Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ကဟိုတယ် ဗုံးကြဲခံရမှု ပြည်သူတစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

မန္တလေးတိုင်း၊မိုးကုတ်မြို့က ရွှေလိပ်ပြာဟိုတယ် လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့က ရွှေလိပ်ပြာဟိုတယ် လေကြောင်းတိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၂၆၊၂၀၂၅၊လူအေး၊မေ/People Spring

မန္တလေးတိုင်း၊မိုးကုတ်မြို့က ရွှေလိပ်ပြာဟိုတယ် လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၂၆ရက် ဒီကနေ့ ညနေ ၅နာရီကျော်မှာ မိုးကုတ်မြို့က ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အလုပ်သမားတွေ ထိခိုက်သေဆုံးခဲ့တာလို့ သိရပါတယ်။

“တခြားရွာကနေ အလုပ်လာလုပ်တဲ့ အမျိုးသားတယောက် ဆုံးတာလို့သိရပါတယ်။ဒဏ်ရာရတာလည်း အလုပ်သမားတွေ များတယ် “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွှေလိပ်ပြန်ဟိုတယ်ဟာ တော်လှန်ရေးအင်အားစုတွေရဲ့ မိုးကုတ်မြို့သိမ်းတိုက်ပွဲအပြီး ပိတ်ထားပြီး တည်းခိုသူမရှိဘူးလို့ ဒေသခံအချို့က ပြောပါတယ်။

” တော်လှန်ရေးဘက်က သိမ်းထားပြီးပိတ်ထားတဲ့နေရာ။ လေကြောင်းက ဟိုတယ်တည့်တည့်ကိုဗုံးကြဲတာ။ အပျက်အစီးအရမ်းများတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနဲ့ ပေါင် (၂၅၀)ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်တာကြောင့်အမျိုးသား တစ်ဦးသေဆုံးပြီးသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်တာ တွေ ဆက်တိုက်လုပ်နေပြီး ဇူလိုင် ၉ ရက်ကလည်း မိုးကုတ်မြို့အရှေ့ပိုင်းက ပန်းမထိပ်ဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကလေးငယ်၂ဦး သေဆုံးခဲ့ပါတယ်။

အလားတူ မတ္တရာမြို့နယ်အရှေ့ခြမ်းကိုလည်း လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပြီး မြကံသာ၊ထန်းပင်ကုန်း၊အယ်ဖာဘိလပ်မြေ စက်ရုံတွေဘက်ကို ဒီနေ့ တနေ့လုံးနီးပါး လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)ထိန်း ချုပ်‌ထားတဲ့ ကျောက်မဲ၊သီပေါနဲ့ မိုးကုတ်မြို့နယ်တို့ကို လေကြောင်းကနေ မကြာခဏ ဗုံးကြဲနေပါတယ်။

ဒီနေ့နေ့လယ်ပိုင်းကလည်း ကျောက်မဲမြို့နယ်က နောင်ပိန်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားတစ်ဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။