Connect with us

Hi, what are you looking for?

Latest News

သတင်း

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) ဌာနချုပ်နယ်မြေကို စစ်ကောင်စီက ယနေ့ (ဇူလိုင် ၂၆ရက်)လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PNLO/PNLA တာဝန်ရှိသူများက ပြောသည်။

သတင်း

မန္တလေးမြို့အနီးက မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်မှာ သိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီအထိုင်စခန်းတွေကိုပြန်ရဖို့ စစ်တပ်က အင်အားအများအပြားနဲ့ ပြန်ထိုးစစ်ဆင်နေပြီး ဝသုန္ဒရ ကျေးရွာအတွင်း မှာ ဇူလိုင် ၂၅ ရင်ကတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဒေသခံ အချို့က​ပြောပါတယ်။

ဆောင်းပါး

စစ်​ကောင်စီက နောင်ချိုမြို့ကိုထိန်းချုပ်ပြီး ငါးရက်အကြာမှာ အာဏာသိမ်းဒုတိယ​ခေါင်း​ဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ​နောင်ချိုကို အရာတစ်ခုသယ်လာပါတယ်။ သူသယ်လာတာက ​အောင်​ဇေယျ စစ်ဆင်​ရေး ဆိုတဲ့အမည်ဖြစ်ပါတယ်။

ကဗျာ

ဂျော့လင်းညို လမ်းထိပ်နတ်စင်က ရောင်စုံပန်းတွေမြင်တော့နင့်ကို သတိရမိသေးတယ် ဟေမာ……အသက်ရှိတဲ့ပန်းလေးတွေကိုအသက်မဲ့တဲ့နတ်ရုပ်ကြီးအတွက် ယဇ်ပူဇော်ရတာမတန်ကြောင်း…အကိုးအကားပေါင်းစုံနဲ့ နင်ရှင်းပြသလိုပေါ့……ငါနေတဲ့အရပ်မှာ အသက်ရှိတဲ့ပန်းလေးတွေပေါတယ် ဟေမာနင်ပြောခဲ့သလိုပဲ…မမြင်ရတဲ့အရာကြီးအတွက် မျက်စိစုံမှိတ်ပြီိးအသက်ပေးနေရတုန်း……တစ်ခုလိုချင်ရင် တစ်ခုပေးရတဲ့ နိယာမဟာအခုထိမှန်ကန်နေတုန်းပဲ…မဝေဆာနိုင်တော့တဲ့ ကံ့ကော်တွေ…မာနကို ခဝါချခဲ့ရတဲ့ နှင်းဆီတွေနဲ့…ဒီဥယျာဉ်ကြီးကို ငါစိတ်နာနေပြီ……အလဲအထပ်ခပ်ကြမ်းကြမ်းကို ကြိုက်တဲ့ကံကြမ္မာကတော့ မျက်လှည့်ဆရာကြီးပေါ့မထင်မှတ်ထားတာတွေကို ဦးထုပ်အနက်ထဲကနေတစ်ခါတစ်ခါဆွဲထုတ်ပြသေးတယ်……တစ်ခါတစ်ခါ ချိုင်းထောက်လေးထွက်လာတယ် ဟေမာ…တစ်ခါတစ်ခါ လွယ်အိတ်အစုတ်လေးဘေးမှာ ထမင်းချိုင့်နဲ့…တစ်ခါတစ်ခါ အော်ညည်းသံတွေပါ...

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့က ရွှေလိပ်ပြာဟိုတယ် လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။