Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမှာ ရွာတွေကိုစစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ရပ်မိရပ်ဖတွေ လိုက်ရွေးပေးနေ

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲမှာ ရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးတာနဲ့ ဝင်ရောက်တပ်စွဲတာတွေလုပ်နေတဲ့ စစ်ကောင်စီတပ်တွေက ရပ်ရွာအလိုက်ရပ်မိရပ်ဖရွေးချယ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

စင်တင်ဘာ-၂၅၊ ၂၀၂၅။ ဘမောင်/People’s Spring

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲမှာ ရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးတာနဲ့ ဝင်ရောက်တပ်စွဲတာတွေလုပ်နေတဲ့ စစ်ကောင်စီတပ်တွေက ရပ်ရွာအလိုက်ရပ်မိရပ်ဖရွေးချယ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

အခုရက်ပိုင်း သရက်ချောင်းနယ်၊ ရန်တောင်ရွာဘက်ကို ရောက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်တွေဟာ အဲဒီရွာမှာ ဒေသခံတွေနဲ့ တွေ့ဆုံကာ အစည်းအဝေးလုပ်၍ ရပ်မိရပ်ဖအဖြစ် ရွာခံငါးဦးကို ရွေးချယ်ပေးခဲ့ပြီး သူတို့ရှိနေချိန် PDF တွေလာပစ်ရင် တရွာလုံးကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်သွားတယ်လို့ သိရပါတယ်။

“(တပ်စွဲတာ)ပုံသေတော့ မဖြစ်သေးဘူးဗျ။ ခဏတပ်စွဲပြီး အစည်းဝေးလုပ်သွားတာတော့ရှိတယ်။ အစည်းဝေးက ရပ်မိရပ်ဖ ၅ ဦးရွေးပေးခဲ့တယ်ပြောတယ်။ သူတို့က ရွေးကောက်ပွဲလုပ် ငန်းစဉ်အတွက် အကောင်ထည်ဖော်ချင်တာထင်တယ်”လို့ ဒေသအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ ဒီကနေ့ (စက်တင်ဘာ ၂၅)မှာတော့ ရန်တောင်ရွာကတဆင့် သင်းကျွန်းရွာသို့ အင်အားတချို့ခွဲသွားတာရှိသလို သရက်နှစ်ခွကနေ ဥတ္တူရွာဘက်ကိုလည်း အင်အားတချို့ ခွဲသွားကြတယ်လို့ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၁၈ ရက်နေ့မနက်ပိုင်းမှာ ထားဝယ်ခရိုင်၊ ထားဝယ်မြို့သို့သွားရောက်ခဲ့ပြီး မြို့နယ်ခန်းမအသစ်ဖွင့်ပွဲသို့တက်ရောက်ခဲ့သလို လောကမာရဇိန်ဘုရားကြီးသို့လည်း သွားရောက်ခဲ့ပါတယ်။

မင်းအောင်လှိုင်ရဲ့ အဲဒီထားဝယ်ခရီးစဥ်ဟာ လာမယ့် ဒီဇင်ဘာမှာပြုလုပ်မယ်လို့ကြေညာထားတဲ့ စစ်အုပ်စုရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းတဲ့ ခရီးစဥ်တခုဖြစ်နိုင်တယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက သုံးသပ်ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်ကို စစ်တပ် စစ်ကြောင်းထိုးကာ ငါးလုံးတင်ရွာနဲ့ ဆင်မြေကျေးရွာက ပစ္စည်းတွေသယ်ယူကာ နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်က ကျေးရွာတွေ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

မန္တလေးတိုင်း ၊ကျောက်ပန်းတောင်းမြို့နယ်ထဲက အင်ပင်ကြီးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ပြီးနောက် သတ်ဖြတ်ခံထားရတဲ့ ပြည်သူ ငါးဦးရဲ့ ရုပ်အလောင်းတွေကို ရွာပြင်မှာစွန့်ပစ်ထားခဲ့တယ်လို့ နယ်ခံသတင်းရင်းမြစ်က ပြောပါတယ်။