Connect with us

Hi, what are you looking for?

ကဗျာ

‘ပန်းရှိုက်သံ’

◼️ဂျော့လင်းညို

လမ်းထိပ်နတ်စင်က ရောင်စုံပန်းတွေမြင်တော့
နင့်ကို သတိရမိသေးတယ် ဟေမာ…
…
အသက်ရှိတဲ့ပန်းလေးတွေကို
အသက်မဲ့တဲ့နတ်ရုပ်ကြီးအတွက် ယဇ်ပူဇော်ရတာ
မတန်ကြောင်း…
အကိုးအကားပေါင်းစုံနဲ့ နင်ရှင်းပြသလိုပေါ့…
…
ငါနေတဲ့အရပ်မှာ အသက်ရှိတဲ့ပန်းလေးတွေပေါတယ် ဟေမာ
နင်ပြောခဲ့သလိုပဲ…
မမြင်ရတဲ့အရာကြီးအတွက် မျက်စိစုံမှိတ်ပြီိး
အသက်ပေးနေရတုန်း…
…
တစ်ခုလိုချင်ရင် တစ်ခုပေးရတဲ့ နိယာမဟာ
အခုထိမှန်ကန်နေတုန်းပဲ…
မဝေဆာနိုင်တော့တဲ့ ကံ့ကော်တွေ…
မာနကို ခဝါချခဲ့ရတဲ့ နှင်းဆီတွေနဲ့…
ဒီဥယျာဉ်ကြီးကို ငါစိတ်နာနေပြီ…
…
အလဲအထပ်ခပ်ကြမ်းကြမ်းကို ကြိုက်တဲ့
ကံကြမ္မာကတော့ မျက်လှည့်ဆရာကြီးပေါ့
မထင်မှတ်ထားတာတွေကို ဦးထုပ်အနက်ထဲကနေ
တစ်ခါတစ်ခါဆွဲထုတ်ပြသေးတယ်…
…
တစ်ခါတစ်ခါ ချိုင်းထောက်လေးထွက်လာတယ် ဟေမာ…
တစ်ခါတစ်ခါ လွယ်အိတ်အစုတ်လေး
ဘေးမှာ ထမင်းချိုင့်နဲ့…
တစ်ခါတစ်ခါ အော်ညည်းသံတွေပါ ပါလာတတ်တယ်…
သောကပင်လယ်ဝေနေတဲ့ ပြည်သူတွေရဲ့
ဒုက္ခမျက်ရည်တွေ…
…
တစ်ခါတစ်ခါလည်း ပရိုမိုးရှင်းအနေနဲ့
ကိုယ်ချစ်သောသူတွေကို တစ်ယောက်ထပ်ပို
ဆုံးရှုံးခွင့်က ရှိသေးတယ်…
…
ဒီဥယျာဉ်က အရိုင်းဆန်တယ် ဟေမာရေ…
မုန်တိုင်းကထန် မိုးကသန်ရတဲ့ကြားထဲ
ပန်းတွေနဲ့ရောပွင့်လာတဲ့ နွယ်အရိုင်းတွေ
အပြိုင်းအရိုင်း ရှင်သန်နေကြသေးတယ်…
…
ငါတို့ဟာ စနစ်ကိုတော်လှန်ရင်း
လမ်းခုလတ်မှာ ပန်းပွင့်တွေကြွေလွင့်ရ…
ကျန်ရှိတဲ့ပန်းတွေဟာလည်း စိတ်အနာတွေနဲ့
ကိုယ်ထူကိုယ်ထ ဖူးပွင့်ရ…
…
ဒီမုန်တိုင်းလွန်ရင်တော့
သဇင်တွေလည်း ပင်မြင့်စံသင့်ပါပြီ…
လီလီပန်းလေးတွေလည်း လွတ်လပ်သင့်ပြီ…
နှင်းဆီလည်း ရဲရဲတောက်ဖူးပွင့်နိုင်ပြီ…
အခုအချိန် မုန်တိုင်းခဏတော့
အားတင်းပြီး ဖူးပွင့်ရမှာပေါ့ ပန်းတွေ…

