Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲ သပိတ်မှောက်ကြဖို့ စစ်ကိုင်းနဲ့ တနင်္သာရီိတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်”လို့ကြွေးကြော်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၅)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ-၂၅၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်”လို့ကြွေးကြော်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၅)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ ၅/ကသာလူထုအောင်လံသပိတ်အဖွဲ့က “No Votes UnderGuns-Reject The Junta’s Sham” စာသားကိုင်ဆွဲပြီး ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေဟာ စစ်ကောင်စီက အကောင်ထည်ဖော်ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ရေး သပိတ်မှောက်တဲ့အနေနဲ့ “ဖက်ဆစ်ရွေးကောက်ပွဲသပိတ်မှောက်” ၊ “သေနတ်အောက်မှာမဲမပေးနဲ့” ၊ “စကစရဲ့အလိမ်အညာကိုလက်မခံနဲ့” ၊ “ငုံ့မခံနဲ့တုံ့ပြန်ကြအာဏာရှင် မှန်သမျှ” စာသားကိုင်ဆွဲပြီး ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းတို့က “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားကိုင်ဆွဲပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းမှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ကနေ ဦးဆောင်ပြီး ဒီကနေ့ နေ့လည်က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ ပြုလုပ်လုပ်တဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို “အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ခေါင်းစဥ်နဲ့ လုပ်ဆောင်ခဲ့ပြီး အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ DDMSC

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေနဲ့ပေါင်းပြီး ဘုံရန်သူကို ဆက်တိုက်မယ်လို့ ဆာကပေါတပ်ရင်းတာဝန်ရှိသူပြော

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

Facebook