Connect with us

Hi, what are you looking for?

မေးမြန်းခန်း

မဲ့ပလီဗျူဟာစခန်း စစ်​ရေးအရဘယ်​လောက် အ​ရေးပါလဲ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက မဲပလီစစ်ကောင်စီဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦး​ဆောင်ပြီး PDF၊ BPLAနဲ့ FFDတို့ ကဖေဖော်ဝါရီ ၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲပါတယ်။

မဲပလီစခန်းသိမ်းတိုက်ပွဲ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ၊စစ်သုံ့ပန်းများ နှင့်​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ကျားဖြူစစ်​ကြောင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက မဲပလီစစ်ကောင်စီဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦး​ဆောင်ပြီး PDF၊ BPLAနဲ့ FFDတို့ ကဖေဖော်ဝါရီ ၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ခမရ(၄၀၅)က ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါအဝင် ၄၀ ခန့်​သေဆုံးခဲ့ပါတယ်။

ပြီးတော့ စကခ(၈) စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင်စစ်သုံ့ပန်း(၂၇)ဦးကိုလည်းဖမ်းဆီးနိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မဲပလီဗျူဟာမှူး ဗျူဟာ(၂)၊ စကခ(၈)မှဒုဗိုလ်မှူးကြီးတင့်လွင်ဦး၊ခမရ(၄၀၅)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစိုင်းသူရဌေး အပါအဝင်စစ်သား(၂၀)ဦးခန့်ကတော့ ထွက်ပြေးသွားတဲ့အတွက်​တော်လှန်​ရေးတပ်​တွေက လိုက်လံရှင်းလင်းနေပါတယ်။ တိုက်ပွဲမှာ ​ပူး​ပေါင်းတပ်ဘက်ကလည်း ၄ ဦးကျဆုံးခဲ့ပါတယ်။

ဒီစခန်းဟာ ​ဒေသတွင်းမှာ အ​ရေးကြီးတဲ့ စစ်စခန်းတစ်ခုလည်းဖြစ်တဲ့အတွက် မဲပလီစစ်ကောင်စီဗျူဟာစခန်း သိမ်းနိုင်ခဲ့တဲ့အခြေအနေနဲ့ နောက်ဆက်တွဲအကြောင်းအရာတချို့ကို တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ BPLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လင်းလင်းကို မေးမြန်းထားပါတယ်။

ဆက်စပ်သတင်းများ