စစ်မြေပြင်က CDM ကထိက ဒေါ်ရတီအုန်းနဲ့မေးမြန်းခန်း
မေးမြန်း- အီယိုရီ/People’s Spring
စစ်ကိုင်းတိုင်း၊ ကလေးမြို့က အစိုးရနည်းပညာအထက်တန်းကျောင်းမှာ ကထိက/ဌာနမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါ်ရတီအုန်းဟာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး စစ်ကောင်စီကိုအကြမ်းမဖက်အာဏာဖိဆန်မှု-CDM လုပ်ခဲ့ပါတယ် ။
နွေဦးတော်လှန်ရေးကာလတစ်လျှောက်လုံးမှာ စစ်ကိုင်းတိုင်းမှာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး လုပ်ငန်းတွေနဲ့ပြည်သူတွေကို အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ပညာပေးလုပ်ငန်းတွေ ၊ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို မြေပြင်မှာနေထိုင်ပြီး လုပ်ကိုင်နေပါတယ်။

Public Service Announcement
မတ်လ၂၂ ရက်နေ့မှာ ဂန့်ဂေါမြို့နယ် ၊နှမ်းခါးရွာ ဆေးပေးခန်းကိုစစ်ကောင်စီကဗုံးကြဲသတ်ဖြတ်မှုကြောင့် မိသားစုလိုက်သေဆုံးခဲ့တဲ့CDM ဆရာဝန်ဒေါက်တာမြစိုးအောင် ၊ဇနီးဒေါ်ခိုင်နှင်းဝေတို့ နဲ့ ရင်းနှီးခင်မင်ခဲ့တဲ့သူဖြစ်ပါတယ် ။
ဒေါက်တာမြစိုးအောင်တို့မိသားစုအကြောင်း ၊ ဒီနောက်ပိုင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေပိုလုပ်လာတဲ့ အခြေအနေ နဲ့ စစ်ဘေးရှောင်တွေရဲ့အခက်အခဲ ၊ အခက်အခဲမျိုးစုံကြားက စစ်အာဏာရှင်ဆန်ကျင်ရေးကို ဘယ်လိုလုပ်ကိုင်နေလဲ ၊ ဗုံးခိုကျင်းတွေရဲ့အရေးပါမှု ၊ စစ်မြေပြင်ကနေ နိုင်ငံတကာ နဲ့ ပြည်သူတွေကို သတင်းစကားပါးချင်တာတွေကို ဒေါ်ရတီအုန်းအား People’s Spring က ဆက်သွယ်မေးမြန်းထားပါတယ် ။
