Connect with us

Hi, what are you looking for?

သတင်း

ပအိုဝ်းတပ် PNLOဌာနချုပ်နယ်မြေကို စစ်ကောင်စီ လေကြောင်းမှ ဗုံးထပ်ကြဲ

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) ဌာနချုပ်နယ်မြေကို စစ်ကောင်စီက ယနေ့ (ဇူလိုင် ၂၆ရက်)လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PNLO/PNLA တာဝန်ရှိသူများက ပြောသည်။

ပအိုဝ်းတပ် PNLOဌာနချုပ်နယ်မြေ တနေရာကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲအပြီးတွေ့ရစဉ်။ ဓာတ်ပုံ - PNLA

ဇူလိုင်-၂၆၊၂၀၂၅။ထားမြတ်/People’s Spring

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) ဌာနချုပ်နယ်မြေကို စစ်ကောင်စီက ယနေ့ (ဇူလိုင် ၂၆ရက်)လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PNLO/PNLA တာဝန်ရှိသူများက ပြောသည်။

ဇူလိုင် ၂၆ရက် မွန်းလွဲ ၃နာရီခွဲကျော်တွင် တိုက်လေယာဉ် ၂စီးဖြင့် ဗုံးလာကြဲခြင်းဖြစ်သည်ဟု PNLO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

“အထိအခိုက်တွေတော့မရှိဘူး။အဲဒီအချိန်မှာပဲ ဆီဆိုင်မြို့အရှေ့တောင်ဘက် စလောင်းထောင်ရွာ ပတ်ဝန်းကျင်လည်း လာကြဲတာရှိတယ်။ အဲဒီ မှာတော့ ထိခိုက်မှုရှိမရှိတော့ အသေးစိတ် မသိရသေးဘူး။ မြေပြင်က နေ ပို့တဲ့သတင်းကတော့ အဲဒီလိုမျိုးရပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

Public Service Announcement

Public Service Announcement

PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကလည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးလည်း ပါဝင်ကြောင်း ပြောသည်။

“ကွဲတဲ့အလုံးလည်းရှိတယ်။ မကွဲတဲ့အလုံးလည်းရှိတယ်။လူထိခိုက်မှုတော့ မရှိဘူး။ အဆောက်အဦးထိခိုက်မှုတော့ရှိပါတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

စစ်ရေးလှုပ်ရှားမှုမရှိသည့် အခြေအနေနှင့် စစ်ရေးပစ်မှတ်မဟုတ်ဘဲ ကျေးရွာများကို စစ်ကောင်စီက တမင် လာရောက် ဗုံးကြဲခဲ့ဟု ၎င်းက ဆိုသည်။

“သူတို့ တမင်သပ်သပ်လေယာဉ်နဲ့ဗုံးကြဲတာ။ ဒါပထမ အခေါက်မဟုတ်ပါဘူး။ အရင်တုန်းကလည်း ကြဲဖူးတယ်။ ပြောရရင်တော့ တော်တော်ကို အောက်တန်းကျတဲ့လုပ်ရပ်လို့ပြောမယ်။ ပြည်သူလူထုတွေနေတဲ့နေရာတွေ ကျေးရွာဝန်းကျင်ကိုပါ ဗုံးကြဲတယ်ဆိုတော့လေ။ ပြောရရင် လူထုကို လေကြောင်းနဲ့ တိုက်ခိုက်တယ်လို့လည်း ပြောလို့ရပါတယ်”ဟု ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီသည် ၂၀၂၅ ဧပြီ ၂၂ ရက်ကလည်း တိုက်ပွဲမရှိဘဲ PNLO ဌာနချုပ် ဧရိယာရှိ ကျေးရွာများနှင့် နောင်ထောင်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook