Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့မှာတက္ကဆီယာဉ်မောင်းရေသန့်ဘူးဆင်းဝယ်ချိန်လူ၂ဦးကကား​မောင်း​ပြေး

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ အငှားယာဉ်(Taxi)မောင်းသမား ရေသန့်ဘူးဆင်းဝယ်ချိန် လူ ၂ ဦးကကားကိုမောင်းပြေးသွားတယ်လို့ အဆိုပါယာဉ်မောင်းသမားကိုမျိုးမင်းကလူမှုကွန်ရက်ကနေအကူအညီတောင်းထားပါတယ်။

ဇူလိုင်-၁၇၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ အငှားယာဉ်(Taxi)မောင်းသမား ရေသန့်ဘူးဆင်းဝယ်ချိန် လူ ၂ ဦးကကားကိုမောင်းပြေးသွားတယ်လို့ အဆိုပါယာဉ်မောင်းသမားကိုမျိုးမင်းကလူမှုကွန်ရက်ကနေအကူအညီတောင်းထားပါတယ်။

“တာမွေယာယီစျေးရှေ့ City Expressတွင် ကျနော့ရဲ့ယာဥ်မောင်းမှ ရေသန့်ဘူးဆင်းဝယ်ချိန်လမ်းဘေးမှလူနှစ်ဦးကကားကိုလုယူသွားပါသဖြင့်ထိုယာဥ်အားတွေ့ရှိပါကကျနော့်ထံသို့ဆက်သွယ်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်” လို့ ကိုမျိုးမင်းက ရေးသားထားပါတယ်။

ဇူလိုင် ၁၆ ရက် ည ၁ နာရီမှာ လုယူခံခဲ့ရတာဖြစ်ပြီးလုယူခံခဲ့ရတဲ့ယာဉ်ကToyota Caldinaကြက်တူရွေးအမျိုးအစားအငှားယာဉ်အမှတ် BB/7416 ဖြစ်တယ်လို့အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ပျောက်သွားတဲ့ကားကိုဇူလိုင် ၁၇ ရက်ညပိုင်းက ရွှေဂုံတိုင်တံတားနားမှာ တွေ့တယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးတင်ထားပါတယ်။ကားကို​မောင်းမရ​တော့တဲ့အတွက် ကားလု​မောင်း​ပြေးသူ​တွေက ထားခဲ့တယ်လို့သူက​ရေးသားထား​ပေမယ့် လူထုနွေဦးအနေနဲ့ သီးသန့်အတည်မပြုနိုင်ပါဘူး။

စစ်တပ်အာဏာသိမ်းကာလကြာမြင့်လာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေသလို ခိုးဆိုးလုယက်တွေလည်း ပေါများလာတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

အာဏာသိမ်းစစ်တပ်အနေနဲ့ ပွဲလမ်းသဘင်ကျင်းပတာတွေ ၊ စစ်မှုထမ်းအတွက် မတရားဖမ်းဆီးတာတွေကိုသာ ‌အင်တိုက်အားတိုက် လုပ်ဆောင်နေကြပေမယ့်ပြည်သူတွေရဲ့ လုံခြုံမှုကိုတော့ လျစ်လျူရှုထားဆဲလို့ ပြည်သူတွေက ထောက်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပျောက်ဆုံးသူတွေ့ရင် ဆက်သွယ်ပေးဖို့ မိသားစုအကူအညီတောင်း

သတင်း

ရန်ကုန်မြို့၊မင်္ဂလာတောင်ညွှန့်မြို့နယ်က စတိုးဆိုင်မှာ ဝင်ခိုးတဲ့သူတွေကအိမ်ရှင်တွေကို တိုက်ခိုက်ခဲ့တာ‌ ‌ကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး သက်ကြီးပိုင်းအမျိုးသမီး တစ်ဦး ဒဏ်ရာရကာ အရေးပေါ်အခြေအနေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်

Facebook