Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“မြန်မာနိုင်ငံဘက်ကိုလည်း ပြန်မပို့ဖို့ သဘောတူညီမှုရထားတယ်”

Miss Grand International ပြိုင်ပွဲဝင် အလှမယ်ဟန်လေးဟာ စက်တင်ဘာ ၂၁ရက်ညက ဘန်ကောက်မြို့က ဆူဝဏ္ဏဘူမိလေဆိပ်မှာ ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်းမှုကိုခံထားရပါတယ်။

Miss Grand International အလှမယ်ဟန်လေးနှင့် ဆက်သွယ်မေးမြန်းချက်
Miss Grand International အလှမယ်ဟန်လေးနှင့် ဆက်သွယ်မေးမြန်းချက်

Miss Grand International အလှမယ်ဟန်လေးနှင့် ဆက်သွယ်မေးမြန်းချက်

လက်ရှိမှာ လေဆိပ်ရဲ့ International Zoneမှာ ထားရှိပြီး ထိုင်းရဲတပ်ဖွဲ့က သူမရဲ့ လုံခြုံရေးကို အပြည့်အဝတာဝန်ယူ အာမခံ ထား‌တယ်လို့ ပြောပါတယ်။ ဟန်လေးဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ထိုင်းနိုင်ငံမှာ ၂၀၂၁ မတ်လကုန်ပိုင်းက ကျင်းပတဲ့ အလှမယ်ပြိုင်ပွဲမှာဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး စင်မြင့်ထက်မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို တစ်ကမ္ဘာလုံးသိအောင် သတင်းစကားပါးခဲ့တာကြောင့် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံရတဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် မြ န်မာနိုင်ငံကိုကူညီဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုမှုတွေလည်း ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် ထိန်းသိမ်းခံရတဲ့ ဖြစ်စဥ်နဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အလှမယ်ဟန်လေးကို People’s Springက ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေလေး အရင်ဆုံးပြောပြပေးပါလား။ လုံခြုံတယ်လို့ ပြောလို့ရမလား။

Public Service Announcement

Public Service Announcement

ဒီမနက်အခြေအနေကတော့ UNHCR က လာတွေ့သွားတယ်။ သူတို့ဘက်က တတ်နိုင်သလောက် Process တွေကို အမြန်ဆုံး Runနိုင်အောင် အစိုးရ‌တွေနဲ့ ချိတ်ပြီး ကြိုးစားနေတယ်လို့ ပြောသွားတယ်။ သူတို့က ထိုင်းအစိုးရဘက်ကိုလည်း ညီမကို ကူညီပြီး Protection လုပ်ထားဖို့။ မြန်မာနိုင်ငံဘက်ကိုလည်း ပြန်မပို့ဖို့ သဘောတူညီမှုရထားတယ်။ အဲဒါကိုလည်း ထိုင်းဘက်ကနေပြီး သတင်းတွေမှာ ဖြေထားတယ်လို့ ကြားတယ်။ သူတို့ဘက်က ကူညီမှုပေးထားတယ်ဆိုတော့ International Zone မှာ ညီမကို နေခွင့်ပြုထားတယ်။ ညီမ Passport က Block ဖြစ်သွားပြီဆိုတော့ ဘယ်နိုင်ငံမှ ကူးလို့မရဘူးဆိုတော့ UNHCR ရဲ့ လက်အောက်ကနေ ပြီးတော့ ထိုင်းဘက်က ညီမကိုကူညီပေးထားပါတယ်။ Safe ဖြစ်တယ်လို့တော့ ပြောလို့ရတယ်။ ၁၀၀ ရာခိုင်နှုန်းနီးပါးလို့ပြောလို့ရတယ်။ သူတို့ဘက်က Protection အပြည့်ရထားတယ်ဆိုတော့။

မြန်မာနိုင်ငံဘက်က ရဲတွေက ဟန်လေးကို တွေ့ဖို့ လာတယ်လို့ကြားမိတော့ အဲဒီဖြစ်စဉ်လေးကိုလည်း ပြောပြပေးပါဦး။

