Connect with us

Hi, what are you looking for?

သတင်း

စောချစ်သူကျင်းပတဲ့ ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ပွဲကြည့်စင်ခေါင်မိုးပြိုကျလို့ သုံးဦးဒဏ်ရာရ

ကရင်ပြည်နယ် မြဝတီမြို့နယ် ၊ ရွှေကုက္ကိုလ်မြို့မှာ ဒီနေ့ (စက်တင်ဘာ ၂၅) ညနေပိုင်းမှာ ကျင်းပခဲ့တဲ့ ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်အတွင်း ပွဲကြည့်စင်ခေါင်မိုး ပြိုကျခဲ့ရာ ကရင်နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်တစ်ဦးနဲ့ ပြည်သူနှစ်ဦး စုစုပေါင်းသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေကုက္ကိုသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ – ၂၅ ၊၂၀၂၅ ၊ နိုင်ပကောင်း/ People’s Spring

ကရင်ပြည်နယ် မြဝတီမြို့နယ် ၊ ရွှေကုက္ကိုလ်မြို့မှာ ဒီနေ့ (စက်တင်ဘာ ၂၅) ညနေပိုင်းမှာ ကျင်းပခဲ့တဲ့ ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်အတွင်း ပွဲကြည့်စင်ခေါင်မိုး ပြိုကျခဲ့ရာ ကရင်နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်တစ်ဦးနဲ့ ပြည်သူနှစ်ဦး စုစုပေါင်းသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေကုက္ကိုသတင်းရင်းမြစ်က ပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ်(BGF) ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်မှုးချုပ်စောချစ်သူရဲ့ မြေးဖြစ်သူ မွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ဘောလုံးပြိုင်ပွဲ အကြီးတန်းမှာ ဗိုလ်လုပွဲအဖြစ် စောချစ်သူရဲ့ သားနှစ်ဦးဖြစ်ကြတဲ့ စောထူးအယ်မူးရဲ့ အသင်း ARKU FC နဲ့ စောချစ်ချစ်ရဲ့အသင်း BSO FC တို့ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။

ဒီနှစ်သင်း ဗိုလ်လုပွဲယှဉ်ပြိုင်ကစားခဲ့ရာမှာ ရွှေကုက္ကိုလ်မြို့ ဘောပွဲကြည့်ပရိတ်သတ်တွေ ကွင်းလုံးပြည့် လာရောက်အားပေး ကြည့်ရှုခဲ့ကြပြီး နေရာမဆံ့တော့တဲ့အတွက် ဘောပွဲပရိတ်သတ်တွေဟာ ပွဲကြည့်စင်ခေါင်မိုးပေါ်မှာ တက်ရောက်ကြည့်ရှုခဲ့ရာ ခေါင်မိုးပြိုကျသွားခဲ့တာလို့ သွားရောက်ကြည့်ရှုသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘောလုံးပွဲကြည့်စင် ခေါင်မိုးပြိုကျသွားခဲ့တာကြောင့် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေထဲမှာ ကရင်နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်တစ်ဦး ပါဝင်တယ်လို့ ပြောပါတယ်။

“အောက်မှာ နေရာမဆံ့တော့ ခေါင်မိုးပေါ်တက်ကြည့်ကြတာပေါ့၊ ခေါင်မိုးက သွပ်ပြားပဲလေ ပြိုကျသွားတာပေါ့၊ ထိခိုက်ဒဏ်ရာရတာက သုံး ယောက်၊ BGF တစ်ယောက်ပါတယ်” လို့ သွားရောက်ကြည့်ရူသူတစ်ဦးက ပြောပါတယ်။

အဲဒီ ဗိုလ်လုပွဲစဉ်မှာ ပြည်တွင်းလိဂ်က နာမည်ကြီးကစားသမားတချို့နဲ့ နိုင်ငံခြားသားကစားသမားတချို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အကြီးတန်းဗိုလ်လုပွဲမှာ ပထမဆုအဖြစ် ဗိုလ်မှုးချုပ်စောချစ်သူက ငွေကျပ် သိန်းနှစ်ထောင် ချီးမြှင့်ခဲ့ပါတယ်။

မြေးဖြစ်သူ တစ်နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကရင်နယ်ခြားစောင့်တပ်(BGF) ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်မှူးချုပ်စောချစ်သူက ဘောလုံးပြိုင်ပွဲအပြင် ခြင်းလုံး၊ ဘော်လီဘော၊ ဘက်စကက်ဘော စတဲ့ အားကစားပြိုင်ပွဲတွေအပြင် ဇာတ်ပွဲတွေကိုပါ ထည့်သွင်းကျင်းပစေခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလားမှာချန်ပီယံဆုအတွက်ရေပန်းအစားဆုံဟဲဗီးဝိတ်အသင်းတစ်သင်းဖြစ်တဲ့စပိန်ကိုသရေကစားခဲ့တဲ့လူသစ်တန်းနိုင်ငံငယ်လေးကိပ်ဗာဒီကသရေကစားခဲ့တဲ့နောက်အဲဒီပွဲမှာသူရဲကောင်းဖြစ်ခဲ့သူဂိုးသမားဗိုဇင်ဟာရဲ့ Instagram အကောင့်မှာfollowerအရေအတွက်ကသန်းနဲ့ချီရုတ်တ ရက်တိုးပွားလာခဲ့ပါတယ်။

သတင်း

ကျားဖြန့် လုပ်ငန်းတွေကြောင့် နာမည်ဆိုးထွက်နေတဲ့ ရွှေကုက္ကိုမြို့သစ်ကို ထိန်းချုပ်ထားသူ ကရင့်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ တစ်ယောက် လူမြင်ကွင်းကနေ တစ်လနီးပါးကြာ ပျောက်ကွယ်နေရာကနေ ဒီဇင်ဘာလ ၃ ရက် မနက်ပိုင်းမှာ ပြန်ထွက်လာပါတယ်။

သတင်း

မြန်မာ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းမှာ အခြေစိုက် လုပ်ငန်းလည်ပတ်နေတဲ့ ဆိုက်ဘာ ရာဇဝတ် ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကို ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို အမေရိကန်က ကြေညာခဲ့ပါတယ်။

သတင်း

အမေရိကန် အစိုးရက ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ သားနှစ်ယောက်ကို ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှု အသစ်တွေကိုချမှတ်လိုက်ပါတယ်။