို့ စူပါမားကတ်တွေ၊ အကင်ဆိုင်တွေ၊ အဖျော်ယမကာဆိုင်တွေမှာ လူတွေ ကြိတ်ကြိတ်တိုးခဲ့တယ်။ ပုဂံ၊ ပြင်ဦးလွင်၊ ချောင်းသာ၊ကျိုက်ထီးရိုး စတဲ့နေရာတွေလည်း ဧည့်သည်တွေ တိုးဝှေ့နေခဲ့တယ်။ စစ်ကောင်စီက လုပ်ပေးတဲ့ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ စတိတ်ရှိူးပွဲတွေမှာလည်း လူတွေ စည်ကားခဲ့တယ်။

မြို့ပေါ်မှာလိုပဲ စစ်ကိုင်းတိုင်း၊ ကသာ-မြစ်ကြီးနားလမ်းပေါ်မှာလည်းအလားတူလူတွေကြိတ်ကြိတ်တိုးခဲ့ပါတယ်။ မြို့ကြီးတွေကလို နှစ်ကူးညပျော်ဖို့ပါးဖို့မဟုတ်ဘဲ အသက်ရှင်သန်ရေးအတွက် စစ်ရှောင်ရတဲ့ပြည်သူတွေပဲ ဖြစ်ပါတယ်။

ဒီဇင်ဘာ၃၁ရက် ညဟာ ပိုလို့မှောင်နေခဲ့တယ်။ နှင်းတွေဟာ ထူထူထည်းထည်းကြီးကျနေခဲ့တယ်။ မြစ်ကြီးနားဘက်ပြေးသူတွေ ညမိုးချုပ်လာတော့ ဗျူဟာလမ်းဘေးဆင်းကာ အိပ်စက်ဖို့ ပြင်ကြတယ်။ “ ဆိုင်ကယ်ပေါ်မှာ စောင်အိပ်တွေချည်း တင်ခဲ့လို့ တော်သေးတာ” လို့ ကသာမြို့က စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။ စစ်ရှောင်တွေဟာ လမ်းဘေး မြေသားအေးအေးပေါ် မိုးကာခင်းအိပ်ရင်း နှစ်သစ်ကို ကြိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ကသာက ပြည်သူတွေလိုပဲ စစ်ကိုင်းတိုင်းဘုတလင်မြို့နယ်မှာလည်း ရွာပေါင်း ၂၀ လောက်က ပြည်သူတွေဟာ စစ်ဘေးရှောင်နေရတယ်။ နှစ်ကူးညမှာပဲ အမိုးအကာမပါတဲ့ ဆီး​ခြံတွေထဲ၊ ပေါင်းမိုးတွေနဲ့ အိပ်စက်နေကြရတယ်။ အိပ်မပျော်သူတွေကတော့ နှင်းတောထဲ ငုတ်တုပ်ထိုင်ရင်း နှစ်သစ်ကို ကြိုခဲ့ကြရပါတယ်။

မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းနယ်က စစ်ရှောင်ပြည်သူတွေဟာလည်း နှစ်ကူးညကိုစစ်ရှောင်စခန်းတွေမှာဖြတ်သန်းနေကြရပါတယ်။

ကသာဘက်ကပြည်သူတွေဟာ ကချင်ပြည်နယ်ဘက် ဦးတည်ပြေးခဲ့ကြပေမဲ့ ကချင်ဘက်မှာလည်း သိပ်ထူးမခြားနားပါ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာလည်း မနေ့က နှစ်ကူးမယ့်ညနေခင်း ၅ နာရီလောက်မှာ တပ်မကုန်းက စစ်တပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့လို့ စိုင်းတောင် ရပ်ကွက် ၁ ထဲကျပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ဒါ့အပြင် နှစ်ကူးချိန် လက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်နေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပေါ်မှာ နှစ်သစ်ကူးညမို့ စျေးဆိုင်တွေ ရောင်းပန်းဝယ်ပန်းလှနေချိန် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်ကုန်းရွာက အပြင်အဆင်လေးတွေနဲ့ မျက်စိပသာဒဖြစ်အောင် ကြိုးစားထားတဲ့ ဝိုင်းလေး ဆိုတဲ့စားသောက်ဆိုင်လေးလည်း ဧည့်မျှော်နေခဲ့တယ်။ စျေးစရောင်းဖို့ ပြင်ဆင်နေတဲ့အချိန် ညနေပိုင်း ၄ နာရီခန့်မှာတော့ဧည့်မျှော်နေတဲ့ဆိုင်ကလေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပါတော့တယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဆိုင်ရှင်အမျိုးသမီးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ဒါ့အပြင်နေအိမ်သုံးလုံးနဲ့ ဆိုင်ခန်းများမီးလောင်ပျက်စီးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောပါတယ်။

