Connect with us

Hi, what are you looking for?

သတင်း

မတ္တရာ နဲ့ ပုသိမ်ကြီးမှာတိုက်ပွဲ​တွေဆက်လက်ပြင်းထန်

မန္တလေးမြို့အနီးက မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်မှာ သိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီအထိုင်စခန်းတွေကိုပြန်ရဖို့ စစ်တပ်က အင်အားအများအပြားနဲ့ ပြန်ထိုးစစ်ဆင်နေပြီး ဝသုန္ဒရ ကျေးရွာအတွင်း မှာ ဇူလိုင် ၂၅ ရင်ကတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဒေသခံ အချို့က​ပြောပါတယ်။

PDF များသိမ်းပိုက်ထားတဲ့ ​ကျေရွာ​တွေ /တိုက်ပွဲဖြစ်ပွား​နေတဲ့ ရွာ​တွေ နဲ့စစ်တပ် တပ်စွဲထားတဲ့ရွာ​တွေကို Google Earth မှာ​တွေ့ရပုံ

ဇူလိုင်-၂၆၊၂၀၂၅။မေ/People’s Spring

မန္တလေးမြို့အနီးက မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်မှာ သိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီအထိုင်စခန်းတွေကိုပြန်ရဖို့ စစ်တပ်က အင်အားအများအပြားနဲ့ ပြန်ထိုးစစ်ဆင်နေပြီး ဝသုန္ဒရ ကျေးရွာအတွင်း မှာ ဇူလိုင် ၂၅ ရင်ကတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဒေသခံ အချို့က​ပြောပါတယ်။

မန္တလေးမြို့ နန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကစစ်သား​တွေနဲ့ ပျူ​​ခေါင်း​ဆောင်ပေါက်ကိုယ်တော်ရဲ့ လက်အောက်ခံပျူစောထီးတွေ ၊မြင်းခြံကပျူစောထီးတွေပူးပေါင်းပြီးပြန် ထိုးစစ်ပြန်ဆင်​နေတာပါ ။ မန္တ​လေးမြို့နဲ့ မတ္တရာမြို့ကို အိမ်စီးကား တွေနဲ့ပါအသွားအပြန်လုပ်နေတာလို့ သိရပါတယ်။

“မနေ့က‌ လေကြောင်းအကြိမ် ၅၀ လောက်ကြဲတယ်။မြကံသာ၊အယ်ဖာ၊သရက်ကုန်း ကျေးရွာတွေဘက်ကို ကြဲနေတာ။မြကံသာကို ပြန်ရတယ်လို့ စကစဘက်ကတင် တာက တော့သတင်း အမှားပါ”လို့ ဒေသခံတဦးက ပြောပါတယ်။ ဒါအပြင် စစ်တပ်ကလက်နက်ကြီး​တွေနဲ့ ​နေရာစုံက​နေ ပစ်ခတ်တိုက်ခိုက်​နေတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

မန္တ​လေးမြို့ လပခ နဲ့အကွာအ​ဝေးကို Google Earth မှာ​တွေ့ရပုံ

ဇူလိုင် ၂၅ ရင်မှာPDF ​တွေသိမ်းပိုက်ထားတဲ့ မြကံသာ ရွာနဲ့ နီးတဲ့ ဝသုန္ဒရရွာထဲမှာ စစ်သား​တွေ အင်အား အများအပြားရောက်လာပြီးရွာက ဒေသခံ တွေက တော့ ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။ အဲဒီ​နောက် တိုက်ပွဲ​တွေ အပြင်းအထန်ဖြစ်ပွား​နေတာပါ ။

စစ်တပ်က ဒဟ​တ္တောရွာအပါအဝင်အနီးဝန်းကျင်ကရွာ​တွေမှာ တပ်စွဲပြီး ပြည်သူ​တွေကို နှင်ထုတ်​နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ် ။

တိုက်ပွဲမှာ စစ်​ကောင်စီဘက်က​သေဆုံး ဒဏ်ရာရသူများပြားပြီး ​သေဆုံးသူ​တွေကို ကြာနီကန်ဘက်ကို စည်ပင်ကား​တွေနဲ့သယ်ပြီးတခါတည်း မီးရှို့သဂြိဟ်​​နေတယ်လို့ စုံစမ်းသိရပါတယ် ။ဒဏ်ရာရသူ​တွေကို​​တော့မန္တ​လေးမြို့ဘက်ကိုပြန်သယ်တာပါ။

ဒါ​ကြောင့် မန္တလေးနန်းတွင်း နဲ့ မတ္တရာမြို့နယ်ကားလမ်းတကြောကိုလည်း စစ်တပ်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကား တွေ အသွားအပြန် ဆက်တိုက်လုပ် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တ​လေး(MDY-PDF) နဲ့ မဟာမိတ်တပ်​တွေက ဇူလိုင်၂၀ ရက်နေ့မှာမတ္တရာမြို့နယ် ထန်းပင်ကုန်းရွာနဲ့ ပုသိမ်ကြီးမြို့နယ်က သရက်ကိုင်းနဲ့ မြကန်သာကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့နောက်တန်းအထိုင်စခန်း​တွေအားလုံးကို သိမ်းပိုက်ခဲ့ပါတယ် ။ အဲဒီရာ​တွေဟာ မန္တ​လေးကျုံးအတွင်းက လပခ နဲ့​ ၁၅ မိုင်ဝန်းကျင်ပဲကွာ​ဝေးပါတယ် ။

ဗိုလ်ကြီး၁ဦးအပါအဝင် စစ်သုံ့ပန်း၁၆ဦး ကိုအရှင်ဖမ်းမိခဲ့ပြီး စစ်သားအ​လောင်း ၁၅ ခုရရှိခဲ့ပြီး တရုတ်နိုင်ငံထုတ်လက်နက်ခဲယမ်း​တွေ အပါအဝင်လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ပါတယ် ။ ဇူလိုင် ၂၁ ရက်က​နေ ဇူလိုင် ၂၄ ရက်အတွင်းတိုက်ပွဲ​တွေမှာလည်း စစ်တပ်က ဒုတိယဗျူဟာမှူးလို့ ယူဆရတဲ့ အရာရှိတစ်ဦး အပါအဝင် စစ်သားအ​လောင်း ၇ ​လောင်းနဲ့ လပ်နက်ခဲယမ်း​တွေထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ မန္တ​လေးPDF ကထုတ်ပြန်ထားပါတယ်။

အဆိုပါ စစ်ဆင်ရေးကိုမန္တလေး PDF နဲ့အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့ ၊ မတ္တရာမြို့နယ် ပကဖ ၊SSTF တပ်ဖွဲ့တို့က ပူးတွဲဖော်ဆောင်ခဲ့တာလို့ အသိ​ပေးထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook