Connect with us

Hi, what are you looking for?

သတင်း

NUGယာယီသမ္မတနဲ့ KNUဥက္ကဋ္ဌ ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတိ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယာယီသမ္မတနဲ့ KNUဗဟိုက ဒီကနေ့ စက်တင်ဘာ ၂၅ရက်ညပိုင်းမှာ သတင်းထုတ်ပြန် အသိပေးခဲ့ပါတယ်။

စက်တင်ဘာ-၂၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတိ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယာယီသမ္မတနဲ့ KNUဗဟိုက ဒီကနေ့ စက်တင်ဘာ ၂၅ရက်ညပိုင်းမှာ သတင်းထုတ်ပြန် အသိပေးခဲ့ပါတယ်။

အဲဒီ တွေ့ဆုံမှုမှာ နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေဖို့ တော်လှန်ရးအင်အားစုများကြား ပူးပေါင်း လက်တွဲ လုပ်ဆောင်သွားမယ့် ကဏ္ဍတွေနဲ့ ပတ်သက်ပြီး အကျယ်တဝံ့ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တော်လှန်ရေးအင်အားစုတွေအကြား အခုထက် ပိုစည်းလုံးညီညွတ်စွာ လက်တွဲပြီး မြန်မာနိုင်ငံ စစ်အာဏာရှင်လက်လက်အောက်ကအပြီးတိုင် လွတ်မြောက်ရေး၊ စစ်အာဏာရှင်နဲ့ အာဏာရှင်ဟူသမျှ အမြစ်ပြတ်တိုက်ဖျက်ရေး၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ လူထုသာယာဝပြောမှုတို့ကို ဖော်ဆောင်နိုင်ရေး ဆက်လက်ပြီး ခိုင်မာစွာ အတူလက်တွဲ ဆောင်ရွက်သွားကြဖို့လည်း ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

KNUဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ပြတ်သားစွာ ဆန့်ကျင်ခဲ့ပြီး စစ်ကောင်စီကို တော်လှန်မယ့်လူငယ်တွေကို သင်တန်းပေးတာ၊ နိုင်ငံရေးဆိုင်ရာ တာဝန်ရှိသူတွေအပါအဝင် စစ်ကောင်စီရဲ့ရန် ကြုံနေရသူတွေကို အကူအညီအကာအကွယ် ပေးတာ၊ PDF တပ်မတော်နဲ့ လက်တွဲပြီး စစ်ကောင်စီကို လက်တွဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ် အင်အားအများအပြား ပြုန်းတီးအောင် ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်စခန်းရာချီသိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။