မနေ့ကည ၁၁ နာရီလောက်ပေါ့ ။ သူတို့ရောက်တဲ့အချိန်က။ သူတို့က အရင်ဆုံး Viet Jet Airline ကိုဖုန်းဆက်တယ်လို့ ကြားပါတယ်။Viet Jet Airline က ညီမကို ဗီယက်နမ်ပြန်ခေါ်သွားရမယ့် လေကြောင်းလိုင်း ။ ညီမဘယ်မှာ ရှိနေတာလဲ‌ပေါ့ ‌။ ဗီယက်နမ်မှာလား ၊ထိုင်းမှာလား ။ဗီယက်နမ်ကို ပြန်မပို့နိုင်တဲ့အတွက် ထိုင်းမှာပဲရှိနေပါတယ်ဆိုတော့ သူတို့က ထိုင်းရဲ့ International Zone ဘယ်နားမှာရှိနေတာလဲလို့ မေးတာပါ။ အမှန်တကယ်ဆို ဟန်လေးရဲ့ Information တွေအကုန်လုံးကို Veit Jet Airline က Keep လုပ်ထားတာ ။ Viet Jet ဘက်က ပြောပြဖို့ ငြင်းလိုက်တယ်။ Personal Information တွေကို Private ထားထားတဲ့အတွက် Share လုပ်လို့မရဘူး။ ဘယ်နေရာမှာရှိနေလဲ ၊ဘယ်အခန်းမှာရှိနေလဲဆိုတာ မပြောလိုက်ဘူးဆိုတော့ သူတို့ဘက်က လုပ်ရမှာက Immigration Officer တွေကိုမေးမှရတော့မယ်ဆိုပြီး Detention Room ထဲကိုသွားတယ်။ Detention Room ထဲက Officer တွေကိုတွေ့ပြီး ညီမ Detention Room ထဲမှာရှိရင်ခေါ်ပေးဖို့ ပြောတယ်။ ညီမကInternational Zone မှာဆိုတော့ Immigration Officer တွေက ညီမတွေ့ဖို့ဆန္ဒရှိရင် သူတို့ခေါ်ပေး နိုင်တယ်။ ညီမက မတွေ့ဘူး ငြင်းမယ်ဆိုရင် သူတို့ဘာမှလုပ်လို့မရဘူးဆိုပြီး မြန်မာဘက်ကိုပြောလိုက်တယ်။ ပြီးတော့ ညီမဆီချက်ချင်းဖုန်းဆက်တယ်။ မြန်မာရဲတွေရောက်နေတယ်။ တွေ့ချင်တယ်ဆိုရင် သူတို့ဘက်က ရဲတွေရော Immigration Officer တွေရော ညီမနဲ့အတူနေပေးမယ်ပေါ့။ ဘာအန္တရာယ်မှပြုလို့မရဘူးပေါ့။ ညီမက အစကတည်းက မတွေ့ဖို့ဆုံးဖြတ်ထားတဲ့အတွက် ညီမရဲ့ Rights နဲ့ငြင်းခွင့်ရှိတယ်။ မတွေ့နိုင်ပါဘူးလို့ ဖုန်းနဲ့ပဲပြောလိုက်တယ်။အဲဒီအချိန်ကတည်းက ဖုန်းမဆက်တော့ဘူး။ ကြည့်ရ‌တာတော့ သူတို့တစ်ခါတည်း ငြင်းလိုက်တယ် ထင်ပါတယ်။

လေဆိပ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ အခြေအနေကိုရော ပြန်ပြောပြပါဦး။

