Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

ရှမ်းပြည်နယ်​မြောက်ပိုင်းတိုက်ပွဲ​တွေနဲ့ပတ်သပ်ပြီး

TNLAနဲ့ စစ်ကောင်စီတပ်တို့ဟာ ဇူလိုင် ၂၃ရက်မှ စက်တင်ဘာ ၂၂ရက်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ မန္တလေးတိုင်းတို့မှာ တိုက်ပွဲ ၅၅ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

(TNLA သတင်းပြန်ကြားရေးဌာန ဌာနမှူး ဒုဗိုလ်မှူးကြီး တားအိုက်ကျော်)
(TNLA သတင်းပြန်ကြားရေးဌာန ဌာနမှူး ဒုဗိုလ်မှူးကြီး တားအိုက်ကျော်)

TNLA မှဒုဗိုလ်မှူးကြီးတားအိုက်ကျော်နဲ့မေးမြန်းခန်း

တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တို့ဟာ ဇူလိုင် ၂၃ရက်မှစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွား​နေပါတယ် ။ ဒီ​နေ့ဆိုရင် တိုက်ပွဲ​တွေဆက်တိုက်ဖြစ်ပွားတာ ၂ လရှိပြီဖြစ်ပါတယ် ။ TNLAနဲ့ စစ်ကောင်စီတပ်တို့ဟာ ဇူလိုင် ၂၃ရက်မှ စက်တင်ဘာ ၂၂ရက်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ မန္တလေးတိုင်းတို့မှာ တိုက်ပွဲ ၅၅ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ နှစ်လတာကာလအတွင်း စစ်​ရေး အခြေအနေ​တွေကို TNLA သတင်းပြန်ကြားရေးဌာန ဌာနမှူး ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ကို People’s Spring က ဒီကနေ့ ဆက်သွယ်မေးမြန်းထားတာကိုတင်ဆက်လိုက်ပါတယ်။

မေး။ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ ဒီနေ့ဆို ၂ လရှိပြီဆိုတော့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေတွေကို ရှင်းပြပေးပါလား ။

ဖြေ။ ။ဒီနှစ်လအတွင်းဆိုရင် တိုက်ပွဲပေါင်း ၅၀ကျော်လောက်တော့ရှိတယ်။ အဓိက ဖြစ်တဲ့မြို့နယ်တွေက မူဆယ်ရယ်၊ကွတ်ခိုင်ရယ်၊ မိုးကုတ်၊ကျောက်မဲ၊ လားရှိုးမြို့နယ်တွေပဲဖြစ်တယ်။

မေး။ တိုက်ပွဲစတင်ဖြစ်ပွားပုံနဲ့ စစ်​ရေးအ​ခြေအ​နေ​ပြောပြ​ပေးပါလား ။

Public Service Announcement

Public Service Announcement

ဖြေ။ ။အဓိကတော့ စကစဘက်က ထိုးစစ်ဆင်တိုက်ခိုက်လို့ တိုက်ပွဲတွေဖြစ်တယ်။ ကျနော်တို့က တန်ပြန်ထိုးစစ်ဆင်တာထက်တန်ပြန် တိုက်ခိုက်မှုတွေပြန်လုပ်တာပေါ့။ အဲဒီလိုပုံစံပဲရှိတယ်။ ကျနော်တို့က သွားထိုးတာမဟုတ်ဘူး။ ကျနော်တို့ နယ်မြေ မှာရှိတဲ့ စစ်ရေးစစ်ရာလိုအပ်ချက်အရ တန်ပြန်တိုက်စစ်ပြုလုပ်တာပဲဖြစ်တယ်။

မေး။တိုက်ပွဲ​တွေမှာ စစ်​ကောင်စီတပ်သေဆုံးထိခိုက်အခြေအနေ ဘယ်လောက်ရှိပါသလဲ။ TNLA တပ်ဖွဲ့တွေကျဆုံးထိခိုက်ကရောဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ထိခိုက်မှုကတော့ နှစ်ဖက်လုံးရှိပါတယ်။ အသေးစိတ်ကတော့ ကျနော်တို့ မသိရဘူးပေါ့နော်။ ဘယ်လောက် ဘယ်လောက်ဆိုတာ စာရင်းတော့ အတိအကျမရှိဘူး။

မေး။ ရှေ့အလားအလားကရော ဘယ်လိုရှိပါသလဲ။

ဖြေ။စောစောက ပြောသလိုပေါ့နော် စကစဘက်က ထိုးစစ်ဆင်တိုက်ခိုက်လို့ တိုက်ပွဲတွေဖြစ်ပွားတာဖြစ်တယ်။ ကျနော်တို့က လက်ရှိအနေအထားအရတော့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်စစ်ပုံစံပဲရှိသေးတယ်။ ရှေ့လျှောက်ကတော့ ဘယ်လောက်အထိ ဘယ်အတိုင်းအတာထိ ဖြစ်မလဲဆိုတာ ထိုးစစ်ဆင်တိုက်ခိုက်မှုအပေါ်မှာပဲ မူတည်ပါတယ်။

မေး။သတင်းထုတ်ပြန်ချက်အချို့မှာ တွေ့ရတယ်။ အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေထုတ်ထားတာကတော့ မိုးလုံးမှိုင်း စစ်ဆင်ရေး၊ ကနောင်စစ်ဆင်ရေးတွေမှာ TNLA တပ်တွေပါတယ်ဆိုတာမျိုးပေါ့။ ဒီအပေါ်မှာရော အခုချိန်မှာပြောလို့ရပါလား။

ဖြေ။ ။ အဓိကတော့ ကျနော်တို့တောထဲမှာရှိတဲ့နေရာတွေ ကျနော်တို့တောစခန်းတွေ အဓိက စကစ ဘက်က ထိုးစစ်ဆင်တိုက်ခိုက်လို့ ပြန်လည်ခုခံ တိုက်တာဖြစ်တယ်။ စစ်ဆင်ရေးအနေနဲ့ ဘာမှလုပ်ထားတာမရှိသေးဘူး။ အခုတိုက်ပွဲဖြစ်နေတာလည်း ကျနော်တို့ အဖွဲ့တစ်ဖွဲ့တည်းပဲဖြစ်ပါတယ်။

မေး။ ။ တိုက်ပွဲမှာ လူထု ထိခိုက်သေဆုံးအခြေအနေတွေကိုဘယ်လိုသိရပါသလဲ။

ဖြေ။ ။ လူထုထိခိုက်သေဆုံးမှုကတော့ အသေးစိတ် စာရင်းတော့မရဘူး။ ကွတ်ခိုင်ဘက်မှာတော့ ၂ ယောက်သေတယ်။ ဒဏ်ရာရတာလည်းရှိတယ်။ မူဆယ် စယ်လန့်ဘက်မှာလည်းရှိတယ် ။ ၁၀၅မိုင်ဘက်မှာလည်းရှိတယ်လို့ ကျနော်တို့ သိရတယ်။ ဒီဟာက အားလုံးကတော့ နည်းနည်းအမြင်မှားတာပေါ့ ဒီဟာက တိုက်ပွဲကြောင့် သေဆုံးတာ မဟုတ်ဘူး။ စကစဘက်က တိုက်ပွဲမရှိဘဲနဲ့ တိုက်ပွဲမရှိတဲ့နေရာတွေကို လေကြောင်းတွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ လူထုကို ဦးတည်တိုက်ခိုက်လို့ ထိခိုက်တာဖြစ်တယ်။ တိုက်ပွဲနဲ့တော့ မဆိုင်ဘူး။ တိုက်ပွဲဖြစ်လို့ သေဆုံးတာတော့မရှိဘူး။

မေး။ ။ စစ်တပ်က တိုက်ပွဲ​တွေမှာ လေကြောင်း အသုံးပြု တိုက်ခိုက်တဲ့အ​ခြေအ​နေကိုရှင်းပြ​ပေးပါလား ။

ဖြေ။ ။ လေကြောင်း တိုက်ခိုက်မှုကတော့ အားလုံး နေရာတော်တော်များများကတော့ရှိတယ်။ မိုးကုတ်ဘက်မှာလည်း နှစ်ရက် သုံးရက်လောက်ရှိတယ်။ မူဆယ် ဘက်ဖြစ်လည်း နစ်ရက်သုံးရက်တော့ရှိတယ်။ ကွတ်ခိုင်ဘက်မှာ ဖြစ်တာလည်း နှစ်ရက်သုံးရက်ရှိပြီ။ ထူးခြားတာက ဒီတစ်ရက်နှစ်ရက်က ဒရုန်းပါ အသုံးပြု တိုက်ခိုက်လာတာလည်းတွေ့ရပါတယ်။

