Connect with us

Hi, what are you looking for?

Latest News

သတင်း

ကရင်ပြည်နယ် မြဝတီမြို့နယ် ၊ ရွှေကုက္ကိုလ်မြို့မှာ ဒီနေ့ (စက်တင်ဘာ ၂၅) ညနေပိုင်းမှာ ကျင်းပခဲ့တဲ့ ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်အတွင်း ပွဲကြည့်စင်ခေါင်မိုး ပြိုကျခဲ့ရာ ကရင်နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်တစ်ဦးနဲ့ ပြည်သူနှစ်ဦး စုစုပေါင်းသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေကုက္ကိုသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်ကြောင်း ချင်းညီနောင်က ယနေ့ စက်တင်ဘာ ၂၅ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကြိုးပမ်းတွေကို တားမြစ်ကြောင်း ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်"လို့ကြွေးကြော်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၅)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲမှာ ရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးတာနဲ့ ဝင်ရောက်တပ်စွဲတာတွေလုပ်နေတဲ့ စစ်ကောင်စီတပ်တွေက ရပ်ရွာအလိုက်ရပ်မိရပ်ဖရွေးချယ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတိ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယာယီသမ္မတနဲ့ KNUဗဟိုက ဒီကနေ့ စက်တင်ဘာ ၂၅ရက်ညပိုင်းမှာ သတင်းထုတ်ပြန် အသိပေးခဲ့ပါတယ်။