Public Service Announcement

Public Service Announcement

ထိန်းသိမ်းလိုက်တယ်ဆိုတာက ပထမ ညီမမှန်းမသိဘူး။ Passport Block ခံထားရတဲ့ Tourist တစ်ယောက်ပေါ့။ ဗီယက်နမ်ကလာတယ်။ Passport က အင်တာပိုလ်ထဲကို ရောက်နေတယ်။ အဲဒီလောက်ပဲသိတာဆိုတော့ ချက်ချင်း Detention Room ထဲကိုပို့လိုက်တာ။ လုပ်ရိုးလုပ်စဉ်အရ ။ Detention Room ထဲကိုပို့ပြီးတော့ ဗီယက်နမ် ပြန်ပို့ဖို့လုပ်တာ။ Viet Jet Airline က On board တတ်ဖို့ မနက်အစောကြီးပြောတယ်။ ပြောတဲ့အချိန် မှာ ညီမက UNHCR ကိုချက်ချင်းဖုန်းဆက်ပြီး ဒီလေယာဉ်ကို လိုက်သွားသင့်သလား အကြံဉာဏ်လိုတယ်ပေါ့။ သူတို့ဘက်က ဒီလေယာဉ်ကို လုံးဝမတတ်ပါနဲ့ ။ လေယာဉ်တတ်ပြီးတာနဲ့ Passport Block ဖြစ်ထားတော့ ဗီယက်နမ်က မြန်မာကို သေချာပေါက်ပြန်ပို့မှာပဲ။ သူတို့ရဲ့ လုပ်ပိုင်ခွင့်က ထိုင်းဘက်မှာပဲရှိတယ်။ ဗီယက်နမ်မှာ မရှိတဲ့အတွက် Safe လုပ်ဖို့ အရမ်းခက်ခဲလိမ့်မယ်။ ညီမလုံးဝမလိုက်နိုင် ဘူးဆိုပြီး ရဲခေါ်ပေးပါဆိုတော့ ရဲနဲ့လည်းပေးမတွေ့ဘူး ။Viet Jet က ညီမရဲ့ Passport က Invalid ဖြစ်နေရက်နဲ့ခေါ်လာတာဆိုတော့ သူတို့ကပြန်ပို့ရမှာ။ On board Time က ငါးမိနစ်ပဲကျန်တော့ အရမ်း Force လုပ်တာ။ ညီမက လုံးဝမတတ်နိုင်ဘူး ဆိုပြီး ထိုင်ချလိုက်တာ ။ မတတ်ရင် ရဲခေါ်ရလိမ့်မယ်တဲ့ ။ ရဲခေါ်ရင် On Board တတ်မယ်ထင်တာ။ ညီမက အဲဒါကိုစောင့်နေတာ ရဲခေါ်ပေးပါဆိုတော့ သူတို့ကြောင်သွားတယ်။ ချက်ချင်း ညီမရဲ့ Information တွေကို Immigration မှာသွားစစ်တာ။ စစ်ပြီးတော့ ညီမက Miss Grand Myanmar ဆိုတာကိုသိသွားပြီး သူတို့ ဘယ်လိုလုပ်ပေးနိုင်မလဲပေါ့။ ချက်ချင်း ညီမ မလိုက်ချင်ရင် Force မလုပ်တော့ပါဘူး။ ညီမရဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်ဆိုတော့။ ဘယ်သူမှန်းသိသွားတော့ Detention Room မှာပဲနေမလား ၊ International Zone မှာစောင့်နေချင်လား။ သူတို့ဘက်ကလည်း Inform တွေလိုတယ်ဆိုတော့ International Zone မှာပဲ အဲဒီ့နေ့ကစောင့်နေလိုက်တာ ။ ဒီနေ့အထိ။

ရှေ့ဆက်ရမယ့်အတွက်ရော ဘယ်လိုစီစဉ်ထားလဲ။

ရှေ့ဆက်ကတော့ UNHCR နဲ့ပဲသွားဖြစ်မယ်။ No Choice ဖြစ်သွားပြီဆိုတော့ ။ Passport ကလည်း Invalid ဖြစ်သွားပြီ။ ဘယ်လိုမှသုံးလို့မရတော့ဘူးဆိုတော့ ဘယ်နိုင်ငံမှဝင်လို့မရဘူး။ UNHCR ရဲ့ အစီအစဉ်အတိုင်းပဲ လုပ်ရတော့မှာ။ ညီမရဲ့ Process ကလွန်ခဲ့တဲ့ တစ်နှစ်ကတည်းက UNHCR နဲ့ Run နေတာ။ ဒီကိစ္စက Public မှာမပြောဖြစ်ဘူး။ လူတွေသိထားတာက ထိုင်းမှာပဲနေတယ်လို့သိထားတာ။ ညီမက ဝရမ်းထွက်ပြီးကတည်းက Passport အပိတ်ခံရနိုင်တယ်ဆိုတာကြိုပြီးတော့ တွက်ထားမိတော့ အရင်ကတည်းက လျှောက်ထားတာ။ ဒီလိုကိစ္စတွေဖြစ်လာရင် ချက်ချင်းဆက်သွယ်လို့ရအောင်။ ဖြစ်လာတဲ့ အချိန်မှာလည်း ညီမလျှောက်ထားတဲ့သူပါ ဆိုပြီး ပြောလို့ရတယ်။ ကြိုတင်ပြင်ဆင်မှုလုပ်ခဲ့တာတော့ အမှန်ကန်ဆုံးလို့ထင်တယ်။

ဟန်လေးလိုမျိုး ပြည်ပမှာနေထိုင်နေရသူတွေရှိတော့ သူတို့ကိုရော ကိုယ့်အတွေ့အကြုံနဲ့ယှဉ်ပြီး ဘယ်လိုအကြံပေးချင်လဲ။

အကြံပေးတယ်ဆိုတာမျိုးထက် အပြင်မှာရောက်နေတဲ့သူတွေကို အရမ်းစာနာတယ်။ ညီမတို့လည်း နိုင်ငံခြားမှာ ခက်ခက်ခဲခဲရပ်တည်နေရတယ်။ ဗီဇာကိစ္စတွေ စားဝတ်နေရေးကအစ တော်တော် မလွယ်ကူဘူး။ အားလုံးက တော့ အဆင်ပြေပြေနေချင်ကြတာပဲ။ ဒါပေမယ့် ကိုယ့်နိုင်ငံက ဒီလိုဖြစ်နေတော့။ ညီမတို့က မှန်တဲ့အရာကို လုပ်ခဲ့တဲ့သူတွေပဲလေ။ အဲဒီ့အရာကို အပြင်ကလူတွေကရော တခြားလူတွေရော နိုင်ငံတကာအဖွဲ့အစည်းတွေရော သိပါတယ်။ သူတို့ဘက်ကလည်း အစွမ်းကုန်ကူညီနိုင်အောင်လုပ်နေတာဆိုတော့ အားတင်းထားကြပါ။ ညီမကတော့ Emergency Case ဖြစ်သွားတော့ ဘယ်မှလည်းသွားလို့မရ။ Passport လည်းမရှိတော့ သူတို့ကချက်ချင်းတော့ မြန်မြန်လုပ်လိုက်ရတယ်။ စောင့်နေကြတဲ့သူတွေလည်း အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။

