Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ အခုလောလောဆယ် နယ်စပ်စခန်း ပြောရမယ်ဆို နတ်အိမ်တောင်စခန်းတခုကျန်မယ်”

မောတောင်နယ်စပ်စခန်းနဲ့မြို့ သိမ်းပိုက်နိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နား ကို People’s Spring ကနိုဝင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းမှာဆက်သွယ်မေးမြန်းထားပါတယ်။

●KNU မြိတ်-ထားဝယ်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နားနဲ့မေးမြန်းခန်း

ပုရစ်/People’s Spring

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းရှိတဲ့ မြို့ဖြစ်တဲ့ မောတောင်မြို့ ကစပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA) တပ်မဟာ(၄)နဲ့မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၁၄ရက်မနက်အစောမှာ သိမ်းပိုက်ခဲ့ပါတယ်။ စစ်တပ်က တနင်္သာရီ-မောတောင်စခန်းလမ်းကြောင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ ၂၀၂၄ ဒီဇင်ဘာက စတင်ပြီး လေကြောင်း၊ မြေပြင် စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပေမယ့် နယ်စပ်လမ်းကြောင်း မထိန်းချုပ်နိုင်တဲ့အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြို့ကို ထပ်မံလက်လွှတ်လိုက်ရတာလည်းဖြစ်ပါတယ်။ မောတောင်နယ်စပ်စခန်းနဲ့မြို့ သိမ်းပိုက်နိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နား ကို People’s Spring ကနိုဝင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းမှာဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ မောတောင်စခန်းသိမ်းရပြီဆိုတာအသိပေးရပါပြီလား

Public Service Announcement

Public Service Announcement

ဖြေ။ ။ ရပြီ။ ရေးလိုက်နော်။

မေး။ ။ တိုက်ပွဲဖြစ်စဉ်ရှင်းပြပေးပါလား။

ဖြေ။ ။ ၁၁ရက်နေ့။ ၁၁၊ ၁၂၊ ၁၃၊ ၁၄။ ၁၄ မနက် ၁နာရီ ၂နာရီလောက် အဲဒီ ​​ေးတွေ(စစ်သား​တွေ) ကထွက်ပြေးကုန်ပြီ။ အခုလောလောဆယ် အမြောက်ကုန်းစခန်းတခုပဲကျန်တယ်။ အဲဒီ အမြောက်ကုန်းကတော့ အသေးစိတ်မရသေးဘူး။ ပြောရမယ်ဆို ၉၅ ရာခိုင်နှုန်းလောက် ထိန်းချုပ်ရပြီ။ ကျန်တဲ့ အကြွင်းအကျန်တွေပဲ နယ်မြေရှင်းလင်းရေးလုပ်နေတာ။

မေး။ ။ မောတောင်စခန်းက အင်အားခန့်မှန်းဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ အင်အားက ခန့်မှန်း ၁၀၀ကျော်ရှိမယ်။ အဲဒီစခန်းထဲမှာလည်း ခလရ(၂၂၄)၊ ပြီးတော့ တခြားအုပ်ချုပ်ရေးအဖွဲ့တွေ လ၀ကတွေ၊ ပြည်သူ့စစ်တွေ ရဲတွေ မီးသတ်တွေတော့ရှိတာပေါ့။ အကုန်လုံးပေါင်း ၁၀၀ကျော်လောက်ရှိမယ်။

မေး။ ။ မောတောင်နယ်စပ်မြို့ရဲ့ အရေးပါမှုနဲ့ ဒီလိုသိမ်းလိုက်နိုင်တဲ့အပေါ် ရှင်းပြပေးပါလား။

ဖြေ။ ။ မောတောင်က အရင်က KNU မြိတ်-ထားဝယ်ခရိုင် တနင်္သာရီမြို့နယ် ဌာနချုပ်ဖြစ်တယ်။ ၁၉၉၂မှာ စစ်အာ

ဏာရှင်က ထိုးစစ်ဆင်ပြီး သိမ်းပိုက်လိုက်တယ်။ ကျနော်တို့ ဆုတ်ခွာရတာပေါ့နော်။ အခု ပြန်လည်သိမ်းပိုက်ရတယ်။ ၃၅နှစ် တော့ ကြာတယ် ကြားမှာ။ အဲဒီနယ်စပ်မှာတော့ ထိုင်းဘက်က ပရာကျွတ်ခရီရီခန်ခရိုင်က ဆင်ခွန်းမြို့နဲ့ မြန်မာဘက်ခြမ်းက မြိတ်ခရိုင်နဲ့နယ်စပ် ကုန်သွယ်ရေးနယ်စပ်တခုဖြစ်တယ်။ မောတောင်နယ်စပ်က မြိတ်နဲ့ ဆက်သွယ်ရေးလမ်းကြောင်းရှိတယ်။ ကုန်သွယ်ရေးလမ်းကြောင်းရှိတယ် ။ အဲဒီမှာ စကစက မောတောင်မြို့လိုမျိုးတည်ဆောက်တယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာ ၂၀၂၄မှာ မောတောင်နဲ့ ရေဖြူကြားမှာ လမ်းမတလျှောက်မှာတော့ ကျနော်တို့ ပြန်ထိန်းချုပ်လို့ရတယ်။ ပြီးတော့ ၂၀၂၄ နှစ်ကုန်မှာတော့ စကစက တန်ပြန်ထိုးစစ်ဆင်တယ်။ ဒါပေမဲ့ သူတို့ ထိုးစစ်က သိန်ခွန်းရွာပဲရောက်တယ်။ ဆက်တိုးလို့မရဘူး။ ပြီးတော့ ကျနော်တို့ နယ်စပ်မြို့တပ်စခန်း သိမ်းပြီးတဲ့နောက်မှာ သိန်ခွန်းနဲ့ နယ်စပ်အထိကစကစတွေမရှိတော့ဘူး။

မေး။ ။ မောတောင်စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ကြီး လက်နက်ငယ်တွေ သိမ်းရတဲ့အနေအထား ရှင်းပြပေးပါလား။

ဖြေ။ ။ သိမ်းတော့ နည်းနည်းပါးပါးတော့ သိမ်းလို့ရတယ်။ ဒါပေမဲ့ သူတို့ လက်နက်တွေက ထိုင်းဘက် ထွက်ပြေးတာ အမြဲတမ်းထိုင်းကို သွားအပ်လိုက်တာ။ ပြီးတော့ ကျန်တဲ့လက်နက်တွေက သူတို့က ဖျက်ဆီးပစ်လိုက်တာ။ အသေးစိတ်တော့ မြေပြင်က တင်ပြမလာသေးဘူး။

မေး။ ။ ဒီစစ်ဆင်ရေးမှာ KNLA တပ်မဟာ(၄)အပြင် အခြားဘယ်သူတွေ ပါတယ်ဆိုတာ အသိပေးရပါသလဲ။

ဖြေ။ ။ ကျနော် အသေးစိတ်တော့ မသိသေးဘူး။ ကျနော်တို့ တပ်မဟာ(၄) တပ်ရင်း(၁၁)၊ ပြီးတော့ တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေပေါ့။ တနင်္သာရီမြို့နယ် ဥက္ကဋ္ဌ … ဦးဆောင်ပြီးတော့ အခြားသစ်တောတွေ၊ ရဲတွေ အုပ်ချုပ်ရေးအဖွဲ့တွေလည်းပါတယ်။ တပ်မဟာ(၄) ဗျူဟာမှူးအဖွဲ့တွေလည်းပါတယ်။ ပြီးတော့ ကျနော်တို့ အနီးစပ်ဆုံးမဟာမိတ်အဖွဲ့တွေပါတယ်။ ဒရုန်းအဖွဲ့ FFD တို့ပြီးတော့ BPLAတို့ အခြားအဖွဲ့တော့ ကျန်အုံးမယ် ကျနော်အဲဒါအကုန်လုံးအသေးစိတ်မသိဘူး။ ကျနော်တို့ အခြားတပ်ရင်းတွေလည်းပါတယ်။ အခြားတပ်ရင်းဆိုတာ တပ်ရင်း(၂၀၃)တို့ KNDO တပ်ရင်း(၇)လည်းပါတယ်။ တပ်ရင်း(၁၀) တပ်ရင်း(၁၂)လည်းပါတယ်။ အရံ၊ အကူတွေပေါ့နော်။

မေး။ ။ မောတောင်အပါအဝင် စစ်ကောင်စီတပ်စခန်းတွေ ဒီနှစ်အတွင်းသိမ်းပိုက်နိုင်ခဲ့မှုတွေ အခြေအနေကို ပြောပြပေးပါလား။

ဖြေ။ ။ အဓိကကတော့ နယ်စပ်စခန်းမှာတော့ ထီးခီးနယ်

စပ်စခန်းသိမ်းနိုင်တယ်။ မောတောင်နယ်စပ်စခန်းသိမ်းနိုင်တယ်။ အဓိက ကုန်သွယ်ရေးစခန်းတွေပေါ့။ အခုလောလောဆယ် နယ်စပ်စခန်း ပြောရမယ်ဆို နတ်အိမ်တောင်စခန်းတခုကျန်မယ်။ ပြီးတော့ နောက်ထပ်စခန်းတခုကျန်မယ်။ သူတို့ကတော့ ကုန်သွယ်ရေးစခန်းမဟုတ်ဘူး ရိုးရိုးစခန်းပဲ။

မေး။ ။စစ်တပ်က မောတောင်နယ်စပ်လမ်းကြောင်းထိန်းနိုင်ဖို့ ၂၀၂၄ နှစ်ကုန်ကတည်းက ထိုးစစ်ဆင်ခဲ့ပေမယ့် အခု သိန်ခွန်းဘက်မှာပဲ တပ်တွေရှိနေတဲ့ အခြေအနေလား။

ဖြေ။ ။ သိန်ခွန်းမှာလည်း တိုက်ပွဲ နေ့တိုင်းလိုလိုဖြစ်တာပေါ့နော်။

ဆက်စပ်သတင်းများ