“ အဲဆိုင်လေး ပြင်ဆင်ထားတာမှမကြာသေး။ဘူး အခုတလောမှာ ဆိုင်လေးက စျေးလေးအတန်အသင့် ရောင်းနေရတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြောင်နယ်ကနေ စစ်ကိုင်းတိုင်းဘက်ကူးမယ်ဆိုရင် ရောက်မယ့် ဆားလင်းကြီးမြို့နယ်မှာလည်း​နိုင်ငံတွင်းက ​ကြေးနီ​တွေတူးထုတ်​နေတဲ့ ယန်စီကုမ္မဏီဝင်းထဲက စစ်ကောင်စီတပ်ကနေ နှစ်ကူးမယ့်ည ၈ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ယင်းမာပင်မြို့နယ်၊ တယ်ပင်ကန်ရွာထဲ လက်နက်ကြီးကျပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

အညာမှာတင်မကဘဲ တိုင်းရင်းသားဒေသတွေမှာပါ စစ်ကောင်စီက နှစ်ဟောင်းကို ကြမ်းတမ်းစွာ နူတ်ဆက်ခဲ့ပါတယ်။ ည ၇ နာရီခွဲလောက်က ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ် အမှတ် (၁) ရပ်ကွက်ကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ရှေးဟောင်းအိမ်လေးလုံးအပါအဝင် အိမ်ကိုးလုံးပျက်ခဲ့ပြီး လူသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်မှာလည်း မနေ့ည ၇ နာရီလောက်မှာ ပျဥ်းမနားမြို့နယ်၊ ရန်အောင်(၂)၊ ရန်နိုင်ရပ်ကွက်မှာ မီးလောင်ခဲ့ပါတယ်။ ပျဥ်းမနားမှာ နေ့ခင်းကလည်း တစ်ကြိမ်လောင်ခဲ့ပြီး ဒါကဒုတိယအကြိမ်ပါ။ တစ်နာရီကျော်လောင်ကျွမ်းခဲ့ပြီးနောက် နေအိမ် ၆၀ ကျော် ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ မနက်ပိုင်းလောင်တာ အိမ်၂ လုံး၊ ညပိုင်းလောင်တာက အိမ် ၆၂လုံး။ ပျဉ်းမနားရဲ့ နှစ်သစ်ကြိုဆိုပုံကြီးက အတော်စိတ်မချမ်းမသာဖြစ်ရပါတယ်။” လို့ ဒေသခံတစ်ဦးက ပြောတယ်။

ဇန်နဝါရီ ၁ ရက် နှစ်ဆန်းတစ်ရက်နေ့မှာလည်း စစ်ကောင်စီက ၎င်းတို့လုပ်နေကျအတိုင်း ဒေသအသီးသီးမှာ အကြမ်းဖက်လုပ်ရက်တွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။ ဒီကနေ့ညနေ ၄ နာရီခန့်က မနေ့ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ မြိုင်နယ်မှာပဲ ပေါက်နဲ့ မြိုင်နယ်အစပ်က ရေနံမှော်ဒေသကို စစ်တပ်က ဂျိုင်ရိုကော်ပတာသုံးစီးနဲ့ လေကြောင်းတိုက်ခိုက်သွားပြန်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၆ ကိုလည်း အကြမ်းဖက်လုပ်ရက်တွေနဲ့ ဆက်လက်မိုက်တွင်းနက်နေဆဲပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဇန်နဝါရီ-၁၃၊၂၀၂၆၊ရှိန်း/ People’s Spring မန္တလေးတိုင်း၊မြင်းခြံမြို့မှာ ‌‌‌‌‌‌‌‌‌‌‌ရွေးကောက်ပွဲပြုလုပ်မယ်ဆိုပြီး စစ်တပ်က မြို့အပြင်ဝန်းကျင်က အထပ်မြင့် အဆောက်အဦးကိုမှာ တပ်စွဲတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ လာမယ့် ဇန်နဝါရီ၂၅ ရက်မှာ ရွေးကောက်ပွဲအပိုင်း(၃)လုပ်မှာဖြစ်ပြီး မြင်းခြံမြို့လည်းပါဝင်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်တော်လှန်ရေးတပ်တွေက တိုက်ခိုက်မှာစိုးရိမ်ပြီး မြင်းခြံမြို့အပြင်က နေရာ တွေ၊အထပ်မြင့်တွေမှာ...

သတင်း

ကရင်နီပြည်နယ်ရှိ နေရာဒေသ (၁၀) နေရာကျော်မှာ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ မီးထွန်းသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာက ရေတွင်းမှာ ဒေသခံပြည်သူတွေရေချိုးနေချိန် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ဆိပ်ဖြူမှာစစ်တပ်ဂိတ်နဲ့ စစ်ယာဥ်တန်း PDF​တွေတိုက်ခိုက် စစ်သား ၂၀ခန့်​သေ၊စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်း​တွေရ