Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့မှာတက္ကဆီယာဉ်မောင်းရေသန့်ဘူးဆင်းဝယ်ချိန်လူ၂ဦးကကား​မောင်း​ပြေး

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ အငှားယာဉ်(Taxi)မောင်းသမား ရေသန့်ဘူးဆင်းဝယ်ချိန် လူ ၂ ဦးကကားကိုမောင်းပြေးသွားတယ်လို့ အဆိုပါယာဉ်မောင်းသမားကိုမျိုးမင်းကလူမှုကွန်ရက်ကနေအကူအညီတောင်းထားပါတယ်။

ဇူလိုင်-၁၇၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ အငှားယာဉ်(Taxi)မောင်းသမား ရေသန့်ဘူးဆင်းဝယ်ချိန် လူ ၂ ဦးကကားကိုမောင်းပြေးသွားတယ်လို့ အဆိုပါယာဉ်မောင်းသမားကိုမျိုးမင်းကလူမှုကွန်ရက်ကနေအကူအညီတောင်းထားပါတယ်။

“တာမွေယာယီစျေးရှေ့ City Expressတွင် ကျနော့ရဲ့ယာဥ်မောင်းမှ ရေသန့်ဘူးဆင်းဝယ်ချိန်လမ်းဘေးမှလူနှစ်ဦးကကားကိုလုယူသွားပါသဖြင့်ထိုယာဥ်အားတွေ့ရှိပါကကျနော့်ထံသို့ဆက်သွယ်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်” လို့ ကိုမျိုးမင်းက ရေးသားထားပါတယ်။

ဇူလိုင် ၁၆ ရက် ည ၁ နာရီမှာ လုယူခံခဲ့ရတာဖြစ်ပြီးလုယူခံခဲ့ရတဲ့ယာဉ်ကToyota Caldinaကြက်တူရွေးအမျိုးအစားအငှားယာဉ်အမှတ် BB/7416 ဖြစ်တယ်လို့အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ပျောက်သွားတဲ့ကားကိုဇူလိုင် ၁၇ ရက်ညပိုင်းက ရွှေဂုံတိုင်တံတားနားမှာ တွေ့တယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးတင်ထားပါတယ်။ကားကို​မောင်းမရ​တော့တဲ့အတွက် ကားလု​မောင်း​ပြေးသူ​တွေက ထားခဲ့တယ်လို့သူက​ရေးသားထား​ပေမယ့် လူထုနွေဦးအနေနဲ့ သီးသန့်အတည်မပြုနိုင်ပါဘူး။

စစ်တပ်အာဏာသိမ်းကာလကြာမြင့်လာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေသလို ခိုးဆိုးလုယက်တွေလည်း ပေါများလာတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

အာဏာသိမ်းစစ်တပ်အနေနဲ့ ပွဲလမ်းသဘင်ကျင်းပတာတွေ ၊ စစ်မှုထမ်းအတွက် မတရားဖမ်းဆီးတာတွေကိုသာ ‌အင်တိုက်အားတိုက် လုပ်ဆောင်နေကြပေမယ့်ပြည်သူတွေရဲ့ လုံခြုံမှုကိုတော့ လျစ်လျူရှုထားဆဲလို့ ပြည်သူတွေက ထောက်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။