(တစ်ဦးတစ်ယောက်ကို ရည်ညွှန်းသော နာမ်စားအဖြစ် ဟေမာ ကို ယူသုံးထားပါသည်။ တိုက်ဆိုင်မှုရှိလျှင် ခွင်လွှတ်ပေးကြပါရန်)

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’​​ဂျော့လင်ညို’ ရဲ့ “ပန်းရှိုက်သံ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဝတ္ထုတို

တလမ်းလုံး စကားတခွန်းမှမပြောပဲ မှိုင်လာတဲ့ ကိုလင်း။ အဖွဲ့စည်းကိစ္စတွေ ခေါင်းထဲမရှိ။ သူပြောပြောလာတာ “ငါ ပြန်အဆင်ပြေပါ့မလားကွာ”တဲ့။

ကဗျာ

■ ​နေကြာ (၁)မောင်ရေ…တော်လှန်ရေးသမားတယောက်ရဲ့ခြေထောက်တွေက အသုံးမဝင်ဘူးလို့ဘယ်သူပြောရဲလဲ။အဲ့ဒီခြေထောက်တွေကြောင့်ပဲမောင်ဟာမီးခိုးတွေကြားကနေ အသက်ရှင်ထွက်လာခဲ့တာ။ရွာပျက်တွေကို ဖြတ်ခဲ့တာ။လူတချို့ရဲ့ မျှော်လင့်ချက်ကိုပခုံးပေါ်တင်ပြီး လမ်းလျှောက်ခဲ့တာ။မောင့်ခြေထောက်တွေဟာအိမ်ပြန်လမ်းကို မေ့မထားတဲ့သစ္စာရှိတဲ့ မြစ်နှစ်စင်းလိုပါပဲ။ (၂)မောင်ကစိတ်ညစ်စရာရှိတိုင်းမမနီကို တိုင်ပင်ချင်တယ်ဆိုတော့မမနီလည်း ဒီလိုပါပဲ မောင်။ညဘက်တွေမှာဖုန်းသံလေးတချက်ကို စောင့်ရင်း“ဒီနေ့ သူအဆင်ပြေရဲ့လား” ဆိုတဲ့စိတ်ပူမှုနဲ့ အသက်ရှူနေရတာ။မောင်တို့ခေတ်ကအချစ်တောင် လုံခြုံစွာချစ်ခွင့်မရှိတဲ့ခေတ်မလား။ဒါပေမယ့်မောင်အသက်ရှင်နေသရွေ့မမနီရဲ့ နှလုံးသားထဲမှာအိမ်တလုံးစာ နွေးထွေးမှုတော့အမြဲရှိနေမယ်။ (၃)မောင်ရေ…တနေ့နေ့တော့မှတ်ပုံတင်အစစ်တွေ ပြန်ကိုင်ရမယ့်နေ့လာမယ်။သေနတ်သံတွေ ငြိမ်သွားမယ်။ညမထွက်ရအမိန့်တွေ...

ရသစာတမ်းငယ်

စစ်ရှောင်ခဲ့ကြပြီးသည့်နောက်” ■ ထွင် “သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူသူတစ်ယောက်မှာပျက်လင့်ကာသာဓမ္မတာတည်း” (အနန္တသူရိယ- မျက်ဖြေလင်္ကာ) Public Service Announcement ‘မေ’ လသည် မြန်မာနိုင်ငံတွင် အပူဆုံးလ ဖြစ်သည်။ သင်္ကြန်ရောက်တိုင်း သင်္ကြန်မိုးရုပ်ရှင်ကို ထုတ်လွှင့်ပြသသကဲ့သို့ ‘မေ’ လ ရောက်တိုင်းလည်း ဆရာဝင်းဖေ၏ ‘မေလလယ်’ ဝတ္ထုတိုလေးကို ဖေ့ဘွတ်တွင်...

ကဗျာ

မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်တင်သစ်’​ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူ​တွေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...