ပြည်ပမှာနေရတာကရော ဘယ်လိုအခက်အခဲတွေရှိလဲ။

အရမ်းအဆင်ပြေတယ်တော့ မဟုတ်ဘူး။ Passport နဲ့ ဗီဇာက တစ်ချိန်လုံး တိုးနေရတာဆိုတော့ ထိုင်းမှာနေတဲ့အချိန်က Passport ကိစ္စနဲ့ပဲ လုံးပမ်းနေရတာ။ အကောင်းဆုံး အတတ်နိုင်ဆုံးတော့ စိတ်ကိုတင်းထားတာ။ အခုလိုချက်ချင်းဖြစ်သွားတဲ့အချိန်မှာ Planထားတာမရှိဘဲ ဝင်လို့မရတော့တဲ့ အချိန်မှာ တစ်ချက်တော့ စိတ်ထဲက စိတ်ဓာတ်ကျတာတော့မဟုတ်ပေမယ့် ဝမ်းနည်တာပေါ့။ UNHCR ကလည်း Protection ပေးတယ်။ ထိုင်းကလည်း အရမ်းဂရုစိုက်တယ်။ ထိုင်းရဲတွေကအစ ကောင်းကောင်းဆက်ဆံတယ်။ သူတို့လည်း Case ကို နားလည်တယ်။ ညီမနဲ့ထိုင်းနဲ့ကြားမှာ ဘာမှမရှိဘူး။ ညီမနိုင်ငံနဲ့ ဖြစ်တဲ့ကိစ္စဆိုတော့ Passport Problem သာမရှိရင် သူတို့နိုင်ငံထဲကို ဝင်ခွင့်ပေးနိုင်တယ်။ Passport ကိစ္စကြောင့်ပဲ လက်ခံပေးလို့ မရတာဆိုပြီး ပြန်ရှင်းပြတယ်။

မြန်မာဘက်ကရော ဟန်လေးကို ဘာပုဒ်မ‌တွေတပ်ထားတာလဲ။

မြန်မာမှာက လွန်ခဲ့တဲ့နှစ်ကတည်းက ညီမ Speech ပြောပြီးကတည်းက ၁၂၄/က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ အမှုဖွင့်ထားတာ။ အခုအင်တာပိုလ်ကိုလည်း မြန်မာမှာ Criminalကျူးလွန်ခဲ့တယ်ဆိုပြီး List တင်ထားတာ။

ကိုယ့်ရပ်တည်ချက်အပေါ်မှာ အခုချိန်မှာ ဘယ်လိုခံစားချက်ရှိလဲ။

ဒီကိစ္စမှမဟုတ်ဘူး။ ညီမမှန်တယ်ထင်ရင် မှန်တဲ့ဘက်ကပဲ ရပ်တည်တယ်။ ဘယ်သူတွေ ဘာပြောပြော ဂရုမစိုက်တတ်ဘူး။ နိုင်ငံရေးမှာလည်း မကြိုက်တာကို ပြောတယ်။ မှန်တယ်ထင်တဲ့ဘက်က ရပ်တည်တယ်။ အဓိက ရပ်တည်တာက ပြည်သူတွေနဲ့အတူ ရပ်တည်တာ။ ပြိုင်ပွဲပြိုင်တဲ့အချိန် ပြည်သူတွေ အသက်ဆုံးပါး တာတွေ မြင်ရတော့ မခံမရပ်နိုင်ဖြစ်ပြီး ပြည်သူတွေနဲ့ရပ်တည်တယ်။ မတရားမှုတွေဘက်ကို လုံးဝမရပ်တည်ဘူး ဆိုတာ ရဲရဲတင်းတင်းပြောခဲ့တယ်။ အဲဒီ့အတွက်ကြောင့်လည်း ညီမခံယူချက်ကဘယ်တော့မှ ပြောင်းမှာ မဟုတ်ဘူး။ သူတို့ ဘယ်လောက်ပဲညီမကို Pressure ပေးပေး၊ အခက်အခဲတွေကြုံရအောင် Force လုပ်လေလေ ညီမစိတ်ဓာတ်က ပိုပြီးပြင်းထန်လေလေပဲ။ အမှန်တရားတွေလုပ်တဲ့အတွက်လည်း International Organization တော်တော်များများက တော်တော်ရပ်တည်ပေးကြတယ်။ ဒီလိုဒုက္ခရောက်တဲ့အချိန်မှာ။ နိုင်ငံတိုင်းရဲ့ အစိုးရတိုင်းက စောင့်ကြည့်ပေးတဲ့အတွက် ဝမ်းသာရပါတယ်။

ကျေးဇူးတင်ပါတယ်။ ။