မေး။လက်နက်ကြီး ပစ်ကူပေးတဲ့ အခြေအနေကရော။

ဖြေ။လက်နက်ကြီးပစ်ကူကတော့ တိုက်ပွဲရှိရှိ ၊မရှိရှိ အထူးသဖြင့်ကတော့နမ့်ဖက်ကာ တပ်တို့၊ ၁၀၅မိုင်တပ်တို့၊ လွယ်ကျယ်လောက်တောင် ပြည်သူ့စစ်စခန်းတို့ အဲဒီကတော့ တိုက်ပွဲမရှိတဲ့ ရက်တွေလည်းပစ်တယ်။ နေ့တိုင်းလိုလို ပုံစံပစ်တယ်။

မေး။ စစ်တပ်ကလေကြောင်း ပစ်ကူလာတာက သူတို့ အထိနာလို့လား။

ဖြေ။နောက်ပိုင်းမှာတော့ တိုက်ပွဲက အထိနာနာ၊ မနာနာ ပြန်ကြည့်မယ်ဆိုရင် တိုက်ပွဲနည်းနည်းကြာပြီဆိုရင် လေကြောင်း သုံးပြီးမှ ပစ်ကူပေးတိုက်ခိုက်တာ တွေ တွေ့ရပါတယ်။

မေး။စစ်တပ်ဆီကလက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုကရော ဘယ်လိုရှိပါသလဲ

ဖြေ။ ။ လက်နက်ခဲယမ်းကတော့ မနေ့က တိုက်ပွဲမှာဆိုရင် ၄လက်လောက် သိမ်းဆည်းရရှိတာရှိတယ်။ နှစ်လတာ အတွင်းမှာတော့ ၁၅လက် ဝန်းကျင်လောက်ရှိတယ်။ လက်နက်ငယ်တွေရော ၊ ပစ္စတို ရော အဲဒါမျိုးက နှစ်လက်ရှိတယ်။

မေး။ ။ လက်နက်ငယ်​တွေပါ ရတယ်ဆို​တော့ အရာရှိတွေပါ ​သေတဲ့သဘောလား။

ဖြေ။အဲဒါကတော့ သိမ်းဆည်းရမိတာရှိတယ်။ ဒါက ဘယ်သူဘယ်သူ ကျဆုံးတယ်ဆိုတာတော့ မသိရဘူ။

မေး။ ဟိုတလောက အာဏာသိမ်း ခေါင်းဆောင်က လားရှိုးဘက် လာရင်း ပြည်သူ့စစ်တွေကို စစ်ကူတိုက်​ပေးဖို့ စည်းရုံးတယ်လို့သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးဘာကြားမိပါသေးလား။

ဖြေ။အဲဒါတော့ ကျနော်တို့ မကြားမိဘူး။ ပြည်သူ့စစ်က တောက်လျှောက် ပါနေတာရော။ အခုဖြစ်နေတဲ့ ၇လပိုင်းလောက်ကတည်းက။ ဒီလုံထန်တို့ ၊ပန်ဆေးတို့၊ ..။ နမ့်ခမ်းမြို့မ လေးငါးခြောက်ဖွဲ့လောက်ရှိတယ်။ မနေ့ကလည်းပါတယ်။ ဟိုတစ်နေ့ကလည်းပါတယ်။ အရင်ကတည်းက ပါပြီးသားပဲ ဒီရှမ်းမြောက်ဘက်မှာ။

မေး။အရင်က တိုက်ပွဲတွေဖြစ်ခဲ့တဲ့ RCSS တပ်ဖွဲ့နဲ့ TNLA တပ်ရဲ့ အနေအထားတွေရော ဘယ်လိုရှိပါသေးလဲ။ RCSS တပ်တွေရော အဲဒီဘက်မှာရှိသေးလား။

ဖြေ။RCSS တပ်က ကျနော်တို့ဘက်မှာ လှုပ်ရှားမှုလည်းမရှိတော့ဘူး။ ၂၀၂၂နဲ့ ၂၁ နှစ်ကုန်လောက်ကတည်းကအခုထိလည်း တိုက်ပွဲမဖြစ်တော့ဘူး လှုပ်ရှားမှုလည်းမရှိတော့ဘူး။

မေး။ အခြားဘာတွေပြောလိုပါသေးလဲ။

ဖြေ။မရှိတော့ပါဘူး